Sales Hotline : 09448001653       Download App



စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်

** Unicode **

** ရည်ရွယ်ချက် **
-အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်။
 

** လုပ်ငန်းတာဝန် **
- နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ နည်းပညာရပ်ဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများအတွက် ဥပဒေများ၊ မူဝါဒရေးရာများအပေါ် လေ့လာဆန်းစစ်၍လိုအပ်သည့် အကြံပြုချက်များတင်ပြခြင်း၊

- နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် စီမံကိန်းများ ရေးဆွဲတင်ပြခြင်း၊

- ခေတ်မီနည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းနှင့် သုတေသန ချိတ်ဆက် လုပ်ဆောင်ခြင်း၊

- နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု သုတေသနလုပ်ငန်းများ အမှန်တကယ် ပေါ်ထွန်းလာစေရန်နှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အရည်အသွေးပြည့်ဝသော သုတေသန စမ်းသပ်ပစ္စည်းများ ထုတ်လုပ်ပေးခြင်း၊

- နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ခေတ်မီလူ့စွမ်းအား အရင်းအမြစ်များနှင့် နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊

- ပြည်တွင်းနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ခြင်း၊

- ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံတော်၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်  နည်းပညာဆိုင်ရာ ထောက်ပံ့ရေးဌာန (Technical Support Center) ထူထောင်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊

- နိုင်ငံတော် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မရှိမဖြစ်လိုအပ်သော အီလက်ထရောနစ် အုပ်ချုပ်ရေးစနစ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေး အတွက် ICT နည်းပညာမြှင့်တင်ခြင်းနှင့် အသုံးချခြင်းတို့အား ပူးပေါင်း ဆောင်ရွက်ခြင်း၊

Hardware & Networking (147) Hardware & Networking ႏွင့္ပတ္သက္ျပီး သင္တန္း (၁၄၇) ခုရွာရန္ႏွိပ္ပါ။

- အစိုးရဌာနများအကြား၊ ပြည်သူလူထုနှင့်ဌာနများအကြား၊ ဌာနအတွင်း Online မှတစ်ဆင့် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်ရေး အတွက် လိုအပ်သော Infrastructure များ တည်ဆောက်ခြင်းနှင့် နည်းပညာ ပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

- အီလက်ထရောနစ်နည်းပညာ အသုံးချသိမ်းဆည်းထားသည့် သတင်းအချက် အလက်များ ပျက်စီးခြင်း၊ ပေါက်ကြားခြင်း၊ ပျောက်ဆုံးခြင်း မရှိစေရေးအတွက် လိုအပ်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်ခြင်း၊

- ဌာန၏ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အထောက်အကူပြု အီလက်ထရောနစ်နည်းပညာ အသုံးချသင်တန်းများ ဖွင့်လှစ် ပို့ချရန် ဆောင်ရွက်ခြင်း၊

Read More;>>>  စင္ကာပူ-ျမန္မာသက္ေမြးသင္တန္းေက်ာင္းမွ သင္တန္းဆင္းေက်ာင္းသား (၆၀) ရာခိုင္ႏႈန္းအလုပ္အကိုင္ရရွိ

- အများပြည်သူနှင့် နိုင်ငံတကာသို့ Web Site မှတစ်ဆင့် ဌာန၏ အသိပေး အကြောင်းကြားလိုသည့် သတင်းအချက်အလက်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး ဆောင်ရွက်ခြင်း၊
(www.edge.com.mm)
 

** Zawgyi **

** ရည္႐ြယ္ခ်က္ **
-အစိုးရႏွင့္ပုဂၢလိကအဖြဲ႕အစည္းမ်ားအၾကား နည္းပညာရပ္ဆိုင္ရာ ျမႇင့္တင္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းမ်ား စနစ္တက်အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္ရန္။
 

** လုပ္ငန္းတာဝန္ **
- ႏိုင္ငံတြင္းႏွင့္ ႏိုင္ငံတကာရွိ နည္းပညာရပ္ဆိုင္ရာလုပ္ငန္းမ်ား၊ သုေတသနႏွင့္ တီထြင္ဖန္တီးမႈဆိုင္ရာ လုပ္ငန္းမ်ားအတြက္ ဥပေဒမ်ား၊ မူဝါဒေရးရာမ်ားအေပၚ ေလ့လာဆန္းစစ္၍လိုအပ္သည့္ အႀကံျပဳခ်က္မ်ားတင္ျပျခင္း၊

- ႏိုင္ငံတြင္းႏွင့္ ႏိုင္ငံတကာရွိ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ား၊ နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္းမ်ား အတြက္ စီမံကိန္းမ်ား ေရးဆြဲတင္ျပျခင္း၊

- ေခတ္မီနည္းပညာမ်ား က်ယ္ျပန႔္စြာ အသုံးျပဳႏိုင္ေရးအတြက္ ျပည္တြင္း၊ ျပည္ပ အဖြဲ႕အစည္းမ်ားႏွင့္ နည္းပညာပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ သုေတသန ခ်ိတ္ဆက္ လုပ္ေဆာင္ျခင္း၊

- ႏိုင္ငံအက်ိဳးျပဳ သုေတသနလုပ္ငန္းမ်ား၊ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး အေထာက္အကူျပဳ သုေတသနလုပ္ငန္းမ်ား အမွန္တကယ္ ေပၚထြန္းလာေစရန္ႏွင့္ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္လာေစရန္အတြက္ အရည္အေသြးျပည့္ဝေသာ သုေတသန စမ္းသပ္ပစၥည္းမ်ား ထုတ္လုပ္ေပးျခင္း၊

- ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစမည့္ ေခတ္မီလူ႔စြမ္းအား အရင္းအျမစ္မ်ားႏွင့္ နည္းပညာရပ္ဆိုင္ရာ ကြၽမ္းက်င္သူမ်ား ရရွိေရးအတြက္ စီစဥ္ေဆာင္႐ြက္ျခင္း၊

- ျပည္တြင္းႏွင့္ ႏိုင္ငံတကာကြၽမ္းက်င္ပညာရွင္မ်ား ဖိတ္ေခၚ၍ အလုပ္႐ုံ ေဆြးေႏြးပြဲမ်ား၊ သင္တန္းမ်ား က်င္းပျပဳလုပ္ျခင္း၊

- ျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းမ်ားႏွင့္ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ရန္ႏွင့္ ႏိုင္ငံေတာ္၏ နည္းပညာက႑ ဖြံ႕ၿဖိဳးတိုးတက္ လာေစရန္အတြက္  နည္းပညာဆိုင္ရာ ေထာက္ပံ့ေရးဌာန (Technical Support Center) ထူေထာင္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ျခင္း၊

- ႏိုင္ငံေတာ္ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ မရွိမျဖစ္လိုအပ္ေသာ အီလက္ထေရာနစ္ အုပ္ခ်ဳပ္ေရးစနစ္ ပီပီျပင္ျပင္ အေကာင္အထည္ေဖာ္ႏိုင္ေရး အတြက္ ICT နည္းပညာျမႇင့္တင္ျခင္းႏွင့္ အသုံးခ်ျခင္းတို႔အား ပူးေပါင္း ေဆာင္႐ြက္ျခင္း၊

Hardware & Networking (147) Hardware & Networking ႏွင့္ပတ္သက္ျပီး သင္တန္း (၁၄၇) ခုရွာရန္ႏွိပ္ပါ။

- အစိုးရဌာနမ်ားအၾကား၊ ျပည္သူလူထုႏွင့္ဌာနမ်ားအၾကား၊ ဌာနအတြင္း Online မွတစ္ဆင့္ သတင္းအခ်က္အလက္မ်ား အျပန္အလွန္ ဖလွယ္ႏိုင္ေရး အတြက္ လိုအပ္ေသာ Infrastructure မ်ား တည္ေဆာက္ျခင္းႏွင့္ နည္းပညာ ပိုင္းဆိုင္ရာ လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊

- အီလက္ထေရာနစ္နည္းပညာ အသုံးခ်သိမ္းဆည္းထားသည့္ သတင္းအခ်က္ အလက္မ်ား ပ်က္စီးျခင္း၊ ေပါက္ၾကားျခင္း၊ ေပ်ာက္ဆုံးျခင္း မရွိေစေရးအတြက္ လိုအပ္ေသာ လုံၿခဳံေရးအစီအမံမ်ား ေဆာင္႐ြက္ျခင္း၊

- ဌာန၏ e-Government စနစ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ႏွင့္ အေထာက္အကူျပဳ အီလက္ထေရာနစ္နည္းပညာ အသုံးခ်သင္တန္းမ်ား ဖြင့္လွစ္ ပို႔ခ်ရန္ ေဆာင္႐ြက္ျခင္း၊

Read More:>>>  စင္ကာပူ-ျမန္မာသက္ေမြးသင္တန္းေက်ာင္းမွ သင္တန္းဆင္းေက်ာင္းသား (၆၀) ရာခိုင္ႏႈန္းအလုပ္အကိုင္ရရွိ

- အမ်ားျပည္သူႏွင့္ ႏိုင္ငံတကာသို႔ Web Site မွတစ္ဆင့္ ဌာန၏ အသိေပး အေၾကာင္းၾကားလိုသည့္ သတင္းအခ်က္အလက္မ်ားကို ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ အခ်ိန္ႏွင့္တစ္ေျပးညီ တင္ျပႏိုင္ေရး ေဆာင္႐ြက္ျခင္း၊
(www.edge.com.mm)
 

Latest Post Read 638 times