Sales Hotline : 09448001653       Download App



အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်များ ကျောင်းသားများထံ ဖြန့်ဝေခြင်းကို ခေတ္တဆိုင်းငံ့ထား

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်များဖြန့်ဝေခြင်းကို ခေတ္တဆိုင်းငံ့ထားရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်းသိရပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ ကျောင်းများတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျောင်းသားများထံလက်မှတ်များ ဖြန့်ဝေ ခြင်းလုပ်ငန်းကို ခေတ္တဆိုင်းငံ့ထားပြီး ကတ်ပြားများကို သက်ဆိုင်ကျောင်းများတွင် စနစ်တကျလုံခြုံစွာ သိမ်းဆည်းထားရန်နှင့် ကျောင်းသားများထံသို့ ဖြန့်ဝေရမည့်ရက်ကို ထပ်မံအသိပေးမည် ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနကထုတ်ပြန်ထားသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာ မေးပွဲကို အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း၊ ဘုန်း တော်ကြီးသင်ပညာရေးကျောင်း များမှ ကျောင်းတွင်းဖြေဆိုသူများအဖြစ် ဝင်ရောက်ဖြေဆိုခဲ့သူများအတွက် အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်များကို အခြေခံပညာဦးစီးဌာနက သြဂုတ်နောက်ဆုံးပတ်တွင် ကျောင်းများသို့ ဖြန့်ဝေထားကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးမှ ဒုတိယမြို့နယ် ပညာရေးမှူးတစ်ဦးက ‘‘အရင်ကတည်းကတော့ ကျောင်းသားတွေကို ပေးမယ့်ရက်ကို ထပ်ညွှန်ကြားမယ်လို့ ပြောပြီးသား။ ကျောင်းတွေကို တော့ ရောက်နေပြီပေါ့။ ကျောင်း တွေကလည်း လက်မှတ်ထဲဖြည့် ရမယ့်အချက်တွေ အကုန်အသင့် ဖြစ်ပြီ။ COVID-19 ကြောင့် ကျောင်းသားတွေ လာထုတ်ရင် လူစုလူဝေးဖြစ်မှာစိုးလို့ မထုတ် ပေးသေးဖို့ ထပ်အသိပေးတာ’’ဟု ရှင်းပြသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူ များအား စာမေးပွဲအောင်မြင်သူ များအပြင် ကျရှုံးသူများကိုပါ စံ သတ်မှတ်ချက်နှင့် ကိုက်ညီပါက အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ပေးရန် ပညာရေးဝန်ကြီး ဌာနကစီစဉ်ထားသည်။

ကျောင်းခေါ်ကြိမ် ပြည့်မီ ခြင်း၊ ပညာရည် စစ်ဆေးအကဲ ဖြတ်ခြင်း၊ ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့်သတ်မှတ် ခြင်း၊ စာပေအနုပညာလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်မှု၊ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုရေးပြစ်ချက်ကင်း၍ ကျောင်း စည်းကမ်းလိုက်နာခြင်း၊ အား ကစားနှင့် ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ကျောင်းကောင် စီအသင်းအဖွဲ့များနှင့် လူမှုရေးအ သင်းများတွင် ပါဝင်ဆောင်ရွက် ခြင်းတို့ကို စံသတ်မှတ်ချက်ခုနစ် ချက်အဖြစ် သတ်မှတ်ထားသည်။

ကျောင်းသား၊ ကျောင်းသူ များ စံသတ်မှတ်ချက်နှင့်ညီ၊ မညီ ကို စိစစ်ရန် အခြေခံပညာအထက် တန်းကျောင်းတိုင်း၌ ကျောင်းအုပ် ကြီးဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ကျောင်းတွင်း အရည်အသွေးအာ မခံသော စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ မ အောင်မြင်သည့် ၇၀ ရာခိုင်နှုန်း သော ကျောင်းသားအများစုသည် ၁၁ နှစ်တာ ပညာသင်ယူခဲ့သော် လည်း အသိအမှတ်ပြုလက်မှတ် မရဘဲ ကျောင်းထွက်သွားရခြင်း မျိုး မရှိစေရန် အခြေခံပညာ အ ထက်တန်းဆင့် ပြီးမြောက် ကြောင်း လက်မှတ်ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ခြင်းဖြစ်သည်။

အထက်တန်းဆင့် ပြီး မြောက်ကြောင်း လက်မှတ်ကို ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုသူများအား စတင် ပေးအပ်ခြင်းဖြစ်သည်။

Source: 7Day News

Latest Post News Read 1163 times