Sales Hotline : 09448001653       Download App



ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၃) ဖွင့

ရန္ကုန္ပညာေရးတကၠသိုလ္မွ ေရွးဦးကေလးသူငယ္ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးဆိုင္ရာဘဲြ႔လြန္ဒီပလိုမာသင္တန္း Diploma in Early Childhood Care and Development (Dip ECCD) အမွတ္စဥ္ (၃) ကို ဒီဇင္ဘာ (၂) ရက္တြင္စတင္ဖြင့္လွစ္သြားမယ္လို႔သိရပါတယ္။

အဆိုပါသင္တန္းကို ရန္ကုန္ပညာေရးတကၠသိုလ္ အမ်ိဳးသားလူ႔စြမ္းအား အရင္းအျမစ္ဖြံ႔ၿဖိဳးမႈဌာနအစီအစဥ္နဲ႔ ဖြင့္လွစ္တာျဖစ္ၿပီး တကၠသိုလ္တစ္ခုခုမွ ဘဲြ႔တစ္ခုခုရရွိၿပီးသူ မည္သူမဆိုေလွ်ာက္ထားတက္ေရာက္ႏိုင္ပါတယ္။ ရန္ကုန္တိုင္းေဒသၾကီးအတြင္းရွိ ECCD Centre ေတြနဲ႔ မူၾကိဳေက်ာင္းေတြကို သြားေရာက္၍ လက္ေတြ႔ကြင္းဆင္းႏိုင္သူလည္းျဖစ္ရမွာျဖစ္ပါတယ္။ သင္တန္းကာလမွာ (၁၀) လၾကာျမင့္မွာျဖစ္ၿပီး သင္တန္းေၾကးမွာ (၂၀၀,၀၀၀) က်ပ္ျဖစ္ပါတယ္။ သင္တန္းခ်ိန္မ်ားကေတာ့ တနၤလာမွ ေသာၾကာ၊ ညေန (၄:၃၀) မွ (၆:၃၀) အထိျဖစ္ပါတယ္။

သင္တန္းဝင္ခြင့္ေလွ်ာက္လႊာေတြကို ေအာက္တိုဘာ (၃၁) ရက္မွစတင္ကာ (https://www.yuoe.edu.mm) မွ Download ရယူႏိုင္ၿပီး ႏိုဝင္ဘာ (၈) ရက္ေနာက္ဆံုးထားကာ ရန္ကုန္ပညာေရးတကၠသိုလ္ သင္တန္းေရးရာဌာနမွာ ျပန္လည္တင္သြင္းရမွာပါ။ သင္တန္းဝင္ခြင့္အတြက္ ေရးေျဖႏႈတ္ေျဖစာေမးပဲြမ်ားေျဖဆိုရမည္ျဖစ္ၿပီး ႏိုဝင္ဘာ (၁၃) ရက္မွာ ျမန္မာစာဘာသာရပ္ကို နံနက္ (၉) နာရီမွ (၁၁) နာရီအထိလည္းေကာင္း၊ အဂၤလိပ္စာဘာသာရပ္ကို မြန္းလဲြ (၁) နာရီမွ (၃) နာရီထိလည္းေကာင္း ေျဖဆိုရမွာျဖစ္ပါတယ္။ လူေတြ႔စစ္ေဆးျခင္းကိုေတာ့ ႏိုဝင္ဘာ (၂၂) ရက္မွာ က်င္းပျပဳလုပ္သြားမွာပါ။ အေသးစိတ္အခ်က္အလက္ေတြကို ရန္ကုန္ပညာေရးတကၠသိုလ္၊ သင္တန္းေရးရာဌာန၊ ဖုန္း - ၀၁၅၃၄၂၇၃၊ ၀၁၅၂၆၉၃၇ ကို ဆက္သြယ္ေမးျမန္းစံုစမ္းႏိုင္ပါတယ္။

Source: Internet Journal
 

**Unicode**

ရန်ကုန်ပညာရေးတက္ကသိုလ်မှ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့လွန်ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD) အမှတ်စဉ် (၃) ကို ဒီဇင်ဘာ (၂) ရက်တွင်စတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာနအစီအစဉ်နဲ့ ဖွင့်လှစ်တာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ မည်သူမဆိုလျှောက်ထားတက်ရောက်နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ECCD Centre တွေနဲ့ မူကြိုကျောင်းတွေကို သွားရောက်၍ လက်တွေ့ကွင်းဆင်းနိုင်သူလည်းဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ (၁၀) လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးမှာ (၂၀၀,၀၀၀) ကျပ်ဖြစ်ပါတယ်။ သင်တန်းချိန်များကတော့ တင်္နလာမှ သောကြာ၊ ညနေ (၄:၃၀) မှ (၆:၃၀) အထိဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို အောက်တိုဘာ (၃၁) ရက်မှစတင်ကာ (https://www.yuoe.edu.mm) မှ Download ရယူနိုင်ပြီး နိုဝင်ဘာ (၈) ရက်နောက်ဆုံးထားကာ ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာနမှာ ပြန်လည်တင်သွင်းရမှာပါ။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေနှုတ်ဖြေစာမေးပွဲများဖြေဆိုရမည်ဖြစ်ပြီး နိုဝင်ဘာ (၁၃) ရက်မှာ မြန်မာစာဘာသာရပ်ကို နံနက် (၉) နာရီမှ (၁၁) နာရီအထိလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ကို မွန်းလွဲ (၁) နာရီမှ (၃) နာရီထိလည်းကောင်း ဖြေဆိုရမှာဖြစ်ပါတယ်။ လူတွေ့စစ်ဆေးခြင်းကိုတော့ နိုဝင်ဘာ (၂၂) ရက်မှာ ကျင်းပပြုလုပ်သွားမှာပါ။ အသေးစိတ်အချက်အလက်တွေကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း - ၀၁၅၃၄၂၇၃၊ ၀၁၅၂၆၉၃၇ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Source: Internet Journal
 

Latest Post News Read 534 times