၂၀၂၆ ပညာသင်နှစ် အဝေးသင် သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်း

၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၉-၁၂-၂၀၂၅ ရက်နေ့မှ ၃၁-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၄-၂-၂၀၂၆ ရက်နေ့အထိလည်းကောင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်များအတွက် ပထမနှစ်မှစ၍ နောက်ဆုံးနှစ်အထိ သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အဝေးသင် ပထမအသုတ် (သိပ္ပံအထူးပြုဘာသာရပ်များအားလုံး)

သင်တန်းကာလ (ပထမနှစ်) - ၁၀.၁.၂၀၂၆ မှ ၂.၈.၂၀၂၆ အထိ။ (သင်ကြားချိန် ၂၉ ရက်)

သင်တန်းကာလ (ဒုတိယနှစ်နှင့်အထက်) - ၂၁-၂-၂၀၂၆ မှ ၂၃-၈-၂၀၂၆ အထိ။ (သင်ကြားချိန် ၂၆ ရက်)

ကိုယ်ပိုင်စာကြည့်ချိန် - ၂၄.၈.၂၀၂၆ မှ ၃၀.၉.၂၀၂၆ အထိ။ 

စာမေးပွဲကာလ - ၁.၁၀.၂၀၂၆ မှ ၇.၁၀.၂၀၂၆ အထိ။ (စနေအပါ ဖြေဆိုရမည်)

အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုများ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၉-၁၀-၂၀၂၆ မှ ၁၈-၁၀-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)

ကိုယ်ပိုင်စာကြည့်ချိန် - ၁၉.၁၀.၂၀၂၆ မှ ၂၁.၁၀.၂၀၂၆ အထိ

စာမေးပွဲကာလ - ၂၂.၁၀.၂၀၂၆ မှ ၃၀.၁၀.၂၀၂၆ အထိ။ (စနေအပါ၊ သီတင်းကျွတ်ပိတ်ရက်မပါ ဖြေဆိုရမည်)

အဝေးသင် တတိယအသုတ် (ဝိဇ္ဇာအထူးပြုများ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၂-၁၁-၂၀၂၆ မှ ၁၁-၁၁-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)

ကိုယ်ပိုင်စာကြည့်ချိန် - ၁၂.၁၁.၂၀၂၆ မှ ၁၅.၁၁.၂၀၂၆ အထိ

စာမေးပွဲကာလ - ၁၆.၁၁.၂၀၂၆ မှ ၂၅.၁၁.၂၀၂၆ အထိ။ (စနေအပါ၊ တန်ဆောင်မုန်းပိတ်ရက်မပါ ဖြေဆိုရမည်)

ဆက်သွယ်စုံစမ်းရန် - အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၇၅၃၇၆၇၇၊ ၀၁ ၇၅၂၅၆၁၂၊ ၀၁ ၇၅၀၃၁၄၇။

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 13455 times