၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဖွင့်လှစ်မည့် အောက်ပါ ဒီပလိုမာသင်တန်းများကို အောက်တိုဘာလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ပေးအပ်မည့် ဒီပလိုမာများမှာ -
(၁) Diploma in Social Enterprise Management| (Dip. S.E.M)
(၂) Diploma in Regional Development (Dip. R.D)
(၃) Diploma in Business Accounting (Dip. B.Acct)
(၄) Diploma in Marketing Management (Dip. M.M)
(၅) Diploma in Applied Statistics (Dip. A.S)
ယွန်းပညာကောလိပ် (ပုဂံ)မှ ပေးအပ်မည့် ဒီပလိုမာမှာ -
Diploma in Lacquerware Technology (Dip. L.T)
ဒီပလိုမာသင်တန်းများအတွက် သင်တန်းကာလမှာ (၂) နှစ်စီ ဖြစ်ပါသည်။ သင်တန်းကာလ (၂) နှစ် ပြီးမြောက်အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တို့တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့်ရှိသည်။
အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူ ဖြစ်ရမည်။
သမဝါယမကောလိပ်အသီးသီးသို့ လျှောက်ထားလာသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ် မူတည်၍ ရမှတ်အများ၊ အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
လျှောက်လွှာပုံစံနှင့် ပထမနှစ်ဝင်ခွင့် လမ်းညွှန်ချက်
> https://www.facebook.com/mcrdmyanmar/posts
လျှောက်လွှာများကို သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ တစ်ဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သမဝါယမကောလိပ် (မန္တလေး) သင်တန်းရေးရာဌာန၊ သမဝါယမကောလိပ် (ဖောင်ကြီး) သင်တန်းရေးရာဌာနနှင့် ယွန်းပညာကောလိပ် (ပုဂံ) သင်တန်းရေးရာဌာနတို့သို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)နှင့် ယွန်းပညာကောလိပ် (ပုဂံ) တို့သို့ ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်ထားခြင်းကို စက်တင်ဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၃၀) ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
အသေးစိတ် သိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၁၀၃၄၃၊ ၀၆၇-၃၄၁၀၂၇၃၊ ၀၉-၆၈၃၀၆၇၆၉၅၊ ၀၁-၈၆၂၆၀၇၄၊ ၀၆၁-၂၄၆၀၂၆၇ များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။