Sales Hotline : 09448001653       Download App



Draper House နှင့် LEARN Global Institute တို့မှ သင်ယူမှုစနစ်သစ်များ ဖန်တီးရန် သဘောတူညီ

Draper Startup House (DSH) နှင့် LEARN Global Institute (LGI) တို့သည် မကြာသေးမီက နားလည်မှုစာချွန်လွှာ (MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး LGI ကျောင်းသားများ မတည်ငွေရင်း ထောက်ပံ့မှု (Venture Capital Funding) ရရှိနိုင်မည့် အခွင့်အရေးများနှင့် ပိုမိုကောင်းမွန်သော သင်ကြားမှု အတွေ့အကြုံများအား ပေးသွားမည်ဖြစ်သည်။

အဖွဲ့အစည်းနှစ်ခုလုံးသည် ကျောင်းသားများ၊ ကျွမ်းကျင်သူများ၊ အတွေးအခေါ်ပညာရှင် (Thought Leaders)၊ စွန့်ဦးတီထွင်သူများ နှင့် Startup လုပ်ငန်းများကို အဓိကထား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ‌၎င်းတို့အတွက် အကောင်းဆုံးဖြစ်မည့် ဂေဟစနစ်တစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ ဤပူးပေါင်းမှုမှတဆင့် ငွေကြေးထောက်ပံ့မှုရနိုင်မည့် အခွင့်အရေးများ၊ အသိမိတ်ဆွေတိုးပွားရေးနှင့် ဆန်းသစ်သည့် သင်ယူမှု ပလက်ဖောင်းများ ရရှိနိုင်မည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာလည်းရောက်သည်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

“ဒီနှစ် စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး Manchester Metropolitan University ရဲ့ MSc FinTech ဘွဲ့ကို တက်မယ့် ကျောင်းသား ပထမအသုတ် စိတ်လှုပ်ရှားစရာခရီးစဉ်ဖြစ်တဲ့ အွန်လိုင်း ဘွဲ့လွန်မော်ဂျူးကို စတင်တော့မှာပါ။ LEARN Global Institute နဲ့ Draper House တို့ရဲ့ ပူးပေါင်းမှုကနေ အကောင်းဆုံး သင်ယူမှု အတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့ ကျောင်းသားတွေအတွက် ဖန်တီးပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု LEARN Global Institute ၏ Chief Innovation Officer (ဆန်းသစ်တီထွင်မှုအရာရှိချုပ်) Mr. Edmund Carlos Avila မှပြောကြားခဲ့သည်။

DSH - LGI သဘောတူညီချက်အရ Manchester Met Fintech ပရိုဂရမ်၏ ပထမဆုံး ရှေ့ပြေး အစီအစဉ်တွင် စာရင်းပေးသွင်းထားသည့် LGI ကျောင်းသားများသည် ၎င်းတို့၏ သင်ယူမှုအတွေ့အကြုံကို အကျိုးရှိရှိ အသုံးချနိုင်ရန် အောက်ပါအခွင့်အရေးများလည်းရရှိမည် ဖြစ်သည်။

 

  • LGI မှ ပထမကျောင်းသား (၈) ဦးအတွက် ၂၀၂၀ သြဂုတ်လမှ ဒီဇင်ဘာလ အတွင်း Draper House membership အခမဲ့ အသင်းဝင်ခွင့် 
  • DSH Yangon တွင် တည်းခိုမှုနှင့် အစားအသောက်များအတွက်အထူးလျှော့စျေး
  • နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၈ နာရီအထိ DSH Yangon တွင် အလုပ်လုပ်ကိုင်ရန်နေရာ အခမဲ့သုံးစွဲခွင့်
  • High-speed WIFI အခမဲ့သုံးစွဲခွင့်
  • Skype နှင့်အခြားဖုန်းခေါ်ဆိုမှုများအတွက် တယ်လီဖုန်း booth များအခမဲ့သုံးစွဲခွင့်
  • DSH Ventures ကမ္ဘာလုံးဆိုင်ရာမတည်ငွေရင်းကွန်ယက်ကို ဝင်ရောက် အသုံးပြုခွင့်
  • DHS Yangon တွင် ပွဲကျင်းပခွင့် Voucher ၁ စောင် (လူဦးရေ အယောက် ၂၀ အကန့်အသတ်)
  • တစ်ရက်လျှင် ၁ နာရီ အစည်းအဝေးအခန်း အခမဲ့သုံးစွဲခွင့် (လူဦးရေ ၈ ယောက် အကန့်အသတ်)
  • ကမ္ဘာတဝှမ်းရှိ စွန့်ဦးတီထွင်သူများစုစည်းသော Draper Entrepreneurial Network (DEN) ကို ဝင်ရောက်နိုင်ခွင့်


“LEARN Global Institute ဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးသင်တန်းကျောင်းတွေကို ကိုယ်စားပြုသင်ကြားနေပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အကောင်းဆုံးဆိုတဲ့ သင်ကြားရေးကိုရရှိနိုင်ဖို့ အဓိကလုပ်ဆောင်နေပါတယ်။ Draper Startup House နဲ့ ပူးပေါင်းဆောင်ရွက်တာကြောင့် ကျွန်တော်တို့ကျောင်းသားတွေ တိုးတက်အောင်မြင်ဖို့ အခွင့်အရေးတွေ အများကြီးရလာမှာဖြစ်တဲ့အတွက် DSH Yangon team ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” ဟု Mr. Avila က ပြောကြားခဲ့သည်။

DSH သည် startup လုပ်ကိုင်သူများ၊ ဒီဂျစ်တယ် ကျွမ်းကျင်ရှင်များ၊ တီထွင်ဖန်တီးရှင်များနှင့် စွန့်ဦးတီထွင်သူအသိုင်းအဝိုင်းများ စုစည်း၍ စိတ်ဓာတ်နှိုးဆွခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် လုပ်ငန်းခွင်နေရာများ ကမ်းလှမ်းပေးသည်။ Draper House သည် ကမ္ဘာတစ်ဝန်းရှိ အမေရိက၊ ဥရောပ၊ အာရှတို့၏ အချက်အချာမြို့များဖြစ်သည့် စင်ကာပူ၊ မနီလာ၊ ဘန်ဂလို၊ ဘာလီ၊ ချင်းမိုင်နှင့် ရန်ကုန်မြို့တို့တွင် ပူးတွဲအလုပ်လုပ်နိုင်သည့် နေရာထိုင်ခင်းများ ပိုင်ဆိုင်သည်။ Draper House ၏ ကမ္ဘာလုံးဆိုင်ရာ မတည်ငွေရင်းထောက်ပံ့မှု ကွန်ရက်ဖြစ်သော DSH Ventures သည် စွန့်ဦးတီထွင်သူများ ရန်ပုံငွေပိုမိုရရှိရန် ကူညီခြင်းဖြင့် စွန့်ဦးတီထွင်သူကွန်ယက်ကို ကြီးထွားလာစေရန် မွေးမြူပေးသည်။

LGI သည် UK မှ Triple Crown အသိအမှတ်ပြု ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် Manchester Metropolitan University ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သည်။ ထိုင်းနိုင်ငံအခြေစိုက် Rangsit University International ကိုလည်းကိုယ်စားပြုသည်။ Learn Global Institute  သည် ထင်ရှားသော အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်း (International Finance Corporation)၊ DFID Myanmar၊ ရွှေတောင်ကုမ္ပဏီအုပ်စု၊ Ooredoo၊ ZTE၊ SIM တက္ကသိုလ်၊ Kaplan တက္ကသိုလ်နှင့် ST Logistics တို့နှင့် လက်တွဲဆောင်ရွက်နေသော LEARN Education Group ၏ တွဲဖက် ကုမ္ပဏီဖြစ်သည်။

International Latest Post Local News Read 688 times