Hysan Education နဲ့ KBZ Bank တို့ပူးပေါင်းပြီး Community Development ပိုင်းကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ထောက်ပံ့ကြေး သိန်း (၈၀) အထိ ပေးအပ်ချီးမြှင့်သွားမယ့်အပြင် Community Leader တစ်ယောက်မှာ လိုအပ်တဲ့ Skill တွေကိုပါ သင်တန်းပေးမယ့် Fully Funded Program လေးတစ်ခုကို စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီ Program လေးကို "Me-Us-The Future" လို့ခေါ်ပြီး Community ကို အကျိုးပြုချင်တဲ့ လူငယ်တစ်ယောက်ဖြစ်စေ၊ လူငယ်အဖွဲ့ဖြစ်စေ ကိုယ်စဉ်းစားထားတဲ့ ပရောဂျက်တွေ၊ အိုင်ဒီယာတွေရှိပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပံ့ပိုးပေးမယ့်သူ လိုအပ်တယ်ဆိုရင် လုံး၀ကို လက်လွှတ်မခံဘဲ လျှောက်သင့်ပါတယ်။
ဒီ Program ကို -
နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို Fully Funded နဲ့ ကလောမှာ တစ်ပတ်တိတိ In-person သင်တန်းပေးပြီး Final Pitching Competition ကို ပြုလုပ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
ဒီ Program ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ပြန်ရလာမှာလဲ?
ရက်သတ်မှတ်ချက်များ
နောက်ဆုံးလျှောက်ထားရမယ့်ရက် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်
ပထမအဆင့် ရွေးချယ်ခံရသူများ - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၂၀) ရက်
အွန်လိုင်သင်တန်း - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၄) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ
နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများ - ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၀) ရက်
ကလော တစ်ပတ် သင်တန်း - ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၈) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ
လျှောက်ထားရမယ့်လင့်ခ်
>> https://docs.google.com/forms/d/e/
ဒီ Program နဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တာရှိရင် Hysan Education Facebook Page မှာ သွားရောက် မေးမြန်းနိုင်ပါတယ်။
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။