ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အောက်ပါမဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို အွန်လိုင်းဖွင့်လှစ်မည်ဖြစ်သဖြင့် ဘွဲ့ရပြီးသူများ ဝင်ခွင့်လျှောက်ထားနိုင်သည်။
မဟာဘွဲ့သင်တန်းများ
- အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (Master of Applied Statistics - MAS)
- ဘဏ်လုပ်ငန်းနှင့် ဘဏ္ဏာရေးပညာမဟာဘွဲ့ (Master of Finace and Banking - MBF)
- စျေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Marketing Management - MMM)
- ဧည့်ဝတ်နှင့် ခရီးသွားလာရေးစီမံခန့်ခွဲမှပညာမဟာဘွဲ့ (Master of Hospitality and Tourism Management - MTHM)
ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
- သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Research Studies - PGDRS)
- စျေးကွက်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Marketing Management - PGDMM)
လျှောက်ထားသူများသည် အောက်ပါသတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီရမည် -
- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
- သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
- သင်တန်းများအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲကို လူကိုယ်တိုင်သွားရောက်ဖြေဆိုနိုင်သူဖြစ်ရမည်။
- MAS အတွက် လုပ်ငန်းခွင် လုပ်သက်အနည်းဆုံး (၂) နှစ်နှင့် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၂၅) နှစ်ပြည့်ပြီးသူဖြစ်ပြီး Microsoft Word နဲ့ Excel တတ်ကျွမ်းသူ ဖြစ်ရမည်။
- MBF အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် အလယ်အလတ်စီမံခန့်ခွဲမှုအဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- MMM အတွက် စျေးကွက်ဆိုင်ရာ အလယ်အလတ်စီမံခန့်ခွဲမှုအဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- MHTM အတွက် ဧည့်ဝတ်နှင့် ခရီးသွားလုပ်ငန်း (သို့) အဖွဲ့အစည်းတစ်ခုခုတွင် အလယ်အလတ်စီမံခန့်ခွဲမှုအဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- PGDMM အတွက် လုပ်ငန်း (သို့) အဖွဲ့အစည်းတစ်ခုခုတွင် စျေးကွက်ဆိုင်ရာ လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိသူဖြစ်ရမည်။
- PGDRS အတွက် Microsoft Word နဲ့ Excel တတ်ကျွမ်းသူဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။
လိုအပ်သည့် စာရွက်စာတမ်းများ
- လျှောက်လွှာဖောင်
- ဘွဲ့လက်မှတ်
- နောက်ဆုံးနှစ်အမှတ်စာရင်း
- စာမေးပွဲဖြေဆိုခွင့်ကတ်
- ပညာအရည်အချင်းထောက်ခံချက်
- လုပ်ငန်းအတွေ့အကြုံထောက်ခံချက်
- ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃) ပုံ
သင်တန်းကာလ
မဟာဘွဲ့သင်တန်းများ - (၂) နှစ်
ဘွဲ့လွန်ဒီပလိုမာသင်တန်းများ - (၁) နှစ်
လျှောက်လွှာတင်ခြင်း
သင်တန်းလျှောက်လွှာနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကမာရွတ်နယ်မြေရှိ အောက်ဖော်ပြပါဌာနများတွင် သတ်မှတ်ရက်များအတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။

သင်တန်းအချိန်နှင့် အခြားသိလိုသည့် အသေးစိတ်အချက်အလက်များကို အထက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို တိုက်ရိုက်ဆက်သွယ်ကာ စုံစမ်းနိုင်သည်။
Related Articles :
MBA ၊ EMBA ၊ MSESI ၊ PGDMA ၊ PGDHRM သင်တန်းများ - https://www.edge.com.mm/article/686b57bd7736f.html?
MPA နှင့် MDevS အွန်လိုင်းသင်တန်းများ - https://www.edge.com.mm/article/yueco-mpa-mdevs.html
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP