ဘွဲ့ရများ လျှောက်ထားနိုင်သည့် ဒီပလိုမာစာရင်းကိုင်သင်တန်း

ဒီပလိုမာစာရင်းကိုင်သင်တန်း (Diploma in Accountancy) ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) နှင့် မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းတို့၌ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

သင်တန်းကာလ - ၂ နှစ် (ပထမပိုင်း + ဒုတိယပိုင်း)

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၆.၁၁.၂၀၂၅

သင်တန်းလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက် - ၂၅.၈.၂၀၂၅

လျှောက်လွှာကြေး - ၁,၀၀၀ ကျပ်

ကျောင်းအပ်မှတ်ပုံတင်ကြေး - ၈,၀၀၀ ကျပ်

သင်တန်းကြေး - ၃၀,၀၀၀ ကျပ်

စာမေးပွဲကြေး - ၁၀,၀၀၀ ကျပ်

*အထက်ဖော်ပြပါ သင်တန်းကြေးသည် မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ရန်ကုန်၊ နေပြည်တော် သင်တန်းကျောင်းအတွက်သာ ဖြစ်သည်။*

သင်ကြားရမည့် ဘာသာရပ်များ

 

သင်တန်းရက်နှင့် အချိန်

အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) တွင် တက်ရောက်ရမည့် သင်တန်းချိန်မှာ ပထမပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များနှင့် စနေနေ့တွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ ဒုတိယပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များတွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ စနေနေ့များတွင် နံနက် ၇:၀၀ နာရီမှ ၁၀:၅၀ နာရီအထိ ဖြစ်ပါသည်။ 

သင်တန်းတက်ရောက်ချိန် (၆၀%) မပြည့်မီသည့် သင်တန်းသားများသည် နောင်ပညာသင်နှစ်တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) သို့မဟုတ် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် ပြန်လည် တက်ရောက်ရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသားအဖြစ် မပျက်မကွက် ပြန်လည် မှတ်ပုံတင်ရမည်။ 

စာမေးပွဲအောင်မြင်ခြင်းမရှိသည့် သင်တန်းသားများဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲမဖြေလိုက်ရသည့် သင်တန်းသားများဖြစ်စေ နောင်ပညာသင်နှစ်တွင် ကိုယ်တိုင်လေ့လာဖြေဆိုမည့် သင်တန်းသားအဖြစ် ပြန်လည် မှတ်ပုံတင်နိုင်သည်။

စာမေးပွဲဖြေဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ဖတ်ရှုရန် >> https://www.oagmac.gov.mm

လျှောက်ထားရမည့်ပုံစံ

သင်တန်းတက်ရောက်လိုသူများသည် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်)၊ အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်တွင် ၅-၈-၂၀၂၅ ရက်နေ့မှ ၂၅-၈-၂၀၂၅ ရက်နေ့အထိ ရုံးဖွင့်ရက်များ၌ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း လျှောက်လွှာကို (၁) ထောင်ကျပ်ဖြင့် ဝယ်ယူ၍ အောက်ပါတို့ကို ပူးတွဲတင်ပြရပါမည်။

- ဘွဲ့လက်မှတ် သို့မဟုတ် ဘွဲ့ထောက်ခံစာ (မူရင်းနှင့်မိတ္တူ) (ဘွဲ့နှင်းသဘင်မကျင်းပရသေးသဖြင့် ဘွဲ့လက်မှတ်မရရှိ သေးသူများမှအပ ကျန်လျှောက်ထားသူများသည် ဘွဲ့လက်မှတ်မူရင်းကို မပျက်မကွက် တင်ပြရမည်။ )

- အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်းနှင့် မိတ္တူ) 

- တစ်လအတွင်း ရိုက်ကူးထားသည့် ၁"x၁" အရွယ် လိုင်စင်ဓာတ်ပုံ ၂ ပုံ 

- နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစိစစ်ရေးကတ်ပြား(မူရင်းနှင့်မိတ္တူ) နှင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြု ကြောင်းထောက်ခံချက် (စာရင်းကောင်စီက ဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် တက်ရောက်မည့်သူများသာ)

ထို့နောက် Online မှတဆင့် https://registration.oagmac.gov သို့ ဝင်ရောက်၍ သင်တန်းသားအဖြစ် စာရင်းသွင်းရပါမည်။ 

တက်ရောက်ခွင့်ရသူများ၏စာရင်းကို ၅-၉-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်နှင့် ရန်ကုန်) တို့ရှိ ကြော်ငြာသင်ပုန်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး website: www.oagmac.gov.mm တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဖုန်းနံပါတ် ၀၁-၂၃၀၂၆၅၉၊ ၀၉-၇၅၈၃၈၃၁၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉- ၆၈၉၉၃၈၉၁၉ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 2630 times