သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့မှ ပထမနှစ်ဝင်ခွင့်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဖွင့်လှစ်မည့် အောက်ပါ ဒီပလိုမာသင်တန်းများကို အောက်တိုဘာလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ပေးအပ်မည့် ဒီပလိုမာများမှာ -

(၁) Diploma in Social Enterprise Management| (Dip. S.E.M)

(၂) Diploma in Regional Development (Dip. R.D)

(၃) Diploma in Business Accounting (Dip. B.Acct)

(၄) Diploma in Marketing Management (Dip. M.M) 

(၅) Diploma in Applied Statistics (Dip. A.S) 

ယွန်းပညာကောလိပ် (ပုဂံ)မှ ပေးအပ်မည့် ဒီပလိုမာမှာ -

Diploma in Lacquerware Technology (Dip. L.T) 

Related Article : G-12 အောင်ထားသူတွေ လက်ရှိလျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

>> https://www.edge.com.mm/

ဒီပလိုမာသင်တန်းများအတွက် သင်တန်းကာလမှာ (၂) နှစ်စီ ဖြစ်ပါသည်။ သင်တန်းကာလ (၂) နှစ် ပြီးမြောက်အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တို့တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့်ရှိသည်။ 

အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူ ဖြစ်ရမည်။

သမဝါယမကောလိပ်အသီးသီးသို့ လျှောက်ထားလာသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ် မူတည်၍ ရမှတ်အများ၊ အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည် -

(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာမူရင်း

(ခ) အမှတ်စာရင်းမူရင်း

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

လျှောက်လွှာနှင့် လမ်းညွှန်များကို သမဝါယမဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်သမဝါယမဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ၊ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဝယ်ယူလျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိလိုသော အချက်အလက်များကို ဖုန်း-၀၆၇-၃၄၁၀၃၄၃၊ ၀၆၇-၃၄၁၀၂၇၃၊ ၀၉-၆၈၃၀၆၇၆၉၅၊ ၀၁-၈၆၂၆၀၇၄ နှင့် ၀၆၁-၂၄၆၀၂၆၇ များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Read 1445 times