COVID-19 ကာကွယ်တားဆီးရေးအတွက် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့များ ကျောင်းများတွင် ထားရှိမည်

အခြေခံပညာ အထက်တန်း အဆင့်အတန်းများကို ဇူလိုင် ၂၁ ရက်တွင်  စတင်ဖွင့်လှစ်ခဲ့ရာ၌ COVID-19 ကာကွယ်ပြင်ဆင်မှုအဆင့် (A) ရသည့်ကျောင်းများကိုသာ ပြန်ဖွင့်ခွင့် ပြုခဲ့သည်။

ထိုသို့ အဆင့်(A) ရပြီးသည့် ကျောင်းများအနေဖြင့် အဆင့်မီသည့် အဆင့်အတန်း လျော့မကျသွားအောင် ထိန်းသိမ်းထားနိုင်ရန် ကျောင်းအသီးသီးတွင် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့ များ ထားရှိ ဆောင်ရွက်သွားမည် ဖြစ်သည်။ 

ထို့အပြင် မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်ဆန်းစစ်အဖွဲ့များလည်း ထားရှိပြီး ကျောင်းများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး 

ပေါ့လျော့ ပျက်ကွက်မှု ရှိပါက အရေးယူဖို့ထက် လိုအပ်ချက်များကို ပြုပြင်ဖြည့်ဆည်းရန် ရည်ရွယ်ချက် ထားရှိသည်ဟု သိရသည်။

Latest Post News Read 824 times