Sales Hotline : 09448001653       Download App



EQUALS in Tech Awards 2020 အတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်

International Telecommunication Union (ITU) Telecom World က ဖိတ်ကြားသောThe EQUALS Global Partnership for Gender Equality in the Digital Age မှ ကြီးမှူးကျင်းပမည့် EQUALS in Tech Awards 2020 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ICT ကဏ္ဍတွင် အမျိုးသမီးများ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်သည့် Gender Equality ဖြစ်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် စိတ်ပါဝင်စားတဲ့အဖွဲ့အစည်းများ (သို့) တစ်ဦးချင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ပြိုင်ပွဲကို Category လေးမျိုးနဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး Access, Skills, Leaderships (Two Subcategories-Leadership in SMEs and Leadership in Tech), Reasearch တွေပဲဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတစ်ဦးက Challenge တစ်ခုသာ ရွေးချယ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို https://www.equals.org/awards မှာလည်းကောင်း လေ့လာနိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ https://es.surveymonkey.com/r/equalsawards2020 သို့ သြဂုတ် (၁) ရက်နောက်ဆုံးထားကာ Online Nomination ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ ကဏ္ဍအသီးသီးအတွက် ဆုရရှိသူတွေကို နှစ်ကုန်ပိုင်းမှာ ရွေးချယ်ကြေညာပေးသွားမှာ ဖြစ်ပြီး ဆုပေးပွဲကို Virtual ပုံစံနဲ့ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ Online Link သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမှာ ဖြစ်ပြီး ပြိုင်ပွဲ လျှောက်ထားတဲ့အမျိုးအစား၊ အခြေအနေ နဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံး [email protected], [email protected] သို့ သြဂုတ် (၁) ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဖုန်း-၀၁-၆၅၂၃၀၇ နှင့် ၀၁-၂၃၀၅၂၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Credit: Internet Journal

 

Latest Post News Tips Read 444 times