အွန်လိုင်းမှ တက်ရောက်နိုင်မည့် စီးပွားရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်က နေပြည်တော်၊ မိတ္ထီလာနှင့် မန္တလေးတွင် အောက်ပါမဟာဘွဲ့ သင်တန်းများကို (Online) ဖြင့် စနေ၊ တနင်္ဂနွေနေ့များမှာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

(၁) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) သင်တန်း (နေပြည်တော်)

(၂) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း (နေပြည်တော်)

(၃) အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) သင်တန်း (နေပြည်တော်)

(၄) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) သင်တန်း (မိတ္ထီလာ)

(၅) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း (မိတ္ထီလာ)

(၆) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) သင်တန်း (မန္တလေး)

(၇) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း (မန္တလေး)

(၈) ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF) သင်တန်း (နေပြည်တော်)

(၉) ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်း (နေပြည်တော်) 

Advertisement >> Myanmar Noble University

အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
  • ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်း တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူဖြစ်ရမည်။
  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF) သင်တန်းအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံ(လုပ်သက်) အနည်းဆုံး (၂) နှစ်ရှိသူ ဖြစ်ရမည်။
  • သက်ဆိုင်ရာအကြီးအကဲ၏ ထောက်ခံချက်လက်မှတ် ပါရှိရမည်။ 
  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။
  • သင်တန်းအား (Online) စနစ်ဖြင့် သင်ကြားမည်ဖြစ်ပါ၍ ကွန်ပျူတာတတ်မြောက်မှု ကျွမ်းကျင်ပြီး Google Classroom နှင့် Zoom Application များအား ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။

သင်တန်းတက်ရောက်လိုသူများသည် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရပါမည်။ ရေးဖြေစာမေးပွဲများတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေး ရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ် လက်ခံပါမည်။

MBA, MPA, MAS, MBF, MDevS (နေပြည်တော်/မိတ္ထီလာ) သင်တန်းများအတွက် လျှောက်လွှာပုံစံများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် MBA, MPA (မန္တလေး) သင်တန်းများအတွက် လျှောက်လွှာပုံစံများကို မန္တလေးတက္ကသိုလ်တို့တွင် ဇွန်လ (၂၆) ရက်နေ့မှစ၍ သွားရောက်ထုတ်ယူနိုင်ပြီး ဇူလိုင်လ (၁၉) ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်။ 

လိုအပ်သည့် စာရွက်စာတမ်းများ 

  • ဝင်ခွင့်လျှောက်လွှာဖောင်
  • စာမေးဖြေဆိုခွင့်ကဒ် 
  • ဓာတ်ပုံ
  • လုပ်ငန်းခွင်နှင့် ပညာရေးမှ ထောက်ခံစာ (၂) စောင်
  • ဘွဲ့လက်မှတ်
  • နော​က်ဆုံးနှစ်အမှတ်စာရင်း
  • မှတ်ပုံတင်
  • လုပ်သက်ပြည့်ကြောင်း လုပ်ငန်းခွင်မှ ထောက်ခံစာ 

MBA, MPA, MAS, MBF, MDevS (နေပြည်တော်/မိတ္ထီလာ) သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် MBA, MPA (မန္တလေး) သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို မန္တလေးတက္ကသိုလ်တို့တွင် ဇူလိုင်လ (၂၀) ရက်နေ့မှာ ကျင်းပသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်မှု အချိန်ဇယားမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဌာနမှူးဖုန်း ၀၉-၆၉၆၃၄ဝ၆၄၂ သို့ဖြစ်စေ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မော်ကွန်းထိန်း၊ သင်တန်းရေးရာဌာန၊ ဖုန်း ၀၉-၄၄၀၈၉၄၅၁၄ နှင့် ၀၉-၄၄၄၀ဝ၁၂၅၄ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 2767 times