ရန်ကုန်တက္ကသိုလ်တွင် ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း တက်ရောက်နိုင်

ရန်ကုန်တက္ကသိုလ်မှ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်းအတွက် ဘွဲ့ရသင်တန်းသား၊ သင်တန်းသူ (၆၀) ဦး ခေါ်ယူရန်ရှိပြီး လျှောက်လွှာများကို ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် စတင် လက်ခံသွားမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း (Diploma in Gem Identification) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃) ရက်နေ့၊ တနင်္လာနေ့မှာ စတင် ဖွင့်လှစ်ပါမည်။

အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ တက်ရောက်နိုင်ပြီး သင်တန်းဝင်ခွင့်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် စတင် လျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေ (၆၀) ခန့်ကို ရွေးချယ်သွားပါမည်။

သင်တန်းကာလ (၉) လအပြင် Project Paper လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးအောင် တက်ရောက်မည်ဆိုပါက  ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း အောင်လက်မှတ်ကို ရရှိပါမည်။

သင်တန်းတက်ရောက်ရမည့်နေရာသည် အခန်း (M-106) ၊ ဘူမိဗေဒဌာန၊ မန္တလေးဆောင်၊ ရန်ကုန်တက္ကသိုလ်ဖြစ်ပါသည်။

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အထက်ပါလိပ်စာတွင် လူကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ၊ ဖုန်း- ၀၉-၄၂၀၁၆၂၆၅၁ တို့ကို ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 7689 times