Sales Hotline : 09448001653       Download App



ချီးဗနင်းပညာသင်ဆု လျှောက်ရန် ဗြိတိသျှသံအမတ် ဖိတ်ခေါ်

2021- 2022 ခုနှစ်အတွက် ချီးဗနင်းပညာသင်ဆု လျှောက်လွှာများကို စက်တင်ဘာလ ၃ ရက်နေ့မှစ၍ စတင် လက်ခံနေပြီ ဖြစ်ပါသည်။ 

ဆက်စပ်ဖတ်ရှုရန် >>> 2021- 2022 ခုနှစ်အတွက် ချီးဗနင်းပညာသင်ဆု လျှောက်လွှာများ စတင်လက်ခံနေပြီ <<<

ဗြိတ်သျှ သံအမတ် Dan Chugg မှ လည်း ချီဗနင်းပညာသင်ဆု အကြောင်းကို အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံပြောကြားထားပါသည်။

“ချီးဗနင်း ပညာသင်ဆု ရရှိသူတွေက ယူကေမှာ ၁ နှစ်တာ မဟာဘွဲ့ကို အခမဲ့ သင်ယူခွင့်ရရှိပြီး ပညာသင်ကြားရေးနဲ့ ပတ်သင်တဲ့ ကုန်ကျစရိတ်တွေအတွက်လည်း ပညာသင်ဆုက ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။

ချီးဗနင်းပညာသင်ဆု  ရရှိသူတွေဟ ဘဝမှာပြောင်းလဲတဲ့ အတွေ့အကြုံတွေကို ရရှိမှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်ရရှိမယ့်အပြင် ယူကေမှာရှိတဲ့ အခြားသော အရာတွေကိုလည်းလေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။ 

ဒါ့အပြင် နိုင်ငံပေါင်း ၁၆၀ ကျော်က ပညာတော်သင် ပေါင်း ၅သောင်းကျော် ပါဝင်တဲ့ ချီဗနင်းကွန်ယက် မှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ 

ချီးဗနင်း ပညာသင်ဆု ရရှိသူတွေဟာ သူတို့ရဲ့ နိင်ငံတွေရဲ့ အတော်ဆုံး၊ အထူးချွန်ဆုံး လူတွေဖြစ်ပါတယ်။

ဘာလို့လည်း ဆိုတော့ ချီးဗနင်းပညာသင်ဆုရရှိသူတွေဟာ သမ္မတတို့၊ ဝန်ကြီးချုပ်၊ ကုမ္ပဏီအကြီးအကဲ၊ရုပ်ရှင် ဒါရိုက်တာ တို့ပါဝင်တဲ့ ချီးဗနင်း ပညာတော်သင်ဟောင်း ကွန်ယက်မှာ ပါဝင်ခွင့် ရတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနစ်ကတည်းက စတင်ပြီး ချီးဗနင်း ပညာသင်ဆုကို ပေးအပ်ခဲ့တာပဲဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ပညာတော်သင်ကျောင်းသား၊ကျောင်းသူ ဟောင်းပေါင်း ၁၆၀ ကျော် ရှိပြီဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့ သင်ဟာ အထူးချွန်ဆုံးထဲက တစ်ယောက်ဖြစ်တယ်လို့ ယုံကြည်ချက် ရှိပြီး ချီးဗနင်း ပညာသင်ဆုကနေ ရရှိလာတဲ့ အတွေ့အကြုံ တွေကို မြန်မာနိုင်ငံ အတွက် ပြန်လည်ပံ့ပိုး‌ပေးချင်တယ်ဆိုရင် ချီးဗနင်းပညာသင်ဆုကို လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်။

ပညာသင်ဆုလျှောက်လွှာတွေကို ယခုခေါ်ယူလျက် ရှိနေပြီး နိုဝင်ဘာလ (၃) ရက် မတိုင်ခင် အထိ လျှောက်ထားနိုင်ပါတယ်။ “

အသေးစိတ်သိရှိလိုပါက >>> Myanmar (Chevening Scholarship) <<<

Source: UK in Myanmar

Image Source: Cheveinig Org

International Latest Post Read 798 times