Sales Hotline : 09448001653       Download App



သတင်းအချက်အလက်နည်းပညာ ဘွဲ့ကြိုဒီပလိုမာသင်တန်းလျှောက်လွှာခေါ်ယူ

** Unicode **

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် သတင်းအချက်အလက်နည်းပညာဘွဲ့ကြိုဒီပလိုမာဘွဲ့ Dip.IT သင်တန်းကို မေ (၁၈) ရက်မှ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

၎င်းသင်တန်းကို အခြေခံပညာအထက်တန်းအောင်မြင်ပြီး လျှောက်လွှာပိတ်ရက်တွင် အသက် (၂၁) နှစ်ထက်မကျော်လွန်သူများလျှောက်ထားနိုင်ပါတယ်။

သင်တန်းကို ညနေ (၄) နာရီမှ ည (၇) နာရီ၊ တနင်္လာမှ သောကြာအထိတက်ရောက်ရမည်ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို မေ (၅) ရက်တွင်ဖြေဆိုရမည်ဖြစ်ပြီး အင်္ဂလိပ်စာကို နံနက် (၉) နာရီခွဲမှ (၁၁) နာရီအထိလည်းကောင်း၊ ပင်ကိုယ်စွမ်းရည်စစ်ဆေးခြင်း(Aptitude Test) ကိုနေ့လည် (၁၂) နာရီခွဲမှ (၂) နာရီအထိလည်းကောင်း သတင်းအချက်အလက်နည်းပညားတက္ကသိုလ်တွင် ဖြေဆိုရမည်ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာများကို ဧပြီလ (၁၃) ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး ကျောင်းလခကင်းလွတ်ခွင့်၊ ပညာသင်ထောက်ပံ့ကြေးငွေများကိုလည်း လျှောက်ထားနိုင်ပါတယ်။ 

Read More:>>>  GIZ မှ ပညာတော်သင်ဆုပေါင်း ၁၂၅ ဆုပေးအပ်

လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်အမှတ်စာရင်း (သို့) တက္ကသိုလ်တက်ရောက်နေသူဖြစ်ပါက နောက်ဆုံး ဖြေဆိုအောင်မြင်ခဲသည့် စာမေးပွဲအမှတ်စာရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ပါတယ်။

Korean (178) ကိုရီးယား စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၁၇၈) ခုရှာရန်နှိပ်ပါ။

အသေးစိတ်ကိုသတင်းအခက်အလက်နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်များလှိုင်နယ်မြေ၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၉၆၆၄၇၀၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Credit: Internet
 

** Zawgyi **





Read More:>>>  GIZ မှ ပညာတော်သင်ဆုပေါင်း ၁၂၅ ဆုပေးအပ်


Korean (178) ကိုရီးယား စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၁၇၈) ခုရှာရန်နှိပ်ပါ။


Credit: Internet
 

News Tips Latest Post Read 1771 times