Care for Myanmar မှ ဆရာ/မတွေအတွက် ပေးအပ်မယ့် Scholarship (၃) ခု

Care for Myanmar - Teacher Training Center ကနေ သင်္ကြန်အထိမ်းအမှတ်အနေနဲ့ ပေးအပ်သွားမယ့် Scholarship Program (၃) ခုအကြောင်း မျှဝေချင်ပါတယ်။

အင်္ဂလိပ်စာသင်ကြားရေးနယ်ပယ်ကို အခုမှ စတင် ဝင်ရောက်မယ့် ဆရာ၊ ဆရာမအသစ်တွေဖြစ်စေ၊ အင်္ဂလိပ်စာသင်ကြားရေးမှာ အတွေ့အကြုံအသင့်တင့်ရှိ ဆရာ၊ ဆရာမတွေဖြစ်စေ၊ မိမိအင်္ဂလိပ်စာ Level ကို မြှင့်တင်ချင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်စေ တက်ရောက်သင့်တဲ့ သင်တန်းလေးတွေ ဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်တဲ့အခါမှာ ပရိုဂရမ်တစ်ခုက သင်တန်းတစ်ခုကိုသာ ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပြီး ဧပြီ (၇) ရက်မှ ဧပြီလ (၂၀) ရက်နေ့ ည (၁၂) နာရီအထိ လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုရရှိသူတွေကို ဧပြီလ (၂၄) ရက်နေ့မှာ Care For Myanmar မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ 

Scholarship Program 1: Pathway to ELT Scholarship 

Scholarship Program 1 မှာဆိုရင် အင်္ဂလိပ်ဘာသာစကား Pre-intermediate Level ရှိပြီး သင်ကြားရေးနယ်ပယ်ထဲကို စတင် ဝင်ရောက်လိုတဲ့ သင်ကြားရေးအတွေ့အကြုံ မရှိသေးသော ဆရာ၊ ဆရာမတွေအတွက် အောက်ပါသင်တန်းတွေကို ပညာသင်ဆု ပေးအပ်မှာ ဖြစ်ပါတယ်။ 

  1. ELT (Adults)
  2. ELT (Teens)
  3. ELT (Young Learners)
  4. Classroom Language
  5.  Effective Lesson Planning
  6.  Introduction to CLIL
  7. Teaching Methodology 
  8. Creating Speaking Activities for YLs
  9. Creating Speaking Activities for Teens
  10. The Art of Managing YL Classes

Scholarship Program 2: Professional Development Scholarship

Scholarship Program 2 မှာဆိုရင် အင်္ဂလိပ်ဘာသာစကား Intermediate (သို့) Upper Intermediate Level အဆင့်ရှိပြီး၊ သင်ကြားရေးအတွေ့အကြုံ အသင့်အတင့်ရှိတဲ့ ဆရာ၊ ဆရာမတွေအတွက် အောက်ပါသင်တန်းတွေကို ပညာသင်ဆု ပေးအပ်မှာ ဖြစ်ပါတယ်။ 

  1. TKT (Core Modules)
  2. TKT (Young Learners)
  3. TKT CLIL

Scholarship Program 3: Language Proficiency Scholarship

Scholarship Program 3 မှာဆိုရင် အင်္ဂလိပ်ဘာသာစကား တိုးတက်လိုတဲ့ ဆရာ၊ ဆရာမတွေအတွက် အောက်ပါ သင်တန်းတွေကို ပညာသင်ဆု လျှောက်ထားနိုင်ပါတယ်။

  • FCE Foundation
  • English Class for Teachers (Basic)
  • English Class for Teachers (Pre-intermediate)
  • English Class for Teachers (Intermediate)
  • Listening and Speaking Class
  • Academic Writing 
  • IPA
  • Move Forward Series 1

အထက်ဖော်ပြပါ Scholarship Program တစ်ခုစီအတွက် ပညာသင်ဆု (၂) ဆုစီ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေထဲက Scholarship Program တစ်ခုချင်းစီအတွက် အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ (၂) ဦး ထက်ပိုပြီး ရှိရင် Partial Scholarship တွေ ထပ်မံပေးအပ်ဖို့ Care for Myanmar ဘက်မှ ထည့်သွင်း စဉ်းစားပေးသွားမယ်လို့ သိရပါတယ်။ 

Scholarship Program လျှောက်ရန် Link များ

Program 1 - https://forms.gle/dLFBBZTHurt5iuC79 

Program 2 - https://forms.gle/LQSR4nGxAiePFv9n6 

Program 3 - https://forms.gle/sDNzQAcpdiym46hs8 

အတန်းအချိန်ဇယားများ

ဆရာ၊ ဆရာမတို့ လျှောက်လိုတဲ့ သင်တန်းက ဧပြီ၊ မေမှာ ဖွင့်မယ့်ထဲ မပါဘူးဆိုရင်လည်း အခု ပညာသင်ဆု လျှောက်ထားပြီး ဖွင့်တဲ့လမှ တက်ရောက်နိုင်ပါတယ်။ 

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local Read 302 times