Sales Hotline : 09448001653       Download App



အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူနှင့် ကိုယ်ဝန်ဆောင်ဆရာမများကို တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာမစစ်ခိုင်းရန် ညွှန်ကြား

အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူနှင့် ကိုယ်ဝန်ဆောင်ဆရာမများကို တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာမစစ်ခိုင်းရန် ညွှန်ကြား

အသက် (၅၈) နှစ်အ ထက် ဆရာ၊ ဆရာမများ၊ ကျန်း မာရေးမကောင်းသူနှင့် ကိုယ်ဝန် ဆောင်ဆရာမများကို တက္ကသိုလ် ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးသည့် တာဝန်မပေးရန်၊ စာစစ်တာဝန်ပေးခံရသည့်ဆရာ၊ ဆရာမ များအား မင်္ဂလာဆောင်၊ ခရီး သွားခြင်း အကြောင်းပြချက်များ နှင့် တာဝန်ငြင်းပယ်ခွင့် မပြုရန် အခြေခံပညာဦးစီးဌာနက ညွှန် ကြားထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးရန် လုပ်သက် ၂ နှစ်အထက်ရှိ  ဆရာ၊ ဆရာမများကို ဖေဖော်ဝါရီမတိုင်မီ တာဝန်ပေးရန်နှင့် စာစစ်တာဝန်ပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များကို မြို့နယ်ပညာရေးမှူး ရုံး များသို့ အခြေခံပညာဦးစီးဌာနက ဇန်နဝါရီ ဒုတိယပတ်တွင် ညွှန်ကြားခဲ့သည်။

တာဝန်ပေးခံရသူများသည် မင်္ဂလာဆောင်ရှိခြင်း၊ ပညာ ရေးဘွဲ့စာပေးစာယူသင်တန်းအတွက် ကြိုတင်သွားရောက်ခြင်း၊ ခရီးသွားခြင်းစသည့် အကြောင်း ပြချက်တို့ဖြင့် မငြင်းပယ်ရန်၊ ကာယကံရှင်ကလွဲ၍ ဆွေမျိုး မိတ်ဆွေ များ ကျန်းမာရေးကြောင့် မငြင်းပယ်ရန် ညွှန်ကြားထားသည်။

‘‘တာဝန်ချထားကတည်းက စာစစ်သွားနိုင်မယ့်သူကို သေချာ ရွေးဖို့ပြောထားတယ်။ တာဝန် ပေးပြီးမှတော့ ငြင်းလို့မရဘူး။ ခရီးသွားမှာမို့၊ အိမ်ကိစ္စရှိလို့ ငြင်း ကြတာမျိုးရှိတယ်။ တချို့ငယ်တဲ့ ဆရာမလေးတွေပါတော့ မင်္ဂလာ ဆောင်က အဲဒီရက်ဖြစ်နေတယ် လို့ ပြောတာလည်းရှိတယ်။

အဲဒါ ကြောင့် တစ်ခါတည်း စာထုတ် ပြောထားတာ’’ ဟု အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သို့သော် အသက် (၅၈) နှစ် အထက် ဆရာ၊ ဆရာမများ၊ ကိုယ်ဝန်ရှိသူများ၊ ကျန်းမာရေး မကောင်းသူများ၊ အသက် (၂) နှစ်အောက် ကလေးရှိသူများကို စာစစ်တာဝန်ငြင်းပယ်ခွင့်ပြုထား သည်။ ခင်ပွန်းနှင့်ဇနီး နှစ်ဦးစလုံး တာဝန်ပေးခံရပါက တစ်ဦးကို ငြင်းပယ်ခွင့်ပြုထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို ဧပြီအတွင်း နိုင်ငံ အနှံ့ရှိ တက္ကသိုလ် ၁၀ ခုတွင် နီး စပ်ရာအခြေခံပညာကျောင်းများ မှ အထက်တန်းပြဆရာ၊ ဆရာမ များ၊ တက္ကသိုလ်ဆရာ၊ ဆရာမ များက စစ်ဆေးရသည်။

အဖြေလွှာစစ်ဆေးခကို တစ်အုပ်လျှင် ကျပ် ၃၀၀ ပေး သည်။

တက္ကသိုလ်ဝင်စာမေးပွဲအ ဖြေလွှာ စစ်ဆေးရာတွင် Check (မင်နီဖြင့်စစ်ဆေးခြင်း)၊ Crosscheck (မင်အစိမ်းရောင်ခြင့် စစ်ဆေးခြင်း)၊ Counter-Crosscheck (မင်ခရမ်းရောင်ဖြင့် စစ် ဆေးခြင်း) သုံးကြိမ် စစ်ဆေးပြီးမှ သာ အဖြေလွှာတစ်အုပ် စစ်ဆေး ပြီးစီးသည်ဟု သတ်မှတ်ထား သည်။

ယင်းသို့ စာစစ်ရာတွင် တစ်နေ့လျှင် အဖြေလွှာ အုပ် ၂၀ ခန့်သာ စစ်ဆေးပြီးကြောင်း စာစစ်အတွေ့ အကြုံရှိ ဆရာ၊ ဆရာ မများက ဆိုသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည်ဖြစ်သည်။

source: 7day

News Read 2982 times