Sales Hotline : 09448001653       Download App



မန္တလေးကွန်ပျူတာတက္ကသိုလ် သင်ကြားရေးဝန်ထမ်းများရာထူးတိုးမြှင့်/ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း

၁။ ရာထူးတိုးမြှင့်ခန့်ထားခြင်းအတွက်သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသော အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များမှ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် နည်းပြ/သရုပ်ပြများ လျှောက်ထားနိုင်ပါသည်။

၂။ ပြောင်းရွှေ့ လျှောက်ထားလိုသူများ အတွက် အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ် ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်အလိုက်အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် အသားတင် ကာလပြည့်မိသူ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက နှင့် နည်းပြ/သရုပ်ပြများ လျှောက်ထားနိုင် ပါသည်။

၃။ အသေးစိတ်အချက်အလက်များနှင့် သတ်မှတ်လျှောက်လွှာပုံစံများကို မန္တလေးကွန်ပျူတာ တက္ကသိုလ် ဝက်ဆိုဒ် www.ucsm.edu.mm တွင် ကြည့်ရှု ရယူနိုင်ပါသည်။

၄။ လျှောက်ထားလိုသူများသည်သတ်မှတ်လျှောက်လွှာပုံစံများဖြင့်သက်ဆိုင်ရာပါမောက္ခချုပ်၊
ကျောင်းအုပ်ကြီးများမှတဆင့် မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ပါမောက္ခချုပ်ထံလိပ်မူ၍ [email protected] သို့အထောက်အထားပြည့်စုံစွာဖြင့် ၁၂-၁၀-၂၀၂၀ နောက်ဆုံး ထား၍ လျှောက်ထားရမည်။

၅။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီးတင်သွင်းသည့်လျှောက်လွှာများနှင့် အချက်အလက်များ ပြည့်စုံ မှန်ကန်ခြင်း မရှိသော လျှောက်လွှာများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၆။ အခြားသိရှိလိုသည်များရှိပါက မန္တလေးကွန်ပျူတာတက္ကသိုလ်၊ စီမံခန့်ခွဲရေးဌာနမှူး (ဖုန်း- ၀၉ ၇၆၉၀ ၉၆၀၄၃) သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

မန္တလေးကွန်ပျူတာတက္ကသိုလ်

Latest Post News Read 439 times