၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ်နှင့်အထက် အဝေးသင် သင်တန်းများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေး ကြေညာထားပါသည်။
သက်ဆိုင်ရာဌာန၏ ပထမတစ်ခါ ထုတ်ပြန်ချက်မှာ ပထမနှစ် အဝေးသင် သင်တန်းကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အထိ နောက်ဆုံးထား လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။
သို့သော် ယခုအခါ ပထမနှစ် အဝေးသင်သင်တန်းသားများအနေဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို လာမည့် ဧပြီလ (၃၀) ရက်အထိ ဆောင်ရွက်နိုင်ကြောင်း ရက်တိုးသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
ထို့အတူ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်မှ မေလ (၁၇) ရက်အထိ နောက်ဆုံးထား၍ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် လျှောက်ထားနိုင်ကြောင်း သိရပါသည်။
ကျောင်းလျှောက်ရာတွင် လိုအပ်သော စာရွက်စာတမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- တက္ကသိုလ်ဝင်တန်းအောက်လက်မှတ် (မူရင်း/ မိတ္တူ)
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)
- မိဘနှစ်ပါး၏ နိင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)
- အိမ်ထောင်စုဇယား မိတ္တူ
- ရပ်ကွက်ထောက်ခံစာ
- ရဲစခန်းထောက်ခံစာ
- Passport အရွယ်ဓာတ်ပုံ (၈) ပုံ
ဒုတိယနှစ်နှင့်အထက် သင်တန်းသားများအတွက် ကျောင်းအပ်သည့်အခါ ကျောင်းသားကတ်ယူဆောင်သွားရန် လိုအပ်ပါသည်။
Source