Sales Hotline : 09448001653    



ဗြိတိန်၏ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲမှု

 

A-level မရှိသေးသော အရွယ်ရောက်ပြီးသူများ အတွက် Covid-19 အလွန်တွင် ၎င်းတို့ စီးပွားရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်နိုင်ရန် အတွက် အခမဲ့ ကောလိပ်သင်တန်းများကို တက်ရောက် နိုင်တော့မည် ဟု ဗြိတိန် ဝန်ကြီးချုပ် Boris Johnson မှ ပြောကြားထားသည်။

ဒေါင်းနင်းလမ်း တွင် ကောက်ယူရရှိသော စာရင်းများအရ A-level သို့မဟုတ် ညီမျှသောအရည်အချင်းများမရှိသောသူများသည် အင်္ဂလန်ရှိ ကောလိပ်သင်တန်းများတွင် တက်ရောက်နိုင်ရန် ဧပြီလတွင် အမျိုးသားကျွမ်းကျင်မှုဆိုင်ရာ ရန်ပုံငွေ မှ စတာလင် ပေါင် ၂.၅ ဘီလီယံ လွှဲပြောင်းပေးထားပြီးဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့် A-level နှင့်ညီမျှသောပထမအဆင့်အရည်အချင်းကို အသက် ၂၃ နှစ် အထိ သတ်မှတ်ထားသည်။

သို့သော်လာမည့်လတွင်ထွက်ပေါ်လာမည့် ရရှိနိုင်မည့်အသေးစိတ်အချက်အလက်များကိုအလုပ်ရှင်များကတန်ဖိုးထားသည်ဟုယူဆသည့်သင်တန်းများအတွက်အသက်အရွယ်တိုင်း တက်‌ရောက်နိုင်ရန် စီစဉ်လျက်ရှိသည်။

အင်္ဂါနေ့ကပြောကြားခဲ့သော မိန်ခွန်းအရ ဝန်ကြီး ချုပ်သည် မကြာမီတွင် “တစ်သက်တာ စွမ်းရည်အာမခံချက် “ ဟု ခေါ်သည့် ကြေငြာချက်တစ်ခု ကို ကြေညာမည်ဖြစ်ပြီး “အဓိပတိ ပြောကြားခဲ့သည့် အတိုင်း ယခုအချိန်တွင် လက်ရှိအလုပ်တိုင်းကို ကယ်တင်နိုင်ရန် မလွယ်ကူဘူး။ထို့ကြောင့် ပြည်သူတွေကိုလုပ်ပေးနိုင်တာကတော့ စွမ်းဆောင်မှု အသစ်တွေကို ရှာဖွေပေးပြီး အလုပ်အကိုင် အခွင့်အလမ်း သစ်တွေကို ဖန်တီးပေးမယ်။ ဒါကြောင့် ဒီနေ့ပေးနိုင်တဲ့ သတင်းစကားက ပြည်သူတွေ ဘယ် ဘဝ အဆင့်တွင် ရောက်နေပါစေ၊ အစိုးရက လိုအပ်တဲ့ အရည်အချင်း တွေအတွက် ကူညီဖို့ အသင့်ရှိတယ်” ဟု ၎င်းမှပြောကြားခဲ့သည်။

ကျွမ်းကျင်မှု စနစ်၏ အခြေခံအုတ်မြစ်ကို ပြောင်းလဲရန် ကြိုးစားနေကြပြီး လူတိုင်း လေ့ကျင့် သင်ကြားရေးနှင့် ပြန်လည်သင်ကြားရေး အခွင့်အလမ်းများ ရရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

စီမံချက် အသစ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အထူးသဖြင့် ဆောက်လုပ်ရေးနှင့် တီထွင် ဖန်တီးမှုဆိုင်ရာ စက်မှုလုပ်ငန်းများတွင် အလုပ်သင် အဖြစ် လျှောက်ထားနိုင်ရန် လေ့ကျင့်သင်ကြားပေးမည့် ပုံစံများပါဝင်သည်။

အစိုးရမှ ကိန်းဂဏန်းများကို မီးမောင်းထိုးပြသည်မှာ ဗြိတိန်နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်အတွင်း လူပေါင်း ၁၀၀၀၀၀ ကျော်သည် အဆင့်မြင့်အမျိုးသားလက်မှတ်နှင့်ဒီပလိုမာများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြပြီး ယခုအချိန်တွင် ၃၅၀၀၀ သာရှိတော့သည် ဆိုသည့် အချက်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဖောင်ဒေးရှင်း ဒီဂရီအတွက် စာရင်း သွင်းထားသူမှာ ယခင် ရှစ်သောင်း တစ်ထောင်မှ သုံးသောင်း အထိ လျော့ကျလာခဲ့သည်။ ဆိုလိုသည်မှာ အရွယ်ရောက်သူ ၁၀ ဦးလျှင် ၁ ဦးသာ မြင့်မားသောနည်းပညာအရည်အချင်းများဖြင့် ရပ်တည်လျက်ရှိပြီး ရာခိုင်နှုန်း ဖြင့် ယှဉ်လျှင် ဂျာမနီ နှင့် ၂၀% ၊ ကနေဒါနိုင်ငံနှင့် ၃၄% ကွာခြားလျက်ရှိသည်။

ဗြိတိန်အစိုးရသည် ဒစ်ဂျစ်တယ်နည်းပညာစွမ်းရည်မြှင့်တင်ပေးမည့် စခန်းများအတွက် ပေါင် ၈သန်း ချမှတ်ပေးထားပြီး ကနေဦးစခန်းများအနေဖြင့် မန်ချက်စတာ နှင့် အနောက်အလယ်ပိုင်းဒေသများတွင် လေးနေရာ သတ်မှတ်ထားပြီး ဖြစ်သည်။

ပြည်သူများ၏ ဒစ်ဂျစ်တယ် နည်းပညာနှင့် ကိန်းဂဏန်းဆိုင်ရာ ကျွမ်းကျင်မှုများကို အထောက်အကူဖြစ်စေမည့် အခမဲ့အွန်လိုင်းကျွမ်းကျင်မှု သင်တန်းကို ယခုနှစ် အစောပိုင်းတွင် စတင်ထားပြီး ၎င်းသင်တန်းတွင် အပို သင်ခန်းစာ ၆၂ ခန့် ပါဝင်သည်။

ပြန်လည် ပြုပြင်မွမ်းမံမှုများကို ကောလိပ် အဆောက်အအုံများတွင် မြို့တော်ရန်ပုံ‌ငွေ ၁.၅ ဘီလီကျော် မတည်ခြင်းဖြင့် ဆောင်ရွက်မည်ဟု အစိုးရမှ ထည့်သွင်း ပြောကြားထားသည်။

By Myanmar Education Guide - EDGE

Ref: The Gurdian 

Latest Post News Read 376 times