Sales Hotline : 09448001653       Download App



Chance Myanmar အွန်လိုင်းသင်တန်း ၂ ခု ထပ်တိုးမြှင့်

E-Learning platform တစ်ခုဖြစ်သည့် Chance Myanmar မှ မကြာသေးမီတွင် ကမ္ဘာ့အဆင့်မီ အွန်လိုင်းသင်တန်းနှစ်ခုကို သင်ကြားခွင့်ရရှိခဲ့ပြီး ယခုလက်ရှိတွင် သင်တန်းပေါင်း ၁၆ ခုအထိတိုးမြှင့်နိုင်ခဲ့သည်။

English for the Workplace နှင့် Communications and Self Leadership အွန်လိုင်းသင်တန်းများ မကြာခင်ရရှိမည်ဖြစ်သည်။

Chance Myanmar သည် မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျောင်းသား ၁၀၀,၀၀၀ ကျော်ရှိပြီး ဈေးကွက်အတွက် ထိရောက်မှုရှိသည့် သင်ယူမှုအခွင့်အလမ်းများကို အမြဲတမ်းရှာဖွေလျက် ရှိသည်။ ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် end-to-end သင်ယူမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ သင်တန်းများ ထောက်ပံ့ပေးသည့် ဟောင်ကောင်အခြေစိုက် LEARN Education Group မှ English for the Workplace နှင့် Communications and Self Leadership သင်ရိုးညွှန်းတန်းများ ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလ ၂၀ ရက်မှစ၍ သင်တန်းသစ်များအား စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

“Chance Myanmar ကနေ ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ သင်တန်းများကို ဖန်တီးပြီး အားလုံး သင်ကြားခွင့်ရရှိနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ပြောင်းလဲနေတဲ့ ပရော်ဖက်ရှင်နယ် ၊ စီးပွားရေးနယ်ပယ် ရဲ့ လိုအပ်ချက်တွေကို ရင်ဆိုင်နိုင်ဖို့ စွမ်းရည်မြှင့်တင်ပေးပြီး လေ့ကျင့်သင်ကြားပေးတဲ့ Platform တစ်ခုအနေနဲ့ ဖြိုးက Chance Myanmar ကိုတည်ထောင် ထားတာဖြစ်ပါတယ်” ဟု Chance Myanmar ၏တည်ထောင်သူနှင့် CEO ဖြစ်သည့် မဖြိုးဖြိုးအောင်မှ ပြောသည်။ 

Chance Myanmar သည်  LEARN Education Group နှင့်ပူးပေါင်း၍ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိသည်။  LEARN သည် Manchester Metropolitan University၊ Westford Education Group နှင့် Rang Sit University International အပါအဝင်နိုင်ငံတကာပညာရေးအဖွဲ့အစည်းများကို ကိုယ်စားပြုသည်။ LEARN Group သည် LEARN Competency-based Learning Institute ၊ ASK Tech International နှင့် LEARN Global Institute အပါအဝင် ပညာရေးအဖွဲ့အစည်းများကိုလည်း တာဝန်ယူဆောင်ရွက်လျက် ရှိသည်။ 

“၂၁ ရာစု  မြန်မာနိုင်ငံမှာ ဘယ်လိုသင်ယူမှုပုံစံတွေ နဲ့အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ဖြိုးတို့ Chance Myanmar အနေနဲ့ လေ့လာပြီး ပြန်လည်အကောင်ထည်ဖော်နေပါတယ်။ သင်တန်းသူသင်တန်းသားတွေ သူတို့ရဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းကအစ လူမှုဆက်ဆံရေးအထိ ထူးချွန်အောင် ဖြိုးတို့ကနေကူညီပေးနေတာမို့ LEARN နဲ့ပူးပေါင်းလုပ်ကိုင်ပြီး သင်တန်းတွေတိုးချဲ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု မဖြိုးဖြိုးအောင်မှ ဆက်လက် ပြောကြားခဲ့ပါသည်။ 

Chance Myanmar သည်မြန်မာပညာရေးစနစ်တွင် ပုံမှန်သင်ကြားလေ့မရှိသည့် စိတ်ပညာ၊ ဆက်သွယ်ရေး ၊ ယဉ်ကျေးမှုဆိုင်ရာအရည်အချင်းမြှင့်တင်ရေး အစရှိသည့်ဘာသာရပ်များအပါအဝင် အခြားသင်တန်းများလည်း အဓိကထားသင်ကြားပေးလျက်ရှိသည်။ အွန်လိုင်းသင်တန်းများမှတဆင့် သင်တန်းသားများသည် ကျော်ကြားသောစာရေးဆရာများ၊ ကျွမ်းကျင် trainer များနှင့် influencer များထံမှ သက်ဆိုင်ရာ soft skill များအား သင်ယူပြီး သူတို့၏စီးပွားရေးနှင့်ကျွမ်းကျင်မှုစွမ်းရည်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုပေးသည်။ Chance Myanmar သည် ကိုယ်ပိုင် mobile  application ကိုလည်း  ဖန်တီးထားသည်။

Latest Post Local News Read 833 times