မြန်မာနိုင်ငံမှာ ပြန်လည်အကျိုးပြုလိုတဲ့ ဆရာ၊ ဆရာမတွေအတွက် ထိုင်းမှာ (၂) နှစ် မာစတာတန်း တက်ခွင့်ရမယ့် ပညာသင်ဆုအစီအစဉ်ကို မျှဝေပေးချင်ပါတယ်။
Cetana ပညာရေးဖောင်ဒေးရှင်းကနေ ထိုင်းတက္ကသိုလ်တစ်ခုခုမှာ မာစတာတန်း တက်ရောက်ဖို့ ပညာသင်စရိတ်နဲ့ လစဉ်စရိတ်ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဦးစားပေးဘာသာရပ်
ပညာသင်ဆုကာလ
ထောက်ပံ့ကြေးများ
- တက္ကသိုလ်ရဲ့ တရားဝင်တောင်းခံလွှာ (Invoice) အပေါ်မူတည်ပြီး ကျောင်းလခတွေကို တက္ကသိုလ်သို့ တိုက်ရိုက် ငွေပေးချေခြင်း
- နေထိုင်စားသောက်စရိတ်၊ စာအုပ်ဖိုးနှင့် အထွေထွေစရိတ်အတွက် တစ်လလျှင် ဘတ် (၁၆,၅၀၀) ကို ဘဏ်အကောင့်သို့ တိုက်ရိုက် ထည့်သွင်းပေးခြင်းတို့ ဖြစ်ပါတယ်။
လျှောက်ထားသူနှင့် ကိုက်ညီရမည့် အချက်များ
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- B.A. (သို့) B.S. ဘွဲ့ရထားသူဖြစ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်ရမည်။
- ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် မဟာဘွဲ့ကို အချိန်ပြည့် တက်ရောက်နိုင်ရမည်။
- ပညာသင်ဆုကာလ (၂) နှစ်အတွင်း ပြီးဆုံးအောင် တက်ရောက်ရမည်။
- ဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံမှာ သို့မဟုတ် ပြည်ပရှိ မြန်မာ့အကျိုးပြုလုပ်ငန်းတွေမှာ အနည်းဆုံး (၃) နှစ် ပြန်လည်တာဝန်ထမ်းဆောင်မည်ဟု ကတိပြုရမည်။
- ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှ ဝင်ခွင့်အတွက် ကိုယ်တိုင် သီးခြားလျှောက်ထားရမည်။
တင်သွင်းရမည့် စာရွက်စာတမ်းများ
- ဘွဲ့လက်မှတ် မိတ္တူ
- တက္ကသိုလ်အမှတ်စာရင်းမိတ္တူ
- အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ် (IELTS, TOEFL iBT, TOEFL ITP, TOEIC, Duolingo)
မှတ်ချက်။ ။ လက်မှတ်မရှိသေးပါက TOEFL ITP Diagnostic Test (https://tepedu.org/login/index.php) ကို (၆၅,၀၀၀ ကျပ်) ဖြင့် ဖြေဆိုနိုင်ပါသည်။
- ကိုယ်ရေးအချက်အလက် (CV)
- ပတ်စပို့မိတ္တူ
- ပညာရေးပိုင်းဆိုင်ရာနှင့် လုပ်ငန်းခွင် အကြီးအကဲတစ်ဦး၏ ထောက်ခံချက် (၂) စောင်
ရေးသားရမည့် Essay မေးခွန်းများ (မေးခွန်းတစ်ခုလျှင် စာလုံးရေ ၂၅၀ ထက်မပိုရ)
- မိသားစုနောက်ခံနှင့် ပညာရေးခရီးလမ်းကြောင်း
- နိုင်ငံအနာဂတ်အပေါ် စိုးရိမ်ပူပန်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမြင်
- သင်ကြားရေးကို ရွေးချယ်ရသည့် ရည်မှန်းချက်
- ၁၀ နှစ်တာ အနာဂတ်မျှော်မှန်းချက်
ကာလသတ်မှတ်ချက်များ
လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်
ပထမအဆင့်ရွေးချယ်ခံရသူများ ကြေညာမည့်ရက် : ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလလယ်
နောက်ဆုံးအဆင့်ရွေးချယ်ခံရသူများ : ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလလယ်
Cetana ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ဆု အတည်ပြုစာ ရရှိပြီးမှသာ ထိုင်းတက္ကသိုလ်များသို့ ဆက်လက် လျှောက်ထားရမည် ဖြစ်ပါသည်။
လျှောက်ထားရမယ့်လင့်ခ်
> https://docs.google.com/forms
ပညာသင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက [email protected] သို့ အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။