Sales Hotline : 09448001653       Download App



အခြေခံပညာဦးစီးဌာနမှ အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုကနေတဆင့် သင်ကြားပို့ချမည်

အခြေခံပညာအတန်းများအတွက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုကနေတဆင့် သင်ကြားပို့ချမှုတွေကို အောက်တိုဘာလကုန်ပိုင်းမှာ စတင်ထုတ်လွှင့်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြာခဲ့ပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပေါ်နေမှုကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အိမ်မှာနေထိုင်ရင်း အကျိုးရှိရှိလေ့လာနိုင်ရန်နှင့် သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေဖို့အတွက် သင်ခန်းစာများကို အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုကနေတဆင့် သင်ကြားပို့ချနိုင်ရန် အခြေခံပညာဦးစီးဌာနက စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။"ကလေးများက ထိုသိုသင်ယူမှုကြောင့် တတ်မြောက်သွားမည်ဟု တစ်ထပ်ချပြော၍ မရဘူးပါ။"

အကယ်၍ ထိုသို့ ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ ထုတ်လွှင့်မှု အောင်မည်လျှင် ဆရာ/ဆရာမ ၄ သိန်းခွဲခန့်က ခန့်စရာမလိုတော့ပါ။ သို့ပေမယ့် ဆရာ/ဆရာမဖြင့် သင်ကြားခြင်းက ပို၍အထိ ရောက်ဆုံးဖြစ်ပါတယ်လို့သိရပါတယ်။ ဆရာ/ဆရာမများအနေဖြင့် သင်ယူမှုအခွင့်အလမ်းများ ပိတ်သွားတယ်မရှိအောင် တတ်နေပြီးသား သိနေပြီးသားများကို ပိုပြီး၍ အဆက်ပြတ်မသွားအောင် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သင်ကြားပို့ချမှုများ မစတင်မီကာလမှာတော့ ကျောင်းသားကျောင်းသူများ၏ လက်ထဲအရောက် ပုံနှိပ်စာအုပ်များဖြန့်ဝေပေးနိုင်အောင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုကနေတစ်ဆင့်သင်ကြားပို့ချခြင်းသည် ဒီပညာသင်နှစ်အတွင်းမှာ သင်ကြားမှုပြီးစီးနိုင်ဖို့အတွက် ဘာသာရပ်တစ်ခုချင်းစီအလိုက်မဖြစ်မနေသိသင့်သည့် အပိုင်းများကိုသာထည့်သွင်းပြီး သင်ရိုးညွှန်းတမ်း၏ ၅၀ ရာခိုင်နှုန်းကိုသာ သင်ကြားသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

သင်ကြားမှုစတင်နိုင်ဖို့အတွက် သင်ခန်းစာအလိုက် စခရစ်ရေးသားမှုများနှင့် ရိုက်ကူးအသံသွင်းခြင်းများကို လုပ်ဆောင်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အွန်လိုင်းမှတစ်ဆင့် သင်ကြားရာမှာ ကျောင်းသား၊ ကျောင်းသူများသင်ယူချင်စိတ်ရှိရန် မိဘများဘက်မှ ပံ့ပိုးရန်လိုသလို ဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့တာဝန်ကျနေတဲ့ ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို ပံ့ပိုးပေးရမှာဖြစ်တယ်လို့သိရပါတယ်။ 

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကာလတွင် ကျောင်းများပိတ်ထားပေမဲ့ ဆရာ/ဆရာမများအတွက် အားလပ်ချိန်ကျောင်းပိတ်ရက်မဟုတ်ပါဘူးဟု အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။ 

ထိုအချိန်တွင်ဆရာ/ဆရာမများသည် မိမိတာဝန်ကျရာကျောင်းများအသီးသီတွင်ရှိနေသင့်ပါတယ်လိုသိရပါတယ်။ အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုမှတစ်ဆင့် စတင်လွှင့်ပြီဆိုတာနှင့် မိမိတာဝန်ကျရာနေရာများတွင် ရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ သို့မဟုတ် မိဘများမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းဖြစ်စေ၊ လူကိုယ်တိုင်လာရောက် အကူအညီတောင်းခြင်းဖြစ်စေ ဖြေကြားရှင်းပြပေးရန် လိုအပ်ပါမယ်လို့သိရပါတယ်။ 

ထိုသို့လူကိုယ်တိုင်လာရောက်အကူအညီတောင်းချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ social distancing ဖြင့်သတ်မှတ်ပြီး ရှင်းပြကူညီခိုင်းမည်ဟုသိရပါတယ်။
Source: DVB TVnews

Latest Post Read 3535 times