ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကြီးမှူးပြီး ဥပေဒေဆိုင်ရာ ဒီပလိုမာသင်တန်း (၃) ခုကို ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသင်တန်းများမှာ -
(၁) စီးပွားရေးဥပဒေပညာဒီပလိုမာသင်တန်း (Diploma in Business Law)
(၂) အပြည်ပြည်ဆိုင်ရာဥပဒေပညာဒီပလိုမာသင်တန်း (Diploma in International Law)
(၃) မူပိုင်ခွင့်ဆိုင်ရာ ဥပေဒေပညာဒီပလိုမာသင်တန်း (Diploma in Intellectual Property Law) တို့ဖြစ်ကြပါသည်။
အထက်ဖော်ပြပါ ဒီပလိုမာသင်တန်းများကို တက်ရောက်လိုပါက တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးထားသူများဖြစ်ရပါမည်။
DBL၊ DIL၊ DIPL သင်တန်းဝင်ခွင့် လျှောက်လွှာများကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ စ၍ (၂၀) ရက်နေ့အထိ ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်တွင် ဝယ်ယူပြီး လူကိုယ်တိုင် သွားရောက် လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာတင်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ -
- ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ (၂) စောင်
- မှတ်ပုံတင်မူရင်းနှင့် မိတ္တူ (၂) စောင်
- လိုင်စင်အရွယ် ဓာတ်ပုံ (၅) ပုံ
သင်တန်းစတင် ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၉) လ ကြာမြင့်ပါမည်။
သင်တန်းတက်ရောက်ရမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်ပါသည်။
======================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။