ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒီပလိုမာစာရင်းကိုင်သင်တန်းကို အွန်လိုင်းဖြင့် ဖွင့်လှစ်မည်

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၅) ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းများ (နေပြည်တော်/ရန်ကုန်) တွင် Face to Face ဖြင့် ဖွင့်လှစ်လျက်ရှိပါသည်။ 

သို့ရာတွင် Face to Face ဖြင့် တက်ရောက်ရန် အခက်အခဲရှိသည့် နေပြည်တော်နှင့် ရန်ကုန်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ နိုင်ငံ့ဝန်ထမ်းများ တက်ရောက်နိုင်ရန် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၉) ရက်နေ့မှစ၍ Online ဖြင့် ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ 

သင်တန်းကာလမှာ ပထမပိုင်း (တစ်နှစ်)နှင့် ဒုတိယပိုင်း (တစ်နှစ်) တက်ရောက်ရမည် ဖြစ်ပါသည်။ ပထမပိုင်းသင်တန်းကာလမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၉) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ဖြစ်ပါသည်။ သင်တန်းသို့ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။ 

သင်ကြားရမည့် ဘာသာရပ်များ

သင်တန်းအချိန်

ပထမပိုင်းသင်တန်း၏ သင်တန်းချိန်မှာ အများပြည်သူအလုပ်ပိတ်ရက်များမပါ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ည (၇:၀၀) နာရီ မှ (၈:၅၀) နာရီအထိနှင့် စနေနေ့များတွင် နေ့လယ် (၁:၀၀) နာရီမှ (၂:၅၀) နာရီအထိနှင့် ညနေ (၅) နာရီမှ ည (၈:၅၀) နာရီအထိ ဖြစ်ပါသည်။

ဒုတိယပိုင်းသင်တန်း၏ သင်တန်းချိန်မှာ ရုံးဖွင့်ရက်များတွင် နံနက် (၇:၀၀) နာရီမှ (၈:၅၀) နာရီအထိနှင့် စနေနေ့များတွင် နံနက် (၇:၀၀) နာရီမှ (၁၀:၅၀) နာရီအထိဖြစ်ပါသည်။

လျှောက်ထားရမည့်ပုံစံ

သင်တန်းတက်ရောက်လိုသူများသည် ဒီဇင်ဘာ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း လျှောက်လွှာကြေး ကျပ် (၁,၀၀၀)၊ မှတ်ပုံတင်ကြေး ကျပ် (၈,၀၀၀)၊ သင်တန်းကြေး ကျပ် (၃၀,၀၀၀) - စုစုပေါင်း ကျပ် (၃၉,၀၀၀) ကို မြန်မာနိုင်ငံစာရင်းကောင်စီ၏ ငွေထုတ်စာရင်းအမှတ် MD_010605 သို့ ပေးသွင်းရမည်။

အောက်ပါအထောက်အထားများကို မိတ္တူမှန်ဖြစ်ကြောင်း မိမိတို့ သက်ဆိုင်ရာရုံးအကြီးအကဲ/တာဝန်ခံ၏ စိစစ်ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းများ၊ ရန်ကုန်၏ အီးမေးလ် [email protected] သို့ပေးပို့၍ သင်တန်းသားအဖြစ် မှတ်ပုံတင်ရမည် -

(က) ဘွဲ့လက်မှတ် (သို့) ဘွဲ့ထောက်ခံစာ (မိတ္တူ)

(ခ) အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)

(ဂ) တစ်လအတွင်းရိုက်ကူးထားသည့် ၁"× ၁" အရွယ် လိုင်စင်ဓာတ်ပုံ (၂) ပုံ

(ဃ) ဝန်ထမ်းစိစစ်ရေးကတ်ပြား (မိတ္တူ) နှင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်း တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်

အီးမေးလ်ပေးပို့ပြီးကြောင်းကို မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဖုန်းနံပါတ်၊ ၀၁-၂၃၀၂၆၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉-၆၈၉၉၃၈၉၁၉၊ ၀၉-၇၉၁၃၂၀၉၂၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်သတင်းပို့ရမည်။

ဘွဲ့လက်မှတ် (သို့) ဘွဲ့ထောက်ခံစာပါ (အမည်၊ ဖခင်အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်) များသည် နိုင်ငံသားစိစစ်ရေးကတ်ပြားပါ ဖော်ပြချက်များနှင့် ကိုက်ညီရမည်။ ဘွဲ့နှင်းသဘင် မကျင်းပရသေးသဖြင့် ဘွဲ့လက်မှတ် မရရှိသေးသူများမှအပ ကျန်လျှောက်ထားသူများသည် ဘွဲ့လက်မှတ်မူရင်းကို မပျက်မကွက် တင်ပြရမည်။ 

အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီရုံးဖုန်းနံပါတ် ၀၁-၂၃၀၂၆၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉-၆၈၉၉၃၈၉၁၉၊ ၀၉-၇၉၁၃၂၀၉၂၄ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 31 times