Community Development ပိုင်း စိတ်ဝင်စားသူများအတွက် အခမဲ့သင်တန်း

Community ကို အကျိုးပြုတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိုသူတွေအနေနဲ့ Institute for Federal and Parliamentary Studies က ဖွင့်လှစ်ထားတဲ့ အခမဲ့ အွန်လိုင်းသင်တန်းကို လျှောက်ထားနိုင်ပါတယ်။

"Leadership for Community Development" အခမဲ့ သင်တန်းကို မေလ (၄) ရက်နေ့ကနေစပြီး (၄) ပတ်တာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့မှာ ည (၇) နာရီကနေ (၈) နာရီခွဲအထိ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ 

Community အတွက် အကျိုးပြုမယ့် လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ချင်သူတွေ၊ CSOs၊ NGOs တွေမှာ အလုပ်လုပ်ကိုင်နေပြီး ခေါင်းဆောင်စွမ်းရည် မြှင့်တင်လိုသူတွေ တက်ရောက်သင့်ပါတယ်။ 

ဒီသင်တန်းကနေ ဘာတွေ ရရှိမလဲ?

- ရပ်ရွာဖွံ့ဖြိုးရေးကဏ္ဍမှာ လိုအပ်တဲ့ ခေါင်းဆောင်မှု သဘောတရားများကို မှန်ကန်စွာ နားလည်လာစေရန်။

- လူထုပါဝင်မှုကို အခြေခံသော ချဉ်းကပ်နည်းများ (Participatory approaches) ကို လက်တွေ့အသုံးချနိုင်ရန်။ 

- မိမိရဲ့ အဖွဲ့အစည်းနှင့် သက်ဆိုင်သူများ (Stakeholders) ကို ထိရောက်စွာ စီမံခန့်ခွဲပြီး ဦးဆောင်နိုင်ရန်။ 

- ရပ်ရွာအကျိုးပြု စီမံကိန်းအငယ်စားလေးများ (Small-scale community initiatives) ကို ကိုယ်တိုင် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန်။

- ကျင့်ဝတ်နှင့်ညီပြီး လူတိုင်းပါဝင်နိုင်သော (Ethical and Inclusive) ခေါင်းဆောင်မှုအလေ့အကျင့်များကို လေ့လာသုံးသပ်နိုင်ရန်။

သင်တန်းတွင် သင်ကြားမည့် အကြောင်းအရာများ 

Week 1: Foundations of Leadership and Community Development (ခေါင်းဆောင်မှုနှင့် ရပ်ရွာဖွံ့ဖြိုးရေး အခြေခံသဘောတရားများ)

Week 2: Practical Leadership Skills (လုပ်ငန်းခွင်နှင့် ရပ်ရွာအတွင်း လက်တွေ့အသုံးချ ခေါင်းဆောင်မှု စွမ်းရည်များ)

Week 3: Leadership in Action and Application (ခေါင်းဆောင်မှုကို လက်တွေ့အကောင်အထည်ဖော်ခြင်း)

Week 4: Leading Community Change (ရပ်ရွာတွင်း အပြောင်းအလဲများကို ဦးဆောင်ခြင်းနှင့် Project Presentation ပြုလုပ်ခြင်း)

သင်တန်းအချိန်ဇယား

သင်ကြားမည့်ရက် - အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (Monday, Tuesday, Wednesday)

အချိန် - ည (၇) နာရီ မှ (၈) နာရီခွဲအထိ

စတင်မည့်ရက် - မေလ ၄ ရက်၊ ၂၀၂၆ ခုနှစ်

နေရာ - Zoom (Online)

စာတွေ့သီးသန့် မဟုတ်ဘဲ လက်တွေ့ Project တွေ ပါဝင်မယ့် သင်တန်းဖြစ်တာကြောင့် Commitment ရှိရှိ တက်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ အောက်ကလင့်ခ်ကနေတဆင့် မေလ (၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ 

> https://docs.google.com/forms/

သင်တန်းအား အသေးစိတ်စုံစမ်းရန် > https://www.facebook.com/eastsideccburma

===================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 331 times