အနာဂတ်အတွက် Skill ဖြည့်ထားချင်သူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို တိုးချဲ့လိုသူတွေအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့က အရေးကြီးပါတယ်။
ဒီနေ့ခေတ် Digital Era မှာတော့ ဒီလိုမျိုး Skill တစ်ခုခု သင်ယူဖို့ဆိုတာ လုံ၀ မခက်ခဲတော့တဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုရင် အခမဲ့လည်းဖြစ်ပြီး အွန်လိုင်းကနေ လွယ်လွယ်ကူကူ သင်ယူနိုင်တဲ့ Learning PLatform တွေ များစွာ ရှိလာလို့ပါ။
ဒီနေ့ကတော့ များစွာသော Learning PLatform တွေထဲကမှ eLearning College နဲ့ မိတ်ဆက်ပေးပါမယ်။ eLearning College ဆိုတာ လူငယ်တွေနဲ့ အလုပ်လုပ်နေသူတွေအတွက် နိုင်ငံတကာအဆင့်မီ ပညာရပ်တွေကို အချိန်နဲ့နေရာမရွေး လေ့လာနိုင်အောင် ဖန်တီးပေးထားတဲ့ Learning PLatform တစ်ခု ဖြစ်ပါတယ်။
eLearning College မှာ ဘာသာရပ်နယ်ပယ်အသီးသီးကို ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် သင်ကြားပေးနေပြီး အောက်ပါသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်ပါတယ် -
အတန်းအမျိုူးအစားကတော့ (၂) မျိုး ရှိပါတယ်။ သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီးရင် CPD Standards Office (သို့) the Quality Licence Scheme (QLS) က အသိအမှတ်ပြုထားတဲ့ Certificate ကို ထုတ်ယူနိုင်ပါတယ်။ (အခမဲ့ မဟုတ်ပါ။)
eLearning College ရဲ့ အားသာချက်များ
ဘယ်သူတွေ တက်ရောက်သင့်လဲ?
ဘယ်လိုသင်ကြားမလဲ?
မှတ်စုတွေ၊ ဗီဒီယိုတွေကနေတဆင့် လေ့လာရပါမယ်။
Assignments နှင့် Quiz တွေ ဖြေဆိုရပါမယ်။
Tests တွေအတွက်လည်း ပြင်ဆင်ထားရပါမယ်။
ဘယ်လို တက်ရောက်ရမလဲ?
အဆင့် (၁) - Link ထဲဝင်ပါ။ https://www.elearningcollege.com/
အဆင့် (၂) - နှစ်သက်ရာ သင်တန်းကို ရွေးချယ်ပါ။
အဆင့် (၃) - "Start Your Free Course Now" ကို နှိပ်ပါ။
အဆင့် (၄) - အချက်အလက်ဖြည့် စာရင်းပေးသွင်းပြီးရင် တက်ရောက်နိုင်ပါပြီ။
============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။