တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ တိုးလာသော်လည်း အောင်ချက်မှာ ဆက်တိုက် ကျဆင်း

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား ဇူလိုင်လ (၂၇) ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် အောင်ချက် (၄၈.၀၆%) ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် ငလျင်ကြောင့် ပြန်လည်ဖြေဆိုရသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများလည်း ပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ (၂၀၇,၈၉၈) ဦးအနက် (၉၉,၉၂၄) ဦး အောင်မြင်ခဲ့သည်။

ထို့ကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၈.၀၆%) ရာခိုင်နှုန်းရှိပြီး နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခုအနက် မွန်ပြည်နယ်မှာ (၅၇.၁၆%) ဖြင့် ယခုနှစ်အတွက် အောင်ချက်အများဆုံးပြည်နယ်ဖြစ်ခဲ့သည်။

အောင်ချက်ရာခိုင်နှုန်းအရ ရန်ကုန်တိုင်းသည် (၅၁.၆၉%) ဖြင့် ဒုတိယ၊ ကယားပြည်နယ်သည် (၅၁.၅၂%) ဖြင့် တတိယ၊ မကွေးတိုင်းသည် (၅၁.၅၀%) ဖြင့် စတုတ္ထ၊ တနင်္သာရီတိုင်းသည် (၅၀.၅၈%) ဖြင့် ပဉ္စမနှင့် မန္တလေးတိုင်းသည် (၄၉.၆၂%) ဖြင့် ဆဌမနေရာတွင် ရပ်တည်နေသည်။

၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း (၁၂၈,၈၂၀) ဦးအနက် အောင်မြင်သူဦးရေ (၇၄,၅၉၂) ဦး ရှိခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၇.၉၀%) ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ယခင်နှစ် ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖြေဆိုသူဦးရေ (၈) သောင်းနီပါးတိုးလာသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာ (၉.၈၄%) ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ကထက် ၂၀၂၄ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်းမှာ (၉.၉၇%) အထိ ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်တိုက်ကျဆင်းခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမရသည့် ကျောင်းသားသည် မကွေးတိုင်းဒေသကြီး၊ မင်ဘူးမြို့မှဖြစ်ပြီး ဘာသာစုံအမှတ်ပေါင်း (၅၄၇) မှတ် ရရှိခဲ့ကြောင်း သိရသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း

https://www.edge.com.mm/article/myanmar-g12-exam-results-2025.html

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 368 times