Business ဆိုင်ရာ သင်ခန်းစာများကို လေ့လာနိုင်မယ့် Free Course များ

ASEAN SME Academy ဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေ၊ စီးပွားရေးကို စိတ်ဝင်စားသူတွေ၊ ဒစ်ဂျစ်တယ်နည်းပညာပိုင်းကို လေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး အခမဲ့ သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးနေတဲ့ Learning Platform တစ်ခု ဖြစ်ပါတယ်။

ASEAN SME Academy မှာ လေ့လာနိုင်တဲ့ သင်တန်းတွေကတော့ -

  • Digital Literacy & Technology
  • e-Commerce
  • Finance/Accounting
  • Human Resources
  • Management
  • Marketing
  • Operations
  • Trade/Logistics
  • Women’s Empowerment တို့ဖြစ်ပါတယ်။ 

သင်တန်းတွေကို ဖော်ပြပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပြီး (https://asean-sme-academy.org/?) Start up၊ Growing၊ Ready to Export ဆိုပြီး Level (၃) မျိုး ရွေးချယ်နိုင်ပါတယ်။ 

သင်ကြားရမယ့်ပုံစံကတော့ Video Presentation တွေ၊ Slideshow တွေ၊ Reading Material တွကနေတဆင့် လေ့လာနိုင်ပါတယ်။ ကိုယ်အားတဲ့အချိန်လေး ရွေးပြီး လေ့လာလို့ရတဲ့ Self-paced Learing ဖြစ်တဲ့အတွက် အချိန်တစ်သမတ်တည်း မပေးနိုင်တဲ့သူတွေ တက်ရောက်ဖို့ ပိုအဆင်ပြေပါတယ်။

သင်တန်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် https://asean-sme-academy.org/register/ မှာ စာရင်းသွင်းပြီး ကိုယ်တက်ရောက်လိုတဲ့ သင်တန်းကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 631 times