မော်လမြိုင်နှင့် ပြည်တက္ကသိုလ်တို့တွင် ဖွင့်လှစ်မည့် Business Law သင်တန်း

မော်လမြိုင်နှင့် ပြည်တက္ကသိုလ်တို့တွင် စီးပွားရေးဥပဒေပညာ ဒီပလိုမာသင်တန်း (Diploma in Business Law - DBL) ကို အချိန်ပိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်အရည်အချင်း

  • တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ
  • အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြနိုင်သူများ တက်ရောက်နိုင်သည်။

သင်တန်းကာလမှာ (၉) လဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ပထမနှစ်ဝက် တက်ရောက်ပြီး ၂၀၂၆ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ ဒုတိယနှစ်ဝက်ကို တက်ရောက်ရပါမည်။ သင်တန်းအချိန်မှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။

မော်လမြိုင်တက္ကသိုလ်တွင် ဝင်ခွင့်လျှောက်ထားရမည့်ပုံစံ

သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ ဥပဒေပညာဌာန၊ ရာမည (၂) စာသင်ဆောင်၊ မော်လမြိုင်တက္ကသိုလ်တွင် ဝယ်ယူ လျှောက်ထားနိုင်သည်။ သင်တန်းကို ဒီဇင်ဘာ (၁၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ 

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉-၂၅၅၉၀၂၂၅၃၊ ၀၉-၄၂၅၃၇၀၈၇၆

ပြည်တက္ကသိုလ်တွင် ဝင်ခွင့်လျှောက်ထားရမည့်ပုံစံ

သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၄) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ဥပဒေပညာဌာန၊ ပြည်တက္ကသိုလ်တွင် ဝယ်ယူ လျှောက်ထားနိုင်သည်။ ဒီဇင်ဘာ (၂၂) ရက်နေ့၊ နံနက် (၈) နာရီမှ (၉) နာရီအထိ ဝင်ခွင့်ဖြေဆိုရပါမည်။

ဒီဇင်ဘာ (၂၂) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဝင်ခွင့်ရရှိသူစာရင်းကို ကြေညာမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၃) ရက်နေ့တွင် သင်တန်း စတင် ဖွင့်လှစ်ပါမည်။

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉-၆၇၉၄၀၀၀၀၅ 

=================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 128 times