Sales Hotline : 09448001653       Download App



Boston University မှ Undergraduate အတွက် ပေးအပ်တဲ့ Fully Funded Scholarship

 

US ပညာရေးကို မျှော်မှန်းထားပေမဲ့ ပညာသင်စရိတ်ကြီးလွန်းတဲ့အတွက်ကြောင့် Scholarship လျှောက်ချင်တယ်ဆိုရင် Boston University က ပေးအပ်တဲ့ Trustee Scholarship ကို ဒီဇင်ဘာလမကုန်ခင်အထိ လျှောက်ထားနိုင်ပါပြီ။ 

 

Boston University ဟာ အမေရိကန်နိုင်ငံ၊ မက်ဆာချုးဆက်ပြည်နယ်မှာရှိတဲ့ ကမ္ဘာကျော် Private University တစ်ခုဖြစ်ပြီး 2024 ခုနှစ် QS World University Rankings အရ ကမ္ဘာအကောင်းဆုံးတက္ကသိုလ်အဆင့် (၉၃) မှာ ရှိပါတယ်။ US မှာ ကျောင်းတက်ချင်တဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်မယ့် တက္ကသိုလ်တစ်ခုဆိုလည်း မမှားပါဘူး။

 

Boston University ဟာ နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးက အထူးချွန်ဆုံး အထက်တန်းကျောင်းသား/ကျောင်းသူ အယောက် (၂၀) ကို ရွေးချယ်ပြီး Trustee Scholarship အမည်နဲ့ ပညာသင်စရိတ်ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

 

Trustee Scholarship ဟာ (၄) နှစ်တက်ရောက်ရမယ့် Undergraduate Program တွေအတွက် ပေးအပ်ချီးမြှင့်တဲ့ Scholarship ပါ။ သူက (၄) နှစ်စလုံးအတွက် Scholarship တစ်ခါတည်း ပေးတာမျိုးမဟုတ်ဘဲ Scholarship လျှောက်တဲ့သူတွေရဲ့ GPA အမှတ်နဲ့ စည်းကမ်းလိုက်နာမှုပေါ်မူတည်ပြီး Scholarship သက်တမ်းကို နှစ်စဉ်တိုးပေးသွားမှာဖြစ်ပါတယ်။ 

 

တက်ရောက်နိုင်မယ့် Study Field ကတော့ Boston University မှာ လက်ရှိသင်ကြားလျက်ရှိတဲ့ Undergraduate Programs တိုင်းကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

 

အကျိုးခံစားခွင့်

- Full Tution-fee

- Study Expenses

 

လျှောက်ထားသူတွေအနေနဲ့ -

- အထက်တန်းအောင်မြင်မှု မှတ်တမ်းကောင်းရှိရပါမယ်။ (GPA 4.0 , SAT score above 1500 , ACT score above 33)

- အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရပါမယ်။ (IELTS Band Score - 7 (သို့) TOEFL iBT -  90 အနည်းဆုံး ရှိရပါမယ်။)

- ကျောင်းတွင်းနှင့်ကျောင်းပြင်ပမှာ Activities တွေကို တက်ကြွစွာ ပါဝင်ပြီး ထူးချွန်အောင်မြင်မှုတွေ ရရှိထားသူဖြစ်ရပါမယ်။ 

 

Scholarship လျှောက်ထားရာတွင် -

- Application Form

- Academic Transcript Records and Other Certificates

- Copy of Passport

- English language proficiency test results

- Documentation of Financial statement

- Recommentation Letter

- School Report Form

- Essay (သူတို့ ပေးထားတဲ့ ခေါင်းစဉ်နှစ်ခုထဲက တစ်ခုကို ရွေးပြီး အများဆုံး စကားလုံး ၆၀၀ ပြည့်အောင် ရေးပေးရပါမယ်) 

 

လျှောက်ထားသူသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက် နောက်ဆုံးထားပြီး Application Form အပြင် အထက်မှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ 

 

လျှောက်ထားရန်လင့်ခ် >>  https://apply.commonapp.org/createaccount

Scholarship အကြောင်း အသေးစိတ်ဖတ်ရှုရန် >> https://www.bu.edu/admissions/tuition-


  

International Latest Post Read 522 times