Sales Hotline : 09448001653       Download App



Diploma in English for Communication Skills (Online) သင်တန်းအတွက် လျှောက်လွှာတင်ခြင်း

Diploma in English for Communication Skills (Online) သင်တန်း တက်ရောက်မည့်သူများအတွက် လျှောက်လွှာတင်ခြင်းနှင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်း အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

 

လျှောက်လွှာတင်ရန်အတွက် အောက်ဆုံးတွင် ဖော်ပြထားသည့် QR Code ကို Scan ဖတ်ပြီး ၂၉.၄.၂၀၂၄၊ နေ့လယ် ၁၂ နာရီတိတိတွင် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထားရပါမည်။ လျှောက်လွှာတင်သွင်းခြင်း Successful ဖြစ်မှသာ စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို YUFL KBZ Quick Pay သို့ ပေးသွင်းရပါမည်။ 


မှတ်ချက်။ ။ Registration Form ကို ၁၂ နာရီတိတိမှသာ ဖွင့်ပေးမည်ဖြစ်ပြီး သတ်မှတ်အရေအတွက် ပြည့်ချိန်တွင် ဖောင်ပိတ်မည်ဖြစ်သည်။

 

အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ထားသူများကိုသာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ခုံနံပါတ်၊ စာမေးပွဲ Google Form Link တို့ကို ၅.၅.၂၀၂၄ တွင် အီးမေးလ် (သို့) ဖုန်းနံပါတ်မှတဆင့် ပြန်လည်‌ပေးပို့ပေးပါမည်။

 

ဝင်ခွင့်စာမေးပွဲကို ၆.၅.၂၀၂၄ တွင် ပေးပို့ထားသည့် Google Form မှတဆင့် ဝင်ရောက်ဖြေဆိုရပါမည်။ ဝင်ခွင့်စာမေးပွဲ အောင်စရင်းကို ၈.၅.၂၀၂၄ တွင် YUFL Facebook Page (သို့) YUFL Website တွင် ကြေညာပေးပါမည်။ 

 

စာမေးပွဲအောင်မြင်သူများအနေဖြင့် တင်ပြရမည့်စာရွက်စာတမ်း အထောက်အထားများကို Viber ဖုန်းနံပါတ် - ၀၉၉၅၂၆၅၀၃၅၄ ၊  ၀၉၉၆၇၃၉၆၇၀၇ ၊ ၀၉၄၂၁၁၁၄၁၁၇ တို့ကို ပေးပို့ရပါမည်။ စာမေးပွဲအောင်သူများသာ သင်တန်းကြေးကို အမည်၊ ဘာသာရပ်၊ ခုံအမှတ်တို့ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ၈.၅.၂၀၂၄ မှ ၁၀.၅.၂၀၂၄ အတွင်း YUFL KBZ Quick Pay သို့ ပေးသွင်းရပါမည်။ 

 

Basic I , II အောင်လက်မှတ် မရှိသူများသာ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး Basic I မှ စတင်တက်ရောက်နိုင်ပါသည်။ YUFL တွင် တက်ရောက်ထားသော Basic I , II အောင်မြင်ပြီးသူများသည် Viber နံပါတ်သို့ အောင်လက်မှတ် အထောက်အထား ပြ၍ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလိုအပ်ဘဲ တစ်ဆင့်မြင့်အတန်းကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ 

 

Online မှ Face to Face သင်တန်း၊ Face to Face မှ Online သင်တန်းသို့ ပြောင်းရွှေ့တက်ရောက်ခြင်းမပြုပါ။ ဝင်ခွင့်စာမေးပွဲအောင်မြင်သော်လည်း လူဦးရေ ကန့်သတ်မှုရှိပါသဖြင့် ဝင်ခွင့်ရမှတ်နှင့် ဆောလျင်စွာ ငွေပေးသွင်းမှုအပေါ် မူတည်၍ သင်တန်းသားလက်ခံမည်ဖြစ်သည်။ ထို့ကြောင့် ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီး သင်တန်းတက်ရောက်ခွင့်မရှိသူများကို နောင်ဖွင့်လှစ်မည့် သင်တန်းအမှတ်စဉ်များတွင် ဝင်ခွင့်စာမေးပွဲ‌ ဖြေဆိုရန်မလိုဘဲ တက်ရောက်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။   

 

 

YUFL မှ ဖွင့်လှစ်မည့် Diploma in English for Communication Skills ၏ On Campus နှင့် Online သင်တန်း

>> https://www.edge.com.mm/article/yufl-online-class.html

Latest Post Local News Read 3071 times