ဘွဲ့ရရှိပြီးသူများ Diploma in Diplomacy သင်တန်း တက်ရောက်နိုင်

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Naypyitaw State Academy တို့ ပူးပေါင်း၍ သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) ကို ဇွန်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် မေလ (၄) ရက်နေ့မှ (၈) ရက်နေ့အတွင်း လျှောက်ထားနိုင်သည်။

အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန အသိမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက Diploma in Diplomacy (DID) လက်မှတ်ကို ရရှိမည်ဖြစ်သည်။

သင်တန်းကာလမှာ First Semester ၂၀၂၆ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိနှင့် Second Semester ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ်၊ မတ်လအထိ Semester (၂) ခုခွဲ၍ တက်ရောက်ရပါမည်။ 

မြန်မာသံတမာန်သင်တန်းကျောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းအချိန်မှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။  

အဆိုပါသင်တန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အရာထမ်း/အမှုထမ်းအဖြစ် ဝင်ရောက်လိုသူများ၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံနေရသော အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်ပါသည်။

သင်တန်းတွင် သင်ကြားရမည့် ဘာသာရပ်များ

  • သံတမန်ရေးရာများ၊
  • နိုင်ငံတကာဆက်ဆံရေးများ၊
  • နိုင်ငံခြားရေးမူဝါဒများ၊
  • နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာများ၊
  • အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်
  • မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ဘာသာရပ်များ 

သင်တန်းကို တက်ရောက်ရန် စိတ်ဝင်စားသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်တကွ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှ (https://rb.gy/5s192n) ဖြစ်စေ လျှောက်ထားနိုင်သည်။

  • ဘွဲ့လက်မှတ်မိတ္တူ (သို့) ယာယီဘွဲ့ထောက်ခံစာမိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ
  • နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက မလို)
  • ပတ်စ်ပို့ဆိုဒ် (၁.၅"×၂") ဓာတ်ပုံ (၃) 

အွန်လိုင်းမှ လျှောက်ထားသူများအနေဖြင့် လူတွေ့လာရောက်ဖြေဆိုရာတွင် အထက်ဖော်ပြပါ စာရွက်စာတမ်းမူရင်းများအား တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်သည်။ 

သင်တန်းဝင်ခွင့်အတွက် မေလ (၁၂) ရက်နေ့တွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲကို သွားရောက်ဖြေဆိုရမည်ဖြစ်သည်။

ဝင်ခွင့်လူတွေ့ဖြေဆိုခွင့်ရသည့် အမည်စာရင်းများအား မေလ (၁၅) ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို မေလ (၁၈) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများစာရင်းကို ၂၀၂၆ ခုနှစ်၊ မေလ တတိယအပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၁၂၅၅၄ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

===============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 1893 times