တောင်ကြီးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် Business Law ဒီပလိုမာသင်တန်း

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုကြောင်း အထောက်အထား တင်ပြရပါမည်။

သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိ (ပထမနှစ်ဝက်) နှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ မတ်လအထိ (ဒုတိယနှစ်ဝက်) တို့ကို တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း (၉) လကြာမြင့်ပါမည်။

တောင်ကြီးတက္ကသိုလ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ် (၅) ရက်ကို မနက် (၇) နာရီကနေ (၉) နာရီအထိ တက်ရောက်ရပါမည်။ သင်တန်းပြီးမြောက် အောင်မြင်ပါက Diploma in Business Law ဆိုသည့် ဒီပလိုမာဘွဲ့ကို ရရှိပါမည်။ 

သင်တန်းတက်ရောက်လိုသူများသည် တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် မေလ (၂၉) ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ လူကိုယ်တိုင် သွားရောက် လျှောက်ထားနိုင်သည်။ လျှောက်လွှာတင်သည့်အခါ အောက်ပါစာရွက်စာတမ်းများကိုပါ ယူဆောင်သွားသင့်သည်။

  • ဘွဲ့လက်မှတ် (သို့) ဘွဲ့လက်မှတ်ထောက်ခံစာ
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်
  • လိုင်စင်ဓာတ်ပုံ (၅) ပုံ
  • မှတ်ပုံတင်

သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ဖြေဆိုရပါမည်။ 

ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇွန်လ (၁၅) ရက်၊ မနက် (၉) နာရီမှ (၁၀) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး နှုတ်ဖြေစာမေးပွဲကို ဇူလိုင်လ (၁၆) ရက်၊ မနက် (၉) နာရီ၊ လွိုင်လင်ဆောင်၊ ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်တွင် ဖြေဆိုရပါမည်။

ဝင်ခွင့်စာမေးပွဲအောင်မြင်သူများစာရင်းကို ဇွန်လ (၁၉) ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး သင်တန်းကို ဇွန်လ (၂၅) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ (ဖုန်း-၀၈၁-၂၁၂၁၀၉၀) နှင့် ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ် (ဖုန်း-၀၉-၂၀၄၃၉၄၁) တွင် စုံစမ်းနိုင်သည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 2038 times