Sales Hotline : 09448001653       Download App



၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုသစ်များခေါင်းစဥ်ဖြင့် ဆွေး‌နွေးပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာနက ကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုသစ်များ (New Challenges for Higher Education in the 21st Century Myanmar) ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြပွဲကို သောကြာနေ့ ညနေ ၅:၃၀ နာရီတွင် Online စနစ်ဖြင့်ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ စုစုပေါင်း ၅၅၆ ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ 

ထို့နောက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေးမဟာဗျူ ဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ရေးဆွဲရေးလုပ်ငန်းတွင် အပြည်ပြည်ဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက်ရှိသော Prof. Dr. Jamil Salmi က ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ကဏ္ဍ၏ စိန်ခေါ်မှုသစ်များ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ယင်းသို့ရှင်းလင်းရာတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှု၏ အရေးပါပုံကဏ္ဍနှင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်နှင့် အကဲဖြတ်စနစ်များ ဆန်းသစ်ရေးအတွက် တက္ကသိုလ်များ၏ အခန်းကဏ္ဍ ကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ညနေ ၇:၃၀ နာရီတွင် ရှင်းလင်းတင်ပြပွဲပြီးစီးကြောင်း သတင်းရရှိခဲ့ပါသည်။

Source: Educational Information Department

Latest Post Read 318 times