Sales Hotline : 09448001653       Download App



အသက် ၁၂ မှ ၁၈ နှစ်‌‌အောက် ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၁၂ ရက်‌မှစ၍ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

 

 

မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်‌‌အောက် ကျောင်းသားကျောင်းသူများကို အောက်တိုဘာ ၁၂ ရက်မှစ၍ COVID-19 ကာကွယ်ဆေး Sinovac ထိုးပေးမည်ဖြစ်ပြီးရည်မှန်းဦးရေတစ်သန်းကျော် ထိုးနှံပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန များအစည်းအဝေးတွင် အခြေခံပညာအလယ် တန်းနှင့် အထက်တန်းကျောင်းသားကျောင်း သူများအား COVID-19 ကာ ကွယ်ဆေးထိုးနှံ ပေးမည့်အစီအစဉ်ကို ကာကွယ်ဆေးထိုးစီမံ ချက်မှ တင်ပြချက်များအရ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အကျုံး ဝင်မည့်ကလေးများမှာ ၂၀၂၁ ဇွန်လတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်လျက်ရှိ သည့် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အောက် ကျောင်းသားကျောင်းသူများအား ထိုးနှံပေး မည်ဖြစ်ပြီး ရည်မှန်းဦးရေ တစ်သန်းကျော်ထိုး နှံပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကာကွယ်ဆေးစတင်ထိုးနှံရာတွင် နေ ပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့နယ် သုံးခုတွင် အကြို Pilot အနေဖြင့် ခန့်မှန်းအောက်တိုဘာ ၇ ရက် သို့မဟုတ် ၈ ရက်တွင် စတင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် အောက်တိုဘာ ၁၂ ရက်မှစတင်ရန် ရည်ရွယ်ထားကြောင်း သိရ သည်။

ကာကွယ်ဆေးထိုးရာတွင် Sinovac (Corona Vac) ကာကွယ်ဆေးကို အသုံးပြု မည်ဖြစ်ပြီး နှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ကာ အဆိုပါကာကွယ်ဆေးကို တစ်ကြိမ်လျှင် သုည ဒသမ ၅ မီလီဖြင့် လေးပတ်ခြား၍ ထိုးပေးမည်ဖြစ်သည်။

အဆိုပါဆေးကို တရုတ်နိုင်ငံအစိုးရက အသက် သုံးနှစ်မှစ၍ ၁၇ နှစ်အထိ ထိုးနှံရန် အရေးပေါ်အသုံးပြုခွင့်ရရှိထားသော ကာကွယ် ဆေးဖြစ်ပြီး တရုတ်နိုင်ငံ၊ ချီလီနိုင်ငံနှင့်ကမ္ဘော ဒီးယားနိုင်ငံတို့တွင် အမြောက်အမြားထိုးနှံပြီး ဖြစ်သည်။

လက်ရှိတွင် SinoVac ကာကွယ်ဆေး ခုနစ်သိန်းကျော်ရှိပြီး အောက်တိုဘာ ၁၃ - ၁၄ ရက်တွင် တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ကာကွယ်ဆေးနှစ်သန်း ထပ်မံရောက်ရှိမည် ဖြစ်သဖြင့် ကာကွယ်ဆေးစုစုပေါင်း ၂ ဒသမ ၇ သန်း (လူဦးရေ ၁ ဒသမ ၃၅ သန်း) အသုံးပြု ထိုးနှံပေးရန် ရည်မှန်းထားကြောင်း သိရသည်။

ကျောင်းသားအားလုံး မထိုးမနေရမ ဟုတ်ဘဲ ၎င်းတို့၏ ရွေးချယ်ခွင့်ဖြစ်ပြီး မထိုးသူများကိုလည်း ကျောင်းတက်ခွင့်မပိတ်ပင် ကြောင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းဖြင့် COVID-19 ကပ်ရောဂါဆိုးမှ ကာကွယ်နိုင် သည့်အပြင် အခြားသူများကိုလည်း ကူးစက်မှု မှ လျှော့ချနိုင်ကြောင်းသိရသည်။

ကာကွယ်ဆေးသည် ရောဂါပိုးအရှင်မပါ ဝင်ဘဲ ရောဂါပိုးကိုသေအောင်၊ အင်အားနည်း အောင်၊ ချည့်နဲ့အောင်ပြုလုပ်ထားပြီး ခန္ဓာ ကိုယ်ထဲရောက်မှ ကိုယ်ခံအားထုတ်နိုင်အောင် ဖန်တီးထားသော ရှေးရိုးနည်းဖြင့် ထုတ်လုပ် သောကာကွယ်ဆေးဖြစ်သဖြင့် အန္တရာယ် ကင်း‌ကြောင်း၊ မွေးစမှ ကလေးငယ်များတွင် ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးအများစု ထုတ်လုပ်ထားသော နည်းစနစ်အတိုင်းပင်ဖြစ် ကြောင်း သိရသည်။

နောက်ဆက်တွဲဖြစ်ရပ်အနေဖြင့် တရုတ်နိုင်ငံ၌ ထိုးနှံသူ ၆၃ သန်းအနက် နောက် ဆက်တွဲဖြစ်ပွားသူ ၁၇၇၉ ဦးသာ ရှိသဖြင့် လူတစ်သိန်းလျှင် ၂ ဒသမ ၈ ဦးခန့်သာ ရှိ သည်ကို တွေ့ရကြောင်း၊ သာမန်နောက်ဆက် တွဲပြဿနာများအဖြစ် ခေါင်းမူးခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေ ပြားယားယံခြင်း၊ အနီပြင်ထွက်ခြင်း၊ အန်ခြင်း စသည့်လက္ခဏာများဖြစ်နိုင်သော်လည်း ဖြစ် ပွားသူအလွန်နည်းပါးစွာရှိပြီး အချိန်တိုအတွင်း ပျောက်ကင်း‌‌ကြောင်းနှင့် ဆေးထိုးစုရပ်များ တွင်လည်း အန္တရာယ်ကင်းအောင် စနစ်တကျ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပိတ်ရက်အပြီးတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကာကွယ်ဆေးအမြန်ဆုံးထိုးနှံပေးနိုင်ရန် စနစ်တကျအစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုး ဆောင်ရွက်မည့်အစီအစဉ်အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများ၊ Volunteer များ ပူးပေါင်း၍ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

news-eleven.com/

Latest Post Read 2172 times