၂၀၂၁ ခုနှစ်တွင် စင်ကာပူရှိ ကျောင်း ၄၃ ကျောင်းတွင် ကျောင်းအုပ်အသစ်များခန့်အပ်မည်

၂၀၂၁ ခုနှစ်တွင် စင်ကာပူရှိ ကျောင်းပေါင်း ၄၃ ကျောင်းတွင် ကျောင်းအုပ်အသစ်များခန့်အပ်မည်ဟုသိရသည်။ ထိုသို့ ကျောင်းအုပ်အသစ်များခန့်အပ်ခြင်းသည် ကျောင်းအုပ်များအတွက် နှစ်စဉ် အပြောင်းအလဲတစ်ခုဖြစ်သည်ဟုသိရသည်။ 

သို့သော် ၎င်းသည်များစွာသော ကျောင်းအုပ်အသစ်များကို ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြန်လည်ခန့်အပ်ခြင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုခန့်အပ်မည့်ကျောင်းအုပ်အသစ်များတွင် ပညာရေးဝန်ကြီးဌာန ( Ministry of Education - MOE) မှ ၉ ဦး ပါဝင်မည်ဟုသိရသည်။ 

ကျောင်းများသို့ ပြန်လာရသည့် MOE အရာရှိကိုးဦးသည် ကျောင်းအုပ် သို့မဟုတ် ဒုကျောင်းအုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်ဟု MOE ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ MOE ရုံးချုပ်မှ အရာရှိများကို သက်ဆိုင်ရာ ကျောင်းများသို့ ပြန်လည်ပြောင်းရွှေ့ရန် တာဝန်ပေးခြင်းသည် မကြာသေးမီနှစ်များအတွင်း အရေအတွက်အများဆုံး ဖြစ်ကြောင်း The Straits Times မှဖော်ပြခဲ့သည်ဟုသိရသည်။ 

လွန်ခဲ့သော ငါးနှစ်အတွင်း ထိုကဲ့သို့ လွှဲပြောင်းမှုအကြိမ်အရေအတွက်သည် သုံးကြိမ်မှ ခုနစ်ကြိမ်အထိ ရှိကြာင်လည်း The Straits Times ကဖော်ပြခဲ့သည်။ 

MOE ကြေငြာချက်
MOE က “ကျောင်းခေါင်းဆောင်တွေဟာ ပုံမှန်အားဖြင့် MOE ရုံးချုပ်မှာ လုပ်ကိုင်ခြင်းဖြင့် မက်ခရိုအဆင့် ပညာရေးမူဝါဒများနှင့် မဟာဗျူဟာဆိုင်ရာ ပြဿနာများကို ထိုးထွင်းသိမြင်နိုင်ခြင်း တွေ ရရှိပါတယ်။ သူတို့ကို အလှည့်ကျ တာဝန် ပြောင်းပေးပါတယ် ”ဟု ဆိုသည်။ "ဒီအမြင်တွေဟာ ရုံးချုပ်ပေါ်လစီတွေကို ပိုမိုတန်ဖိုးထားလာအောင် ကူညီရာမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။ 

ထို့ကြောင့် ကျောင်းတွေကို ပြန်ရောက်လာတဲ့အခါ မူဝါဒတွေကို လက်တွေ့ အကောင်အထည် ဖော်တာမှာ ပိုကောင်းစေရန် ရည်ရွယ်ပါတယ်။ အဲဒါက အရေးကြီးပါတယ်" MOE မှ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေငြာချက်တွင် ကျောင်းအုပ်များအား ခန့်အပ်ခြင်းနှင့် နေရာလှည့်ခြင်းအားဖြင့် ကျောင်းများအား အမြင်အသစ်များနှင့် အကျိုးကျေးဇူးရရှိစေပြီး အတွေ့အကြုံရှိသော ကျောင်းအုပ်များကကျောင်းများအတွင်း အကောင်းဆုံးသော အလေ့အကျင့်များကို မျှဝေရန်ခွင့်ပြုထားသည်ဟုသိရသည်။ 

ခန့်အပ်ခြင်း အခမ်းအနား 
စိန့်အင်ဒရူး အလယ်တန်းကျောင်းနှင့် ကွမ်ယန်းမူလတန်းကျောင်းသည် ပထမဦးဆုံးအကြိမ်ကျောင်းအုပ် အပြောင်းအလဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောင်းအုပ်များထားရှိရန် ကျောင်း ၂၃ ကျောင်းတွင် ပါဝင်ကြသည်။ ကျောင်းအုပ်အသစ် ၄၃ ဦး သည် ၂၀၂၀ ဒီဇင်ဘာတွင် ပြုလုပ်မည့် အခမ်းအနားတွင် MOE ၏ ပညာရေးညွှန်ကြားရေးမှူးချုပ် Wong Siew Hoong ထံမှကျောင်းအုပ်အဖြစ်ခန့်အပ်လွှာကို လက်ခံရရှိလိမ့်မည်ဟုသိရသည်။

ထိုအခမ်းအနားကို ပညာရေးဝန်ကြီး Lawrence Wong တက်ရောက်မည်ဟုလည်း သိရသည်။ အခမ်းအနားတွင် ယခင်ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရုံးချုပ်မှ အငြိမ်းစားကျောင်းအုပ်ကြီးများနှင့် အဆင့်မြင့်ပညာရေးအရာရှိများ၏ အားထုတ်ပေးခဲ့မှုများကိုလည်း MOE မှ အသိအမှတ်ပြုမည်ဖြစ်သည်။ 

Ref: mothership.sg

By Yu Khine

Latest Post Read 509 times