သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၏ အောင်စာရင်းနှင့် ကျောင်းဖွင့်မည့်ရက်

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဖွင့်လှစ်ထားသည့် သင်တန်းနှစ်များအလိုက် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်) နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ 

 


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်) များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

 

(၁) အောင်စာရင်းထုတ်ပြန်မည့်ရက်

ပထမနှစ်၊ ဒုတိယနှစ်၊ MII (ပထမနှစ်ဝက်)    - ၂၉.၁၀.၂၀၂၄ (အင်္ဂါနေ့)

 

(၂) ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)   

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ပထမနှစ်ဝက်) - ၁၄.၁၁.၂၀၂၄ ( ကြာသပတေးနေ့)

တတိယနှစ်၊ စတုတ္ထနှစ်၊ MI၊ MII (ဒုတိယနှစ်ဝက်)  - ၁၄.၁၁.၂၀၂၄ ( ကြာသပတေးနေ့)

 

(၃) ကျောင်းစတင်ဖွင့်လှစ်မည့်ရက် 

သင်တန်းနှစ်များအားလုံး     - ၂၁.၁၁.၂၀၂၄ ( ကြာသပတေးနေ့)


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၏ အောင်စရင်းထုတ်ပြန်မည့်ရက်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်လက်ခံမည့်ရက်၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။ 
 

(၁) အောင်စာရင်းထုတ်ပြန်မည့်ရက်

ပထမနှစ်နှင့် ဒုတိယနှစ်    -  ၂၉-၁၀-၂၀၂၄ ရက်နေ့ (အင်္ဂါနေ့)

 

(၂) ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)   

ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် (ပထမနှစ်ဝက်) - - ၁၄-၁၁-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)

တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်တန်း (ဒုတိယနှစ်ဝက်) - ၁၄-၁၁-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)

 

(၃) ကျောင်းစတင်ဖွင့်လှစ်မည့်ရက် 

သင်တန်းနှစ်အားလုံး - ၂၁-၁၁-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)
 

Latest Post Local News Read 255 times