Sales Hotline : 09448001653       Download App



COVID-19 ကြောင့် ဘွဲ့လွန်မာလ်တီမီဒီယာ(ပညာရေး) သင်တန်းဝင်ခွင့်စာမေးပွဲဆိုင်းငံ့

** Unicode **

အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ် ခန့်အပ်မည့် ဘွဲ့လွန်မာလ်တီမီဒီယာ အတတ်ပညာ (ပညာရေး) သင်တန်းဝင်ခွင့်စာမေးပွဲကို COVID-19 ကြောင့် ဆိုင်းငံ့ကြောင်း မတ်လ (၁၉) ရက်တွင် စတင်ကြေညာခဲ့ပါတယ်။

သင်တန်းဝင်ခွင့်စာမေးပွဲကို မေလ (၅) ရက်တွင် ကျင်းပရန်မူလက စီစဉ်ထားသော်လည်း COVID-19 ကြောင့် စာမေးပွဲကျင်းပမည့်အစီအစဉ်ကို ဆိုင်းငံ့ကြောင်း မြို့နယ်ပညာရေးမှူးများမှတစ်ဆင့် ဝင်ခွင့်လျှောက်ထားသူများထံ အကြောင်းကြားထားပါတယ်။

ယခုအချိန်ကာလ အပိုင်းအခြားတွင် သင်တန်းများအားလုံး ဖွင့်ရန်ကိုဆိုင်းငံ့လိုက်ပါတယ်။ B.Ed (စာပေးစာယူ) သင်တန်း၊ PGDMA ဝင်ခွင့်များ အပါအဝင်သင်တန်းများကို ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲများကို စစ်ဆေးခြင်းမရှိသေးဟု သိရပါတယ်။

ဘွဲ့လွန်မာလ်တီမီဒီယာအတတ်ပညာ (ပညာရေး) (PGDMA) ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမည့်ရက်ကို ထပ်မံအကြောင်းကြားမည်ဟု ပညာရေးတက္ကသိုလ်များ၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

PGDMA သင်တန်းဝင်ခွင့်အတွက် ဘွဲ့ရထားပြီး အသက် (၂၅) နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက ဘွဲ့ရထားပြီး အမြဲတမ်းဝန်ထမ်းအဖြစ်အနည်းဆုံးလု်သက် (၂) နှစ်ရှိသည့် အသက် (၃၅) နှစ်ထက်မကြီးသူများကို ဖေဖော်ဝါရီလ (၂၆) ရက်အထိ လျှောက်ထားခွင့်ပြုထားခဲ့ပါတယ်။

ဝင်ခွင့်လျှောက်ထားသူများကို ဧပြီ (၅) ရက်တွင် ရန်ကုန်နှင့် စစ်ကိုင်းရှိ စာဖြေဌာနများတွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲစစ်ဆေးရန်နှင့် ရေးဖြေအောင်မြင်သူများကို မေလ (၂၁) ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် မန္တလေးပညာရေးတက္ကသိုလ်တွင် နှုတ်ဖြေစစ်ဆေးရန်လျာထားခဲ့ပါတယ်။

PGDMA သင်တန်းကို ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနများ၏ အစီအစဉ်ဖြင့် နှစ်စဉ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် အပတ်စဉ် (၂၁) သင်တန်းဖွင့်မည်ဖြစ်ပါတယ်။

Journalism (10) သတင်းပညာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

၎င်းသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ယခုနှစ် ဇွန်လမှ (၂၀၂၁) ဧပြီလဆန်းပိုင်းအထိ (၁၀) လကြာတက်ရောက်ရမည်ဖြစ်ပါတယ်။

Read More:>>> စနစ်သစ်ပညာရေးတွင် သင်ယူရမည့် ဘာသာရပ်နှင့် ရှင်းလင်းချက်များ

သင်တန်းတက်ရောက်အောင်မြင်ပြီးပါက အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ်ခန့်အပ်မည်ဖြစ်ပါတယ်။

Credti: 7Day News

 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားတြင္ အလယ္တန္းျပအျဖစ္ ခန္႔အပ္မည့္ ဘြဲ႔လြန္မာလ္တီမီဒီယာ အတတ္ပညာ (ပညာေရး) သင္တန္းဝင္ခြင့္စာေမးပြဲကို COVID-19 ေၾကာင့္ ဆိုင္းငံ့ေၾကာင္း မတ္လ (၁၉) ရက္တြင္ စတင္ေၾကညာခဲ့ပါတယ္။

သင္တန္းဝင္ခြင့္စာေမးပြဲကို ေမလ (၅) ရက္တြင္ က်င္းပရန္မူလက စီစဥ္ထားေသာ္လည္း COVID-19 ေၾကာင့္ စာေမးပြဲက်င္းပမည့္အစီအစဥ္ကို ဆိုင္းငံ့ေၾကာင္း ၿမိဳ႕နယ္ပညာေရးမွဴးမ်ားမွတစ္ဆင့္ ဝင္ခြင့္ေလွ်ာက္ထားသူမ်ားထံ အေၾကာင္းၾကားထားပါတယ္။

ယခုအခ်ိန္ကာလ အပိုင္းအျခားတြင္ သင္တန္းမ်ားအားလံုး ဖြင့္ရန္ကုိဆိုင္းငံ့လိုက္ပါတယ္။ B.Ed (စာေပးစာယူ) သင္တန္း၊ PGDMA ဝင္ခြင့္မ်ား အပါအဝင္သင္တန္းမ်ားကို ပိတ္လိုက္ျခင္းျဖစ္ပါတယ္။ ဝင္ခြင့္စာေမးပြဲမ်ားကို စစ္ေဆးျခင္းမရွိေသးဟု သိရပါတယ္။

ဘြဲ႔လြန္မာလ္တီမီဒီယာအတတ္ပညာ (ပညာေရး) (PGDMA) ဝင္ခြင့္စာေမးပြဲ ျပန္လည္က်င္းပမည့္ရက္ကို ထပ္မံအေၾကာင္းၾကားမည္ဟု ပညာေရးတကၠသုိလ္မ်ား၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားပါတယ္။

PGDMA သင္တန္းဝင္ခြင့္အတြက္ ဘြဲ႔ရထားၿပီး အသက္ (၂၅) ႏွစ္ထက္မႀကီးသူ၊ ဝန္ထမ္းျဖစ္ပါက ဘြဲ႔ရထားၿပီး အျမဲတမ္းဝန္ထမ္းအျဖစ္အနည္းဆံုးလု္သက္ (၂) ႏွစ္ရွိသည့္ အသက္ (၃၅) ႏွစ္ထက္မႀကီးသူမ်ားကို ေဖေဖာ္ဝါရီလ (၂၆) ရက္အထိ ေလ်ွာက္ထားခြင့္ျပဳထားခဲ့ပါတယ္။

ဝင္ခြင့္ေလ်ွာက္ထားသူမ်ားကို ဧၿပီ (၅) ရက္တြင္ ရန္ကုန္ႏွင့္ စစ္ကိုင္းရွိ စာေျဖဌာနမ်ားတြင္ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတ ေရးေျဖစာေမးပြဲစစ္ေဆးရန္ႏွင့္ ေရးေျဖေအာင္ျမင္သူမ်ားကို ေမလ (၂၁) ရက္တြင္ ရန္ကုန္ပညာေရးတကၠသုိလ္ႏွင့္ မႏၱေလးပညာေရးတကၠသုိလ္တြင္ ႏႈတ္ေျဖစစ္ေဆးရန္လ်ာထားခဲ့ပါတယ္။

PGDMA သင္တန္းကို ရန္ကုန္ႏွင့္ စစ္ကိုင္းပညာေရးတကၠသုိလ္ရွိ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႔ၿဖိဳးမႈဌာနမ်ား၏ အစီအစဥ္ျဖင့္ ႏွစ္စဥ္ဖြင့္လွစ္ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ အပတ္စဥ္ (၂၁) သင္တန္းဖြင့္မည္ျဖစ္ပါတယ္။

Journalism (10) သတင္းပညာသင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

၄င္းသင္တန္းကို ရန္ကုန္ပညာေရးတကၠသုိလ္ႏွင့္ စစ္ကိုင္းပညာေရးတကၠသုိလ္တြင္ ယခုႏွစ္ ဇြန္လမွ (၂၀၂၁) ဧၿပီလဆန္းပိုင္းအထိ (၁၀) လၾကာတက္ေရာက္ရမည္ျဖစ္ပါတယ္။

Read More:>>> စနစ္သစ္ပညာေရးတြင္ သင္ယူရမည့္ ဘာသာရပ္ႏွင့္ ရွင္းလင္းခ်က္မ်ား

သင္တန္းတက္ေရာက္ေအာင္ျမင္ၿပီးပါက အေျခခံပညာေက်ာင္းမ်ားတြင္ အလယ္တန္းျပအျဖစ္ခန္႔အပ္မည္ျဖစ္ပါတယ္။

Credti: 7Day News

News Tips News Tips Latest Post Read 703 times