Diploma in English သင်တန်းကို အွန်လိုင်းကနေ အခမဲ့ လေ့လာမယ်

Diploma in English သင်တန်းကို Beginner (A1) Level ကနေ Advanced (C1) Level အထိ လေ့လာလိုသူတွေအတွက် Alison ဆိုတဲ့ Learning Platform မှာ အခမဲ့ လေ့လာနိုင်ပါတယ်။

Alison က သင်တန်းတွေက Self-paced Course တွေ ဖြစ်တဲ့အတွက် သင်တန်းအချိန်တွေနဲ့ မကိုက်ဖြစ်နေသူတွေ၊ ကိုယ်တိုင် self-study လုပ်လိုသူတွေ၊ သင်တန်းကြေးအခက်အခဲရှိသူတွေအတွက် တကယ်ကို အသုံးဝင်ပါတယ်။ 

Alison မှာ Diploma in English သင်တန်းက (၅) ခုရှိပါတယ်။ ကိုယ့် English Level အလိုက် အဆင်ပြေတဲ့ အတန်းကနေ စတင် တက်ရောက်နိုင်ပါတယ်။ 

A1 - https://alison.com/topic/learn/135102/learning-outcomes

A2 - https://alison.com/course/diploma-in-english-a2-level

B1 - https://alison.com/course/diploma-in-english-b1-level

B2 - https://alison.com/course/diploma-in-english-b2-level

C1 - https://alison.com/course/diploma-in-english-c1-level

Level တစ်ခုမှာ Module (၁၀) ခုကျော်စီရှိပြီး Level တစ်ခုပြီးဖို့ ပျမ်းမျှ (၁၅-၂၀) နာရီ ကြာနိုင်ပါတယ်။ Level တစ်ခုပြီးတိုင်း စာမေးပွဲဖြေရမှာ ဖြစ်ပြီး (၈၀)% ရမှ အောင်တယ်လို့ သတ်မှတ်ပါတယ်။ 

သင်တန်းတက်ဖို့အတွက် အသက်ကန့်သတ်ချက်၊ ပညာရေးအရည်အချင်းကန့်သတ်ချက် မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်လို ပြောပြီးသင်မှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာအခြေခံ လုံး၀ မရှိတဲ့သူတွေအတွက် အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။

သင်တန်းကြေးကတော့ (၁၀၀%) အခမဲ့ ဖြစ်ပါတယ်။ သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်ပြီး စာမေးပွဲလည်း အောင်တယ်ဆိုရင် Digital Certificate ထုတ်လို့ ရပါတယ်။ Certificate ရယူဖို့တော့ သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးသွင်းဖို့ လိုအပ်ပါတယ်။ 

Alison မှာ ဘာသာစကားသင်တန်းတွေအပြင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အင်ဂျင်နီယာ စတဲ့ Certificate နဲ့ Diploma သင်တန်းပေါင်း (၁,၀၀၀) နီးပါးကို အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါတယ်။ 

https://alison.com/courses

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 10 times