Diploma တန်းတွေအထိ အခမဲ့ တက်ရောက်နိုင်တဲ့ eLearning College 

အနာဂတ်အတွက် Skill ဖြည့်ထားချင်သူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို တိုးချဲ့လိုသူတွေအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့က အရေးကြီးပါတယ်။

ဒီနေ့ခေတ် Digital Era မှာတော့ ဒီလိုမျိုး Skill တစ်ခုခု သင်ယူဖို့ဆိုတာ လုံ၀ မခက်ခဲတော့တဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုရင် အခမဲ့လည်းဖြစ်ပြီး အွန်လိုင်းကနေ လွယ်လွယ်ကူကူ သင်ယူနိုင်တဲ့ Learning PLatform တွေ များစွာ ရှိလာလို့ပါ။

ဒီနေ့ကတော့ များစွာသော Learning PLatform တွေထဲကမှ eLearning College နဲ့ မိတ်ဆက်ပေးပါမယ်။ eLearning College ဆိုတာ လူငယ်တွေနဲ့ အလုပ်လုပ်နေသူတွေအတွက် နိုင်ငံတကာအဆင့်မီ ပညာရပ်တွေကို အချိန်နဲ့နေရာမရွေး လေ့လာနိုင်အောင် ဖန်တီးပေးထားတဲ့ Learning PLatform တစ်ခု ဖြစ်ပါတယ်။

eLearning College မှာ ဘာသာရပ်နယ်ပယ်အသီးသီးကို ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် သင်ကြားပေးနေပြီး အောက်ပါသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်ပါတယ် -

  • Business Management    
  • Accounting and Finance    
  • Diet and Nutrition     
  • Child Psychology
  • Construction Management    
  • Customer Services    
  • Event Management    
  • Project Management
  • HR Management
  • Hotel Management
  • Facilities Management
  • Leadership and Management
  • Operations Management
  • Risk Management
  • Fashion Design    
  • Forensic Accounting    
  • Marketing
  • Teaching 
  • Interior Design
  • Cyber Security
  • Public Relations
  • Travel and Tourism
  • Health and Safety
  • Counselling Skills
  • Admin, Secretarial & PA    
  • Bookkeeping
  • Beauty Therapy
  • Life Coaching
  • Short Courses

အတန်းအမျိုူးအစားကတော့ (၂) မျိုး ရှိပါတယ်။ သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီးရင် CPD Standards Office (သို့) the Quality Licence Scheme (QLS) က အသိအမှတ်ပြုထားတဲ့ Certificate ကို ထုတ်ယူနိုင်ပါတယ်။ (အခမဲ့ မဟုတ်ပါ။)

  • Diploma Courses
  • Certificate Courses 

eLearning College ရဲ့ အားသာချက်များ

  • နေရာ၊ အချိန်မရွေး တက်ရောက်နိုင်ခြင်း
  • ၁၀၀% အွန်လိုင်းသင်တန်းဖြစ်ခြင်း
  • သင်တန်းကြေးအခမဲ့ဖြစ်ခြင်း
  • အလုပ်တစ်ဖက်နဲ့ မအားသူတွေလည်း တက်ရောက်နိုင်ခြင်း
  • မိမိစိတ်ဝင်စားမှုအလိုက် သင်တန်းများစွာ ရွေးချယ်နိုင်ခြင်း
  • သင်တန်းပြီးရင် Certificate ထုတ်ယူနိုင်ခြင်း
  • အတွေ့အကြုံရင့်ဆရာတွေကိုယ်တိုင် သင်ကြားပေးခြင်း

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • ကျောင်းသား/သူတွေ
  • မိမိကိုယ်ကိုယ် Upgrade လုပ်လိုသူတွေ
  • လုပ်ငန်းခွင်ဝင်ရောက်နေသူတွေ
  • Career အသစ် ပြောင်းလဲချင်သူတွေ
  • အလုပ်လျှောက်ဖို့ Skill လိုနေသူတွေ

ဘယ်လိုသင်ကြားမလဲ?

မှတ်စုတွေ၊ ဗီဒီယိုတွေကနေတဆင့် လေ့လာရပါမယ်။

Assignments နှင့် Quiz တွေ ဖြေဆိုရပါမယ်။

Tests တွေအတွက်လည်း ပြင်ဆင်ထားရပါမယ်။ 

ဘယ်လို တက်ရောက်ရမလဲ?

အဆင့် (၁) - Link ထဲဝင်ပါ။ https://www.elearningcollege.com/

အဆင့် (၂) - နှစ်သက်ရာ သင်တန်းကို ရွေးချယ်ပါ။

အဆင့် (၃) - "Start Your Free Course Now" ကို နှိပ်ပါ။

အဆင့် (၄) - အချက်အလက်ဖြည့် စာရင်းပေးသွင်းပြီးရင် တက်ရောက်နိုင်ပါပြီ။

============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 24 times