Sales Hotline : 09448001653       Download App



Covid ကြောင့် ထိုင်းနိုင်ငံမှ ကျောင်းသားများ ယူကေတက္ကသိုလ်များသို့သွားရန်ရပ်ဆိုင်းမည်

ထိုင်းနိုင်ငံရှိအပြည်ပြည်ဆိုင်ရာကျောင်းတစ်ခုမှ ကျောင်းသားတစ်ယောက်၏ ပြောကြားပုံမှာ “အခုအချိန်မှာ ကျွန်ုပ်အဖေက ကျွန်ုပ်ယူကေကို ပညာသင်သွားဖို့ လွှတ်ရန် စိတ်ကူးမရှိသေးပါ။ လာမယ့်နှစ် ကျွန်ုပ်တက္ကသိုလ်တက်တဲ့အချိန်မှာ Covid-19 ကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ သေချာမပြောနိုင်ပါ။ အခြားကျောင်းသားတစ်ဦးမှလည်း ထို့သို့ပြောကြားခဲ့သေးသည် “ကျွန်ုပ်သည် နိုင်ငံရပ်ခြားမှ ကျောင်းတက်နေပါတယ်။ ဒါပေမယ့်မိဘတွေက ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကို သွားရောက်စုံးစမ်းကြပါတယ်။ ထိုသို့သွားရောက်စုံစမ်းပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်ုပ်အတွက် ယူကေမှ တက္ကသိုလ်များကို ထပ်မံစုံစမ်းရန်အကြံပြုကြတယ်။”

ထိုင်းနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာကျောင်းတွင် ဗြိတိသျှသင်ရိုးညွှန်းတမ်းသည် ကျွန်ုပ်၏အခန်းကဏ္ဍတွင် ဆဋ္ဌမအဆင့်အဖြစ်သတ်မှတ်ထားသည် အထက်တန်းပညာရေးပြီးဆုံးသည်နှင့် မည်သည့်တက္ကသိုလ်သို့ သွားရမည်ကို ဆုံးဖြတ်ရန် ကျောင်းသားများကို ကျွန်ုပ်အကြံပေးသည်။ သမိုင်းကြောင်းအရ ကျောင်းသားများသည် ယူကေ၊ ဥရောပ၊ အမေရိကန်နှင့် ကနေဒါရှိ တက္ကသိုလ်များသို့ တက်ရန်အာရုံစိုက်ခဲ့ကြသည်။

ယခုနှစ်မှာတော့ ကွဲပြားခြားနားသည်ကိုတွေ့ရသည်။ အထက်ဖော်ပြပါ တုန့်ပြန်မှုများသည် အလွန်ကျယ်ပြန့်သည်။ ကူးစက်ရောဂါကြောင့်ဖြစ်သော ကျန်းမာရေးအခြေအနေကြောင့် မိသားစုများသည် ၎င်းတို့၏ ကလေးများကိုယူကေသို့ ပို့ရန်တွန့်ဆုတ်နေကြသည်ဟုသိရသည်။ အထူးသဖြင့် ကျောင်းလခသည် နိုင်ငံတကာကျောင်းသားများအတွက်ပေါင် ၂၀၀၀၀ အထိဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် ပညာသင်ကြားနေသော အဓိကလူမျိုးစုများမှာထိုင်း၊ ကိုရီးယားနှင့် တရုတ်လူမျိုးများဖြစ်ကြသည်။

ကျွန်ုပ်၏ စာသင်ခန်းရှိ whiteboard ကြီးပေါ်တွင် Year 13 မှ ကျောင်းသားများ၏ တက္ကသိုလ်ရွေးချယ်မှုများကို ရေးထားသည်ကိုတွေ့ရသည်။ ဒီနှစ်မှာတော့ သူတို့ထဲက အတော်များများဟာ အိမ်နဲ့နီးနီး ကပ်ကပ်လေ့လာချင်ကြသည်။ ထိုင်းကျောင်းသားများသည် ထိုင်းနိုင်ငံတွင် နေထိုင်ရန် ရွေးချယ်ခြင်း၊ ကိုရီးယားကျောင်းသားများသည် ကိုရီးယားသို့ပြန်ချင်ကြသည်။ ကျွန်ုပ်နှင့်အတူ အလုပ်လုပ်သော တရုတ်ကျောင်းသားများသည် ဂျပန်နှင့် စင်ကာပူတို့တွင်ရှိသော တက္ကသိုလ်များအပြင် ယူကေတက္ကသိုလ်များနှင့် အရှေ့တောင်ဘက်ရှိ အပြည်ပြည်ဆိုင်ရာဌာနခွဲ ကျောင်းများရှိ တက္ကသိုလ်များပါဝင်သည်။ Covid-19 ပြဿနာများနှင့်အတူ ကျွန်ုပ်တို့သည် အိမ်နှင့် ပိုမိုနီးကပ်စွာနေရန် နောက်ထပ်အကြောင်းပြချက်ရှိသည်။ ထိုအကြောင်းအရာများသည် QS ကမ္ဘာ့တက္ကသိုလ်အဆင့်အရ သိရသည်။

အာရှတက္ကသိုလ်တွေဟာ သူတို့ရဲ့ ထိပ်တန်းဥရောပပြိုင်ဖက်တွေကို ဆွဲထုတ်နေပါတယ် ''ဥရောပမှာရှိတဲ့ တက္ကသိုလ် ၃၄ ခုနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ် ၁၀၀ တွင် ၂၆ ခုသာရှိသည်။ အင်အားမှ စွမ်းအားသို့ပြောင်းလဲရန် ရည်မှန်းချက်ကြီးသည့် အစီအစဉ်များလည်းရှိသည်ဟုသိရသည်။ အောက်စ်ဖို့ဒ်ရှိ ကမ္ဘာ့အဆင့်မြင့်ပညာရေးစင်တာ၏ ဒါရိုက်တာဆမ်မွန်မာဂျင်ဆင်က အရှေ့အာရှနိုင်ငံများသည် ကူးစက်ရောဂါအပေါ် ပိုမိုကောင်းမွန်သော တုန့်ပြန်ဆောင်ရွက်မှုသည် လာမည့်အဓိကနှင့် အများဆုံးရှာဖွေလိုသည့် ကျောင်းသားများဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုသို့ ကျောင်းသားများအနေဖြင့် အရှေ့နှင့်အနောက်ရှိတက္ကသိုလ်များတွင်သွားရောက်ပညာသင်ကြားရန် နိုင်ငံတကာအဆင့်မြင့်ပညာရေးကို ကိုယ်စားပြုနိုင်ပါသလား။ မကြာသေးမီက ဟောင်ကောင်ရှိ ပညာရှင်များ၏ သုတေသနပြုချက်အရ စစ်တမ်းကောက်ယူခဲ့သော တရုတ်ကျောင်းသား ၈၄ ရာခိုင်နှုန်းသည် ကူးစက်မှုဖြစ်ပွားပြီးနောက်ပြည်ပတွင် ကျောင်းတက်ရန် စိတ်ဝင်စားမှု မရှိကြောင်းဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်က ယူကေရှိ ကျောင်းသား ၁၂၀,၀၀၀ သည် တရုတ်လူမျိုးများဖြစ်ပြီး ပြီးခဲ့သည့်နှစ်က လျှောက်လွှာ ၃၀ ရာခိုင်နှုန်းအထိလျှောက်ခဲ့ကြသည်။

အဆိုပါ တရုတ်နိုင်ငံသားများ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ပြည်ပမှ ဗြိတိသျှကောင်စီတွင်ကျောင်းတက်ရန် လျှောက်ထားခဲ့သော ကျောင်းသားအရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၄၇% ဟာ ၎င်းတို့၏ တက္ကသိုလ် စတင်ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြကြောင်းတွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အာရှတက္ကသိုလ်များ အရည်အသွေးမြင့်မားလာခြင်းသည် နိုင်ငံတကာကျောင်းသားများ အသိအမှတ်ပြုခြင်းတို့ကြောင့်နှင့် ထိုသို့ “သက်တောင့်သက်သာဖြစ်စေသောနေရာ” သည် ကျောင်းသားများ၏ တက္ကသိုလ်ရွေးချယ်ခြင်းသည် အိမ်နှင့်နီးကပ်စွာနေနိုင်ရန်ဖြစ်သည်။

ရလဒ်အနေနှင့် ဗြိတိန်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်လိုက်သောအခါ ၎င်းတို့သည် ရွေးချယ်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေရန်နှင့် သေချာစေရန် ယခင်ကထက် ပိုမိုကြိုးစားရမည်။ အဓိကဖြေရှင်းနည်း တစ်ခုကတော့ အရှေ့အာရှကျောင်းသားတစ်ဝက်လောက်နှင့် တွေ့ဆုံခြင်းဖြစ်နိုင်သည်။ Nottingham တက္ကသိုလ်မှ မလေးရှားနှင့် တရုတ်နိုင်ငံတို့တွင်ရှိသော ကျောင်းသားများသည် ဌာနခွဲကျောင်းများ၏ အရည်အသွေးနှင့် သင်ကြားခြင်းကို တိုးချဲ့ခြင်းအားဖြင့်တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ကျွန်ုပ်၏ ရှုထောင့်မှကြည့်လျှင် ဗြိတိန်တက္ကသိုလ်များသည် ကျေနပ်လောက်သောပုံ မပေါ်ပါ။

အပြည်ပြည်ဆိုင်ရာဌာနခွဲကျောင်းများ၏ နောက်ဆုံးကျောင်းသားစာရင်းကိုပင် ကျွန်ုပ်မတွေ့နိုင်ပါ။ ကျွန်ုပ်၏ စာပုံးသည် virtual event များ၊ ဥရောပနှင့်အမေရိကန်တက္ကသိုလ်များမှ ဖွင့်လှစ်သော ဖိတ်စာ စာအိတ်များနှင့် ပြည့်နေစဉ် ဗြိတိန်နိုင်ငံမှ သူငယ်ချင်းများက တိတ်ဆိတ်စွာနေနေကြသည်။ အရှေ့အာရှက ကျောင်းသားတွေများက ထိုတက္ကသိုလ်သို့ တက်ရောက်လိမ့်မယ်လို့ မထင်ဖို့ သူတို့သူငယ်ချင်းများကို တိုက်တွန်းချင်ပါတယ်လို့သိရပါသည်။

Ref: theguardian

By Yu Khine

International Latest Post Read 673 times