Sales Hotline : 09448001653       Download App



အဝေးသင်ပညာရေးဆိုင်ရာ အမေးအဖြေများ

မေး။ ။ အဝေးသင်မှာ Qualified ဝင်ခွင့်ပေးလား...?

ဖြေ။ ။အဝေးသင်မှာ နောက်ဆုံးနှစ်အတန်း မှာ သတ်မှတ်အရည်အချင်းပြည့်မီသူများကို Qualified ပေးပါတယ်။

မေး။ ။Qualified အမှတ်ကို ဘယ်ကယူတာလဲ..?

​​ဖြေ။ ။Qualified အမှတ်ကို နောက်ဆုံးနှစ် အမှတ်ကိုပဲယူပါတယ်။

​​မေး။ ။Qualified အမှတ်မှာသတ်မှတ်ချက်တွေရှိလား?

​ဖြေ။ ။ ရှိပါတယ်။ Qualified က အနည်းဆုံး ဘာသာရပ် ငါးခုမှာ Over 75 ကျော်သူများကိုသာ ပေးပါတယ်။

​မေး။ ။ Qualified ဝင်ရင်ဘယ်လိုဆက်တတ်ရမှာလဲ..?

ဖြေ။ ။ Qualified ပါလျှင် နေ့သင်တန်းမှာ Qualified နှစ်နှစ် နှင့် Master Qualified တစ်နှစ် ဆိုပြီး စုစုပေါင်း သုံးနှစ်ထပ်မံတက်ရောက် ပညာသင်ယူခွင့်ရပါမယ်။ Q ဝင်ဖို့ကတော့ အတော်လေးကို ကြိုးစားရပါ့မယ်။

​​မေး။ ။ BSC သမားတွေ ဘယ်လိုအရည်ချင်းရှိရင် Qualified ဝင်နိူင်မလဲ?

ဖြေ။ ။ BSc သမားတွေအနေနဲ့ကတော့ Praticial အပြည့်တက်ရမယ်။ Laboratory ရှိရမယ်။ Old questions တွေလေ့လာရမယ်။ Text book and study guide တွေလေ့လာရမယ်။ စာမေးပွဲမှာ စေ့စပ်သေချာရပါမယ်။ ကိုယ်ပိုင်ဟန်တွေ တတ်နိုင်သလောက်ဖြစ်ရမယ်။

မေး။ ။ BA သမားတွေက ဘယ်လိုကြိုးစားရမလဲ?

ဖြေ ။​ ။ BA သမားတွေအနေနဲ့ကျ Assingnment တွေ ကြည့်ရမယ်။ Assingnment ဆိုတာက စာမေးပွဲမှာ ပါရင်လဲပါမယ် ။ မပါရင်လဲမပါဘူး ။ အခုနောက်ပိုင်း Assingnment အပုဒ်တွေ သိပ်မပါလာတော့ဘူး။ Old question တွေလေ့လာရမယ်။ study guideကို လေ့လာရမယ်။ ကိုယ်ပိုင်ဟန်အရေးအသားတွေ ဖြစ်နေရမယ်။

မေး။ ။ ဘယ်ဘာသာတွေက ပိုအရေးကြီးလဲ။ပိုခက်ခဲလဲ?

ဖြေ ။​ ။ အထူးသဖြင့် အင်္ဂလိပ်စာ အထူးပြူများနှင့် မြန်မာအထူးပြုတွေက ပိုခက်ခဲပါတယ်။ ဒီမေဂျာတွေက စစ်တာပိုတိကျတယ်။ အသုံးအနှုန်းတွေ သူ့နေရာနှင့်သူ အထားအသို မှန်ရမည်။ မြန်မာစာတွက်လည်း စာလုံးပေါင်းသတ်ပုံ ပုဒ်ဖြတ် ပုဒ်ရပ် ပုဒ်ထီး ပုဒ်မ စသည့်ဖြင့် သေသေသပ်သပ် ကျကျနန ဖြစ်နေရမည်ဖြစ်သည်။

မေး။ ။ ဘာတွေထပ်ပြီးလိုအပ်လဲ...?

ဖြေ။ ။ Qualified မှန်းကျောင်းသားတွေအနေဖြင့် စာကိုသေချာတိကျ စွာကျက်ရမည်။ လေ့လာမူ အားကောင်းရမည်။Application တွေ ပိုင်နိုင်ရမည်။ ကိုယ်ပိုင်ဟန် အရေးအသား တွေးခေါ်မူတွေရှိရမည်။ စာစစ်စဉ်မျဉ်းနှင့်အညီ မေးခွန်းဟောင်းတွေ ကျက်မှတ်ရမည်၊ လေ့လာရမည်။ သက်ဆိုင်ရာ ဆရာ ၊ ဆရာမ များဆီက အကြံဥာဏ်တွေတောင်းခံရမည်။

Q ဝင်လျှင် ဒီဇင်ဘာလတွင် စတက်ရပါမည်။

စတက်မည့်အတန်းမှာ မဟာအရည်အချင်းစစ် သင်တန်း ဖြစ်ပါသည်။

ထို အတန်းတွင် ဘာသာရပ် 6 ခု သင်ရပါမည်။ ဘာသာရပ်အလိုက် အောင်မှတ် 65 မှတ်ပါ။

ထို အတန်းအောင်လျှင် မဟာဝိဇ္ဇာ ပထမနှစ် M-1 မဟာဝိဇ္ဇာ ဒုတိယနှစ် M- 2 နှစ်နှစ် တက်ရပါမည်။

ထိုအတန်းတွင် ထူးချွန်ပါက MRes တစ်နှစ်တက်ပြီး တစ်ဘွဲ့ထပ်ရပါမည်။

ထူးချွန်လျှင် PhD နောက်ထပ် လေးနှစ်တက်ပြီး နောက်တစ်ဘွဲ့ရပါမည်။

ကြိုးစားတဲ့ သူအတွက် နောက်ထပ်ရရန် MA ဘွဲ့ MResဘွဲ့ PhD ဘွဲ့ သုံးခု ထပ်ရပါမည်။

စုစုပေါင်း ကျောင်းတက်ရမည့် ကာလ ရှစ်နှစ်ပါ ။ မိမိ ကိုယ်ပိုင် Thinking. များ ရေး၍မရပါ။ သတ်မှတ်ထားတဲ့ အကြောင်းအရာ စံနုန်းအတိုင်း လေ့လာ ဆည်းပူးရပါမည်။ ယခုဖြတ်သန်းပြီးသော ကာလထက် အဆပေါင်းများစွာ ကြိုးစားနိုင်ရပါမည်။ နောင်တစ်ချိန်တွင် ဆရာ ဆရာမ များဖြစ်လာမည့် အတွက် စည်းကမ်း ကြိုးစားနိုင်စွမ်း လေ့လာနိုင်စွမ်း အစရှိတဲ့ အရည်အချင်းများကိုပါ ထည့်သွင်း သင်ကြားပေးကြမည် ဖြစ်ပါသည်။ ကြိုးစားသူများ အတွက် အခွင့်အလမ်းကောင်းများရှိပါသည်။

Source : အဝေးသင်

Local News Read 4843 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176