Sales Hotline : 09448001653       Download App



CoC Updating Online Course (3/2020) ဖွင့်လှစ်မည်

CoC Updating Online Course (3/2020) ကို ဒီဇင်ဘာလ ၄ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (MMMC) မှသိရသည်။

တက်ရောက်မည့် Marine Engineer Officer များအားလုံးသည် အောက်ဖော်ပြပါလင့်သို့ ဝင်ရောက်၍ registration ပြုလုပ်ပေးရန် လိုအပ်သည်။
Registration Link >>>> Click Here

Registration ပြုလုပ်ပြီးပါက (သင်တန်းမတက်ရောက်မီ) လိုအပ်‌သော documents များဖြစ်သည့် CDC, CoC နှင့် Photo တို့ကို Viber Number  09252026633 သို့ soft copy များပို့ပေးရပါမည်ဖြစ်ပြီး Registration ပြုလုပ်ပြီးပါက Microsoft Teams application အား မိမိ၏ Laptop (PC) သို့မဟုတ် Mobile Phone ထဲတွင် installation ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်သည်။

Installation ပြုလုပ်ရန်အတွက် 
- For Window (Click Here)၊ 
- For Mac (Click Here)၊ 
- For ANDROID (Click Here)၊ 
- For IOS (Click Here) အစရှိသည့် Link များသို့ဝင်ရောက်၍ Installation ပြုလုပ်နိုင်ပါသည်။
Registration ပြုလုပ်ပြီးသော သင်တန်းသားတစ်ဦခြင်းဆီသို့လည်း email ဖြင့် User Guide, User name နှင့် Password များကို ပေးပို့သွားပါမည်ဖြစ်ပြီး သင်တန်းကြေးပေးသွင်းခြင်းကို Online စနစ်ဖြင့်သာ လက်ခံမည်ဖြစ်၍ Bank Account Number များသို့ email ပို့ထားမည်ဖြစ်သည်။

သင်တန်းကြေး မှာ ၄၀၀၀၀ ကျပ် (လေးသောင်းကျပ်)ဖြစ်ပြီး သင်တန်းကာလ မှာ ၃ နာရီဖြစ်ကာ CoC သက်တမ်း တစ်နှစ်ခွဲအောက်ရှိသူများသာ တက်ရောက်နိုင်မည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ်  095068253 ၊Email : [email protected] နှင့် Messenger : Department of Marine Engineering Studies -MMMC တို့တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Source: Transcom News Journal

 

Latest Post News Read 980 times