နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Naypyitaw State Academy တို့ ပူးပေါင်း၍ သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) ကို ဇွန်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် မေလ (၁၉) ရက်နေ့မှ (၂၉) ရက်နေ့အထိ လျှောက်ထားနိုင်သည်။
အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန အသိမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက Diploma in Diplomacy (DID) လက်မှတ်ကို ရရှိမည်ဖြစ်သည်။
သင်တန်းကာလမှာ First Semester ၂၀၂၅ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိနှင့် Second Semester ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ Semester (၂) ခုခွဲ၍ တက်ရောက်ရပါမည်။
နိုင်ငံခြားရေးဝန်ကြီးဌာနရန်ကုန်တွင် လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအချိန်မှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။
သင်တန်းတွင် သင်ကြားရမည့် ဘာသာရပ်များ
သင်တန်းကို တက်ရောက်ရန် စိတ်ဝင်စားသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်တကွ နိုင်ငံခြားရေးဝန်ကြီးဌာနရန်ကုန်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှ (https://rb.gy/5s192n) ဖြစ်စေ လျှောက်ထားနိုင်သည်။
လျှောက်ထားသူများအနေဖြင့် လူတွေ့လာရောက်ဖြေဆိုရာတွင် အထက်ဖော်ပြပါ စာရွက်စာတမ်းမူရင်းများအား တစ်ပါတည်းယူဆောင်သွားရန် လိုအပ်သည်။
ဝင်ခွင့်လူတွေ့ဖြေဆိုခွင့်ရသည့် အမည်စာရင်းများအား မေလ (၃၀) ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ဇွန်လ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများစာရင်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၀၁-၂၂၁၅၃၇ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။