Sales Hotline : 09448001653    



မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားရေးနှင့် အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်းများ လျှောက်ထားနိုင်

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ (၁) နှစ်သင်တန်းနှင့် အသုံးချစိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်းတို့ကို ဇွန်လ (၃) ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ 

 

မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခုမှာ အင်္ဂလိပ်စာဆရာ/ဆရာမအဖြစ် ရပ်တည်ချင်သူတွေအတွက် အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ (Dip.E.L.T) နှင့် စိတ်ပညာပိုင်းလေ့လာချင်သူတွေအတွက် အသုံးချစိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ (D.A.Psy) သင်တန်းတို့ ဖြစ်ပါသည်။

 

အဆိုပါသင်တန်းတို့ကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူတိုင်း လျှောက်ထားနိုင်ပါသည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • အနိမ့်ဆုံးပညာအရည်အချင်းမှာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရပါမည်။

 

ထိုသင်တန်းတို့ကို လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာပုံစံများကို မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ထုတ်ယူပြီး မေလ (၁၃) ရက်နေ့မှ စ၍ မေလ (၂၄) ရက်နေ့အထိ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါသည်။

 

လျှောက်ထားသူများသည် အစိုးရလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ သင်တန်းအား  တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်လက်မှတ်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်း ထောက်ခံချက် (မူရင်း)  တို့ကို ပူးတွဲတင်ပြရပါမည်။


အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ (Dip.E.L.T) အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို မန္တလေးတက္ကသိုလ်၌ မေလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်ပါမည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများသည် လူတွေ့စစ်ဆေးမှု ထပ်မံဖြေဆိုရမည်ဖြစ်သည်။

 

အသုံးချစိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ (D.A.Psy) သင်တန်းအတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် နှုတ်ဖြေစာမေးပွဲကို မေလ (၂၇) ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ဖြေဆိုရပါမည်။   

 

အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခုကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။ အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ (Dip.E.L.T) သည် သင်တန်းကာလ (၁) နှစ် ကြာမြင့်မည်ဖြစ်ပြီး အသုံးချစိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ (D.A.Psy) သည် အချိန်ပိုင်း သင်တန်းသာဖြစ်ပါသည်။ 

 

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက မန္တလေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၏ ဖုန်နံပါတ်ဖြစ်သော ၀၂-၂၈၃၂၁၂၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Source - မန္တလေးတက္ကသိုလ်
 

Latest Post Local News University / College Read 7264 times