Sales Hotline : 09448001653       Download App



ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သင်တန်းကျောင်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သင်တန်းကျောင်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် အပတ်စဉ်(၈) သင်တန်းလျှောက်လွှာများ ခေါ်ယူခြင်းဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အနာဂတ်အရည်အသွေးမြင့် ဝန်ဆောင်မှု ကျွမ်းကျင်သူ မျိုးဆက်သစ် ပေါ်ထွက်ရေး ရည်ရွယ်ကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ သ ဘော တူခွင့်ပြုချက်ဖြင့် Hospitality and Catering Training Academy (HCTA) တွင် Certificate in Hotel Operation နှင့် Certificate in Culinary Arts အပတ်စဉ် (၈) သင်တန်းများကို ၂၀၁၉ ခုနှစ်၊ မတ်လ တတိယပတ် အတွင်း စတင်ဖွင့်လှစ်ရန် သင်တန်းလျှောက်လွှာများကို ခေါ်ယူခြင်း ဖြစ်ပါသည်။

အဆိုပါသင်တန်းများကို ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် တာဝန် ထမ်းဆောင်ခဲ့သော အတွေ့အကြုံ ရှိသည့် ကျွမ်းကျင်သူ ပညာရှင်များမှ ASEAN Competency သင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားပေး မည်ဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်မည့်

နေရာ - HCTA သင်တန်းကျောင်း၊ N-61၊ ကျီးကန်ကျေးရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

သင်တန်းကာလ - စာတွေ့(၆)လ + လက်တွေ့(၂)လ လုပ်ငန်းခွင်အလုပ်သင်

သင်တန်းအချိန် - နံနက် (၉) နာရီမှ ညနေ (၄)နာရီ၊ တနင်္လာနေ့မှ သောကြာနေ့အထိ။

လျှောက်လွှာထုတ်ပေးမည့်နေ့ - (02.01.209)

လျှောက်လွှာပိတ်မည့်နေ့ - (31.01.2019)

လျှောက်လွှာထုတ်ယူရမည့်နေရာ - HCTA သင်တန်းကျောင်း၊ N51၊ မကျီးကန်ကျေးရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

- HCTA Kawhmu face-book account + HCTA Website တို့တွင်လည်း Download ရယူနိုင်ပါသည်။

လျှောက်လွှာပေးပို့ရမည့်နေရာ -  HCTA သင်တန်းကျောင်းနှင့် Social Media များဖြစ်သည့် Messenger၊ Viber (09 251034566, 09 250807055) နှင့် E-mail ([email protected])

သင်တန်းလျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များမှာ -

(၁) တက္ကသိုလ်ဝင်တန်း (၁၀) တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့် တက္ကသိုလ်မှဘွဲ့တစ်ခုခု ရရှိပြီးသူများ ၊

(၂) အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း

(၃) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(၄) သင်တန်းစည်းကမ်းများကိုလိုက်နာနိုင်သူနှင့် သင်တန်းပြီးဆုံးအောင်တက်ရောက်နိုင်သူ ဖြစ်ရမည်။

(၅) သင်တန်းလျှောက်လွှာတွင် လျှောက်ထားသူကိုယ်တိုင် လက်ရေးဖြင့် ဖြည့်သွင်းရပါမည်။

သင်တန်းဝင်ခွင့် စာမေးပွဲနှင့် လူတွေ့ ဖြေဆိုရမည့်သူများ စာရင်းအား (၁၁.၀၂.၂၀၁၉) ရက်နေ့တွင် HCTA သင်တန်းကျောင်းနှင့် HCTA Kawhmu face-book account တို့တွင် ကြည့်ရှုနိုင်ပါသည်။

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားပါသည်။

အရည်အချင်းသတ်မှတ်ချက် ပြည့်မီသူများ၊ ဟိုတယ်ဝန်ဆောင်မှုနှင့် အစားအသောက် စီမံ ချက်ပြုတ်များကို အမှန်တကယ် စိတ်ဝင်စားသူများကိုသာ ဦးစားပေး ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက ဖုန်း (09 25103466, 09 25080055) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Form

Form1

source: daw khinkyi foundation

News Read 8754 times