Sales Hotline : 09448001653       Download App



 ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးအွန်လိုင်း အင်္ဂလိပ်စာသင်တန်းများ 

တိုးတက်ပြောင်းလဲလာသည့် ဒစ်ဂျစ်တယ်ခေတ်တွင် အင်္ဂလိပ်စာ သင်ကြားခြင်းမှာ စာသင်ခန်းထဲတွင် ထိုင်ပြီးသင်ကြားရသည့်ပုံစံမျိုး မဟုတ်တော့ပါဘူး။ အင်တာနက်ရရုံဖြင့် နေရာမရွေး၊ အချိန်မ‌ရွေး အလွယ်တကူ သင်ကြားနေနိုင်ပြီ ဖြစ်ပါသည်။ တကယ်တော့ အကောင်းဆုံး အွန်လိုင်း အင်္ဂလိပ်စာသင်တန်းများကို ရေးဆွဲကြရာတွင် ကျောင်းသားများ အလွယ်တကူဝင်ရောက်လေ့လာနိုင်ရမယ်၊ အ‌ဝေးမှ သင်ယူလိုသော ကျောင်းသားများအတွက်လည်း ခေတ်မီသော လမ်းညွှန်ချက်များ ပံ့ပိုးပေးနိုင်မယ် အစရှိသည့် အချက်များနှင့် ပြည့်စုံနေရမှာ ဖြစ်ပါသည်။ ဒါ့အပြင် သမားရိုးကျ အပြင်အဆင်များ၏ အပြင်ဖက်ကနေ သူတို့၏ အခြားစွမ်းဆောင်ရည်များကို ဖြည့်ဆည်းလိုသည့် ကျောင်းသားများအတွက် အွန်လိုင်းသင်တန်းများသည် အကောင်းဆုံးသော ‌‌ရွေးချယ်မှုများ ဖြစ်ပေသည်။

ကျောင်းသားများသည် တစ်ဦးချင်းစီ၏ လိုအပ်ချက်များပေါ်မူတည်၍ အတွေ့အကြုံရှိသည့် ပညာရေးများကိုပေးစွမ်းနိုင်သည့် သင်တန်းများကို ရှာဖွေကြမည် ဖြစ်သည်။ ထို့ကြောင့် ‌‌‌ရွေးချယ်များစွာရှိသည့် အနက် ခရီးသွားခြင်းအတွက်ဖြစ်စေ၊ ပ‌ရော်ဖက်ရှင်နယ်ဆိုင်ရာလေ့လာမှုများအတွက် ဖြစ်‌စေ၊ အပျော်တမ်းလေ့လာလိုသူများအတွက် ဖြစ်စေ အွန်လိုင်းတွင် အကောင်းဆုံး အင်္ဂလိပ်စာသင်တန်းများကို စုစည်းတင်ပြပေး လိုက်ရပါသည်။ 

  1. EnglishClass101 : ဤသင်တန်းကတော့ ယေဘုယျအားဖြင့် အားလုံးအတွက် ကောင်းမွန်သည့် သင်တန်းတစ်ခု ဖြစ်ပါလိမ့်မည်။ 
  2. USA Learns : ဤသင်တန်းကတော့ သင်တန်းကြေးနှင့်ပတ်သက်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ 
  3. BBC 6 Minute English: ဤသင်တန်းသည် သင်တန်းကြေးနှင့်ပတ်သက်လျှင် ထိပ်ဆုံးပြေးနေသည့် သင်တန်း ဖြစ်ပါလိမ့်မည်။
  4. BubbleBee TV : အွန်လိုင်းမှ သင်ယူသူများအတွက် အသင့်လျော်ဆုံး တစ်ခုဖြစ်လာနိုင်ပါသည်။
  5. Duolingo : လျင်လျင်မြန်မြန်တတ်မြောက်လိုသူများအတွက် ‌ရွေးချယ်သင့်ပါသည်။
  6. Let’s Talk: အလုပ်မအားလပ်သူများအတွက် အသင့်တော်ဆုံး‌ရွေးချယ်မှု တစ်ခုဖြစ်ပါသည်။ 
  7. Academic English on OpenLearning: အဆင့်မြင့်သင်ယူလိုသူများအတွက် အကောင်းဆုံးသင်တန်းတစ်ခု ဖြစ်ပါသည်။
  8. Upper-Intermediate English at Universitat Politècnica de Valencia: အဆင့်မြင့်သင်ယူလိုသူများအတွက် ထိပ်ဆုံးတွင် ရှိနေသည့် အကောင်းဆုံးသင်တန်းတစ်ခု ဖြစ်ပါသည်။

EnglishClass101

ပြည့်စုံသောအင်္ဂလိပ်စာလေ့လာမှု အတွေ့အကြုံအတွက် EnglishClass101 သည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။  အကယ်၍ သင်ဟာ အင်္ဂလိပ်စာကို ယခုမှ စတင်လေ့လာသူတစ်ဦးလား သို့မဟုတ် အင်္ဂလိပ်ဘာသာစကား သင်ယူမှုနှင့်ပတ်သက်ပြီး အတွေ့အကြုံ အနည်းရှိပြီးသားသူ တစ်ဦးလား။ ထိုသို့ဆိုပါက EnglishClass101 တွင် သင်ကြားမှု အဆင့်များ အားလုံးအတွက် သင်ခန်းစာများ များစွာရှိပြီး အရေအတွက်အားဖြင့် သင်ခန်းစာပေါင်း 1600 ကျော်နှင့် အထက်တွင် ရှိနေပါသည်။ 

သင်ခန်းစာ တစ်ခုစီတိုင်းတွင် ဗဟုသုတပြည့်စုံသောချဉ်းကပ်နည်းများကို  ပြုလုပ်နိုင်မည့် ဗွီဒီယိုနှင့်အသံဖိုင်များကို တင်ဆက်ထားပြီး အဆုံးတွင်လည်း မှတ်စုများဖြင့်လည်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားပါသည်။ 

အရွယ်ရောက်သူများကို အထူးအားဖြင့် ရည်ရွယ်ထားသော သင်ကြားနည်းများ ဖြစ်သောကြောင့် သင်ကြားပြသပေးသူများမှာ အထက်စီးဆန်ခြင်းများ မရှိဘဲ စိတ်အားထက်သန်မှုများဖြင့်သာ သင်ကြားပေးလျက်ရှိပါသည်။ 

ထို့အပြင် သင်ခန်းစာများ လေ့ကျင့်နိုင်ရန် နှင့် အခြား သင်တန်းသားများ နှင့် အတူတကွ ဆွေးနွေး နိုင်သည့် ဖိုရမ်များလည်းပါရှိပါသေးသည်။

သင်ခန်းစာများနှင့် အရင်းအမြစ်များ  အများစုမှာ အခမဲ့ဖြစ်သော်လည်း အချို့သော သင်ခန်းစာများနှင့် လုပ်ဆောင်ချက်များအတွက်တော့  အသင်းဝင်ကြေး ပေးရန် လိုအပ်ပါလိမ့်မည်။ 

အသင်းဝင်ကြေးပေးဆောင်ရာတွင် ‌ရ္ဂေးချယ်စရာ သုံးနည်းရှိပါသည်။ တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ် နှင့်  နှစ်နှစ် ဟူ၍ရှိရာ ဝင်ရောက်ကြည့်ရှုသည့် အကြိမ်အရေအတွက်ပေါ် မူတည်၍  Basic ကို‌ရွေးချယ်သူများမှာ (ဒေါ်လာ ၈ မှ ၉၆ ကျပ် - မြန်မာငွေ အားဖြင့် ၁၀၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်) ဝန်းကျင်ခန့်၊   Premium ကို ရ္ဂေးချယ်သူများမှာ (ဒေါ်လာ ၂၅ မှ ၂၄၀ကျပ် - မြန်မာငွေ အားဖြင့် ၃၀၀၀၀ ကျပ် မှ ၃၀၀၀၀၀ ကျပ်) ဝန်းကျင်ခန့်၊ 
Premium+ ကိုရွေးချယ်သူများမှာ (ဒေါ်လာ ၄၇ မှ ၅၄၉ ကျပ် - မြန်မာငွေ အားဖြင့် ၇၀၀၀၀ ကျပ် မှ ၇၀၀၀၀၀ ကျပ်) ဝန်းကျင်ခန့်  ဖြင့် မိမိနှင့် အသင့်လျော်ဆုံးကို ‌ရွေးချယ်နိုင်ပါသည်။ 

ငွေသွင်းပြီးနောက်တွင် အသေးစိတ်စီစဥ်ထားသည့် ဖလက်ရှ်ကတ်များ (ကတ်ပြားတစ်ဖက်တွင် ရုပ်ပုံပါရှိပြီး ကျန်တစ်ဖက်တွင်၎င်းပုံနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်) နှင့် ဉာဏ်စမ်း ပဟေဠိများ ပါဝင်သည့် အပြင် မိမိ အသံထွက်ကို အသံသွင်းနိုင်ပြီး အခြားအင်္ဂလိပ်စာကို မိခင်ဘာသာကဲ့သို့ ပြောကြားသူများနှင့်လည်း နှိုင်းယှဥ်ကာ တိုးတက်မှုများကို ဆန်းစစ်နိုင်ပါသည်။ 

အဆိုပါ Site သည် ဆိုရှယ်မီဒီယာတွင် ကောင်းမွန်ခိုင်မာသည့် အမှတ်တံဆိပ် တစ်ခုအဖြစ် တည်ရှိနေပါသည်။ ဥပမာအားဖြင့် ၎င်း၏ Instagram တွင် ကောင်းမွန်စွာစီစဥ်ထားသည့် သင်ခန်းစာများနှင့် ရှိနေသည့်အတွက် ရွေးချယ်ရခက်နေသည့်တိုင် သင့်အနေဖြင့် သတင်းအချက်အလက်များစွာ ရရှိနိုင်မည် ဖြစ်ပါသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

USA Learns

Sacramento ကောင်တီပညာရေးရုံးမှ တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ အမေရိကန်ပညာရေးဌာနနှင့်ကယ်လီဖိုးနီးယားပညာရေးဌာနတို့မှရန်ပုံငွေထောက်ပံ့ပေးထားသော USA Learns သည်အင်္ဂလိပ်စာသင်ယူသူများအတွက်အကောင်းဆုံးဘတ်ဂျက်ရွေးချယ်မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လုံးဝအခမဲ့ ဖြစ်သောကြောင့် ဖြစ်သည်။ 

ယခုသင်တန်းတွင် ဘာသာစကား သင်ကြားရာတွင် အခြေခံကျသည့် သဒ္ဒါ၊ စာလုံးပေါင်း၊ အသံထွက် နှင့် ဝေါဟာရများ အားလုံးကို သင်ယူနိုင်ပြီး ထောင်ပေါင်းများစွာသော ဘာသာစကားများအတွက် သင်ကြားရေးလှုပ်ရှားမှုများကို လေ့လာနိုင်ပါသည်။ 

အဆိုပါသင်တန်း၏ သင်ကြားမှုပုံစံမှာ သေချာပေါက် စတိုင်ကျသောချဥ်းကပ်မှုများမပါရှိသော်လည်း အပိုဆောင်ရွက်စရာများ မပါရှိဘဲ ထိရောက်သော သင်ကြားသင်ယူမှုများအတွက် အကောင်းဆုံးစံပြ တစ်ခု ဖြစ်ပါသည်။ 

USA Learnsဖြင့် သင်ကြားရခြင်း၏ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုမှာ အစိုးရမှ အရင်းအမြစ်များပင် ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံသားကိုယ်စားလှယ်လောင်းများလျှောက်ထားခြင်းကို လမ်းညွှန်နိုင်သည့် အရင်းအမြစ် တစ်ခု ဖြစ်သည့် လုပ်ငန်းစဥ်များမှ တစ်ဆင့်လေ့လာနိုင်သည့် အခန်းလေးခန်းပါသည့် သင်ခန်းစာများ ပါဝင်နေခြင်း ဖြစ်ပါသည်။ 

သို့သော် အဆိုပါ အင်္ဂလိပ်စာဘာသာစကားသင်ခန်းစာများသည် အမေရိကန်နိုင်ငံသားလျှောက်ထားသူများကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ အင်္ဂလိပ်စာဘာသာစကားကို သင်ယူလိုသူ မည်သူကိုမဆို ရည်ရွယ်ထားပါသည်။ 

အဓိကသင်ရိုးညွှန်းတမ်းတွင်ကျောင်းသားများအား အင်္ဂလိပ်စာ ဖတ်နိုင်ရန်၊ စာရေးနိုင်ရန်၊ နားထောင်နိုင်ရန် နှင့် ပြောဆိုနိုင်ရန် အတွက် သင်ကြားနည်းများကို ဘက်စုံနည်းများဖြင့် သင်ကြားပို့ချပေးထားပါသည်။ ဗီဒီယိုများမှာ အနည်းငယ် ခေတ်နောက်ကျနေပြီး ယခုခေတ်စံနှုန်းများနှင့် ယှဥ်လျှင် တန်ဖိုးမရှိသကဲ့သို့ ဖြစ်နေသော်လည်း တင်ဆက်မှု အခြေခံသဘောတရားများမှာ  အဓိပ္ပာယ်ပြည့်စုံပါသည်။ ၎င်းသင်ခန်းစာများသည် သင့်အား စာသင် ခန်းထဲတွင် စာသင်နေသကဲ့သို့ ခံစားစေရပြီး ကျွမ်းကျင်သော ဆရာများမှ ပို့ချပေးသော လေ့လာရန် လွယ်ကူသော သင်ခန်းစာများဖြစ်ပေသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

BBC 6 Minute English

လူသိများထင်ရှားသော ဗြိတိန်အသံလွှင့်အစီအစဥ်ဖြစ်သည့် BBC မှ စီစဥ်တင်ဆက်သည့် ဒီသင်တန်းမှာ လက်ရှိတွင် အမှတ်တကယ်ဖြစ်ပွားနေသော အကြောင်းအရာများကို ရိုက်ကူးတင်ဆက်သည့် အကြောင်းအရာများ ပါဝင်လျက်ရှိသည်။ အဆိုပါ သင်ခန်းစာများသည် အခမဲ့ ဖြစ်ပြီး အပိုင်းတစ်ပိုင်းသည် ခြောက်မိနစ်သာ ကြာမြင့်ပါသည်။ 

အပတ်တိုင်း သင်ခန်းစာ အသစ်များကို တင်ဆက်ပေးလျက်ရှိပြီး ၂၀၁၃ ခုနှစ်မှစ၍  တင်ဆက်ထားသော သင်ခန်းစာများကို ပြန်လည်ရှာဖွေနိုင်သည့် မော်ကွန်းတိုက်လည်ိး ရှိပါသေးသည်။

၎င်း၏ သင်ကြားမှု ပုံစံမှာ “ဘာသာစကားဆိုင်ရာ သင်ခန်းစာများ” နှင့်လည်း  တူညီမှုမရှိပေ။ သဒ္ဒါနှင့် ဝေါဟာရ များနှင့် သက်ဆိုင်သော အပြန်အလှန်ဆက်သွယ်နိုင်သော သင်ခန်းစာများပါဝင်ပြီး အနီးစပ်ဆုံးပြောရလျှင် အဆိုပါ သင်ခန်းစာများသည် အပတ်စဥ် မတူညီသော အကြောင်းအရာများကို ပြောကြားလေ့ရှိသည့် ‌ရေဒီယို အစီအစဥ်ကဲ့သို့ပင် ဖြစ်ပါသည်။ 

ခြောက်မိနစ်ကြာဟောပြောချက်ပုံစံသည်အင်္ဂလိပ်စာသင်ယူသူများအားကွဲပြားခြားနားသောအသံထွက်များနှင့်အကျွမ်းတဝင်ရှိစေရန်အထောက်အကူပြုရုံသာမကပုံမှန်ဘာသာစကားသင်ခန်းစာများမှနေ့စဉ်တစ်ခါတစ်ရံတွင်နားလည်ခြင်းသည်တန်ဖိုးရှိသောကျွမ်းကျင်မှုကိုပေးသည်။

ပရိုဂရမ် တစ်ခုစီတွင် စိတ်ဝင်စားဖွယ်ကောင်းသည့် ခေါင်းစဥ်များဖြစ်သည့် သိပ္ပံ၊ လူသားဆန်ခြင်းအကြောင်းအရာများ၊ ပေါ့ပ်ယဥ်ကျေးမှုများ အပြင် အခြားသောကဏ္ဍများမှ ခေါင်းစဥ်များပါဝင်ပါသည်။ အစီအစဥ် အစတွင်ခေါင်းစဥ်နှင့် သက်ဆိုင်သည့် မေးခွန်းများမေးကာ ထိုမေးခွန်းများကို ဆွေးနွေးပြီး အဆုံးသတ်သည့် ပုံစံဖြစ်ပေသည်။ 

အရေးကြီးသောဝေါဟာရများကိုမီးမောင်းထိုးပြထားခြင်းသည် နေ့စဉ်စကားလက်ဆုံပြောဆိုမှုတွင် အလွန်အသုံးဝင်သည့် အဓိက အချက်ဖြစ်ပါသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

BubbleBee TV

အကယ်၍ သင့်အတွက်က အဆုံးထိပြီးအောင် မဖတ်မည့်စာအရှည်ကြီးများနှင့်  ဖလက်ရှ်ကတ်ပြားများက အလုပ်မဖြစ်ဘူးဆိုလျှင် စတိုင်လ်ကျပြီး ကြည့်ချင်စဖွယ်ဖြစ် အစီအစဥ်များ ပါဝင်သည့် BubbleBee TV က အကောင်းဆုံးရွေးချယ်မှု တစ်ခု ဖြစ်မှာပါ။ 

BubbleBee TVတွင် သူများနှင့် မတူသည့်ကွဲပြားသော အစိတ်အပိုင်းများစွားပါဝင်သော်လည်း ၎င်းတို့အားလုံးသည် အရောင်အသွေးစုံလင်ကာ စနစ်တကျ စီစဥ်တင်ဆက်ထားပြီး အမြင်အာရုံကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဆွဲဆောင်ထားသည်။ 

ဗီဒီယို စီးရီးများအပြင် BubbleBee TVတွင် လစဥ် အခမဲ့ပရင့်ထုတ်နိုင်သည့် စာစောင်များလည်းပါရှိပြီး ထိုစာစောင်များသည် ကျောင်းသားများ နေ့စဥ် အင်္ဂလိပ်စာများလေ့လာရန်အတွက် အလွန်အထောက်အကူ ဖြစ်‌‌စေပါသည်။ 

သတ်မှတ်ထားသည့်အကြောင်းအရာများကို ကြိုတင်ရိုက်ကူးထားသည့် သင်ခန်းစာများအပြင် သင်တန်းသားများစိတ်ကြိုက် ပြင်ဆင်နိုင်သည့် သင်ခန်းစာများနှင့် စကားပြောခန်း အစီအစဥ်များကိုလည်း ‌ရွေးချယ်နိုင်ပါသေးသည်။  ကျောင်းသားများအတွက် ပိုပြီး သီးသန့်ဖြစ်စေပြီး ပိုမိုကောင်းမွန်သည့် ရုပ်သံဆိုင်ရာ အတွေ့အကြုံများကို ရစေပါသည်။ 

BubbleBee TV တွင်ပါဝင်သည့် သင်ခန်းစာအများစုမှာ မတူညီသောခေါင်းစဥ်အောက်တွင် ရှိနေသော ကြိယာ ပုံစံများနှင့် ကြိယာ တည်ဆောက်ပုံများအတွက် အထူးရည်ရွယ်ထားပြီး အလုပ်အင်တာဗျူးအတွက် အင်္ဂလိပ်စာ၊ ဖုန်းခေါ်ဆိုမှုများအတွက် အင်္ဂလိပ်စာ အစရှိသော အင်္ဂလိပ်စာဘာသာစကား  သင်ကြားခြင်းများအတွက် အထူးသင့်လျော်ပါသည်။

၎င်းတို့တွင် အသံနှင့်ရုပ်ပိုင်းဆိုင်ရာ ရောနှောသင်ကြားမှုများ ပါဝင်သည့်အပြင် လေ့ကျင့်ခန်းစာအုပ်များ၊ လေ့ကျင့်ခန်း စာရွက်များအပြင် စိတ်ဝင်စားဖွယ် ဗီဒီယို သင်ခန်းစာများပါဝင်ပါသည်။

BubbleBee TVတွင်ရှိသည့်သင်ခန်းစာ အများစုမှာ အခမဲ့ ဖြစ်သော်လည်း အချို့ အတန်းများဖြစ်သည့် သီးသန့်အင်္ဂလိပ်စာ သင်ခန်းစာများ နှင့် အင်္ဂလိပ်စကားပြောကဖေးများအတွက်မူ လိုအပ်သည့် အီးမေးလ်လိပ်စာ နှင့် ကုန်ကျငွေ အသေးစိတ်ကို တောင်းခံမည် ဖြစ်ပါသည်။ 

အလုပ်အင်တာဗျူးများအတွက် ကျွမ်းကျင်အဆင့် အင်္ဂလိပ်စကားပြော သင်တန်းများကိုမူ အမေရိကန်‌ဒေါ်လာ ၁၂ ကျပ်( မြန်မာငွေ - ၁၅၀၀၀ ခန့်) ပေးဆောင်ပြီး Udemy  မှတစ်ဆင့် သင်နိုင်ပါသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

Duolingo

မြန်မြန်ဆန်ဆန်နှင့် အဆင်ပြေတဲ့ဘာသာစကားသင်ယူမှုနဲ့ပတ်သက်လာရင် Duolingo ကို မည်မျှယှဥ်နိင်မည် မဟုတ်ပေ။ 

၎င်းတွင် ဘာသာစကားမျိုးစုံကို အခမဲ့ သင်ယူနိုင်ပြီး  အင်္ဂလိပ် အသံထွက်များအပြင် အမျိုးမျိုးသောဘာသာစကားများ၏ အသံထွက်ကိုပါထည့်သွင်းထားပါသည်။ သူ၏ အထင်ကရအချက် ဖြစ်သည့် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သည့် သင်ခန်းစာများပါဝင်ပါသည်။ 

သင်ခန်းစာတစ်ခုစီတွင်သေးငယ်သောလေ့ကျင့်ခန်းများဖြင့်ပြုလုပ်ထားသောသင်ခန်းစာများကိုပိုမိုကျယ်ပြန့်သောအမျိုးအစားများအဖြစ် ခွဲခြားထားသည်။

သင်ခန်းစာတစ်ခုစီတွင် အမျိုးမျိုးသော အကြောင်းအရာများပါဝင်ပြီး တစ်ဆင့်ပြီး တစ်ဆင့်စိန်ခေါ်မှုများပါဝင်ကာ ၎င်းတို့သည် ပျော်ရွှင်ဖွယ်ကောင်းပြီး ဂိမ်းကစား သကဲ့သို့  အသွင်ရှိသောကြောင့် စိတ်အား ထက်သန်မှုကို ဖြစ်စေပါသည်။ 

Duolingo ၏ အဓိက အကောင်းဆုံးအချက်မှာ လက်ရှိတွင် သင်ကြားနေသည့်ကျောင်းသားများအတွက် ဖြစ်သည်။ အထူးသဖြင့် ဘာသာစကား အသစ်တစ်ခုသင်ယူရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရလေ့ရှိပါသည်။ 

သို့သော် Duolingo တွင် သင်ခန်းစာတစ်ခုလုံးကို တစ်ထိုင်တည်း သင်ယူနိုင်ပြီး အာရုံစူးစိုက်မှုများ အတွက် ငါးမိနစ်ခန့်နားနိုင်သည့် ‌ရွေးချယ်မှုများကို ပြုလုပ်နိုင်ပေသည်။ 

Desktop နှင့် Mobile apps ဆိုပြီး နှစ်မျိုးရှိပြီး အသံ နှင့် စကားပြောခန်းများကို အဖွင့်အပတ်လုပ်နိုင်သည့် အချက်များကိုလည်း ပြုလုပ်နိုင်ပါသည်။ 

ဒါကြောင့် သင်ဟာ အများပြည်သူနေရာတွင်ရောက်နေသော်လည်း  သင့်အနေနှင့် သင်ယူမှု ပြုလုပ်နိုင်ပါသေးသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

Let’s Talk 

May be an image of text that says 'lets talk'

တိုတောင်းသောအင်္ဂလိပ်စာသင်ခန်းစာကိုရှာဖွေနေပါသလား။ 
ဒီအခမဲ့ယူကျုအခြေပြုပလက်ဖောင်းဟာသန်းပေါင်းများစွာသောသုံးစွဲသူများအတွက်ရိုးရိုးလေးနဲ့ပျော်စရာဗီဒီယိုသင်ခန်းစာများဖြင့် ကြိုဆိုလျက်ရှိပါသည်။

၎င်းတို့တွင် အခြေခံသဘောတရားများပါဝင်သည့် ခေါင်းစဥ်များကို အသုံးပြုထားသော်လည်းချန်နယ်၏ အဓိကရည်ရ္ယယ်ချက်မှာ အင်္ဂလိပ်စာ ဘာသာစကားစတင်ပြောကြားနေသူများအတွက် ပိုမိုကျယ်ပြန့်သော ဝေါဟာရ၊ သဒ္ဒါ ဖွဲ့စည်းပုံနှင့် အသံထွက်များကို ကောင်မွန်စွာ အသုံး ချနိုင်ရန်ဖြစ်ပါသည်။ 

ဗီဒီယိုအများစုသည် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ကြာပြီးတစ်ချိန်တည်းတွင် အကြောင်းအရာတစ်ခုကိုကောင်းစွာလေ့လာနိုင်မည် ဖြစ်ပါသည်။ 

အခြေခံများနှင့် နက်ရှိုင်းသောသဒ္ဒါသင်ခန်းစာများအပြင် ဘန်းစကားများ၊ စကားပြောဆိုသောဝေါဟာရများနှင့်အလားတူ ကြိယာများရောနှောခြင်းကို ရှောင်ရှားခြင်းစသည့် နေ့စဉ်ခေါင်းစဉ်များအပေါ်အာရုံစူးစိုက်သောဗွီဒီယိုများလည်း ရှိသည်။

Let’s Talk သည် သူ၏ ခေါင်းစဥ်ကဲ့သို့ပင် သင်ခန်းစာများအားလုံးသည် အင်္ဂလိပ်စာဘာသာစကားကို မိခင်ဘာသာကဲ့သို့ မပြောနိုင်သည့် သူများအတွက် အသံထွက်မှန်မှန်ဖြင့် သဘာဝကျကျ ပြောဆိုနိင်အောင် လမ်းပြထားပါသည်။ 

Let’s Talk တွင် အလွတ်သဘော သင်ခန်းစာများပါဝင်သည့်အပြင် အပြည်ပြည်ဆိုင်ရာအင်္ဂလိပ်စာစွမ်းရည် စစ်ဆေး သည့် စာမေးပွဲ (IELTS) ကို ပြင်ဆင်နေသည့်ကျောင်းသားများအတွက် အထောက်အကူ ဖြစ်စေမည့် သင်ခန်းစာများပါဝင်ပါသည်။

သင့်တွင် အချိန်အနည်းငယ်သာရတယ်ဆိုပါက ယခု ချန်နယ်သည်  ကောင်းမွန်သည့် အရည်အသွေးများ ပါဝင်နေသည့် ဗီဒီယိုသင်ခန်းစာများ ဖြင့် သင့်အား စောင့်ကြိုလျက်ရှိပါသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

Academic English on OpenLearning

သင့် အနေဖြင့် အခြေခံ အဆင့်ကို တတ်ကျွမ်းခဲ့ပြီး ပိုမိုရှုပ်ထွေးသည့် နောက်တစ်ဆင့် တက်လိုပါက Academic English on OpenLearning တွင် ရှိသော သင်ခန်းစာများက သင့်အား အကောင်းဆုံး အထောက်အကူ ဖြစ်စေပါမည်။ 

သို့သော် ၎င်းတို့တွင်ရှိသည့် သင်ခန်းစာများနှင့် ကျွမ်းကျင်မှုများသည် တက္ကသိုလ်၊ကောလိပ်များနှင့် မသက်ဆိုင်သည့်  အဆင့်မြင့် အင်္ဂလိပ်စာ သင်ယူသူများအတွက် ပို၍ သင့်လျော်ပါသည်။

ဤအခမဲ့အတန်းသည် သဒ္ဒါနှင့်ဝေါဟာရများကို နားလည်သဘောပေါက်စေပြီးဖွဲ့စည်းပုံ၊ စည်းလုံးသောအငြင်းပွားမှုများနှင့်စာစီစာကုံးများ၊ ဆွေးနွေးခြင်းနှင့်အလားတူ အကြောင်းအရာများအကြောင်းကို ပိုမိုလေ့လာလိုသောအဆင့်မြင့်ဟောပြောသူများအတွက်ဖြစ်သည်။ 
OpenLearning ပညာရေးဆိုင်ရာအင်္ဂလိပ်စာသင်တန်းတွင် အရေးအသားဗဟိုပြုသည့်အပြင်ဟောပြောခြင်း (ဆွေးနွေးမှုနှင့်တင်ဆက်ခြင်းများအတွက်) နှင့်နားထောင်ခြင်းစွမ်းရည်များသည်အဓိကအယူအဆများကိုရှာဖွေခြင်းနှင့်အသေးစိတ်အချက်အလက်များနှင့်အသေးစိတ်အချက်အလက်များကိုမှတ်မိခြင်းစသည်တို့ပါ၀င်သည်။

Academic English on OpenLearning သည် ကြီးမားသော သင်တန်းတစ်ခုဖြစ်ပြီး ၎င်းတွင် ကျောင်းသားများအချင်းချင်း လေ့ကျင့်နိုင်ရန် အတွက် သင်ကြားမှုများ၊ ဗီဒီယိုများ နှင့် ဉာဏ်စမ်းပဟေဠိများ ပါဝင်ပါသည်။ 

ပိုမိုနက်ရှိုင်းရှုပ်ထွေးသောဆွေးနွေးမှုများပြုလုပ်ရန်နှင့် တရားဝင်နှင့် အလွတ်သဘောစကားအသုံးအနှုန်းများကိုနားလည်နိုင်ရန် ရှာဖွေနေကြသောကျောင်းသားများအတွက် အဆင့်မြင့်အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကို ကျွမ်းကျင်ရန်အတွက် အကောင်းဆုံးသောချဉ်းကပ်နည်း တစ်ခု ဖြစ်ပါသည်။ 

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

Upper-Intermediate English at Universitat Politècnica de Valencia

ပညာရေး ပလက်ဖောင်း တစ်ခုဖြစ်သည့် EdX မှ တဆင့် the Universitat Politècnica de Valencia သည် အဆင့်မြင့်အင်္ဂလိပ်စာအရည်အချင်းများအတွက် ပရော်ဖက်ရှင်ကျသော သင်တန်းဆင်းလက်မှတ်များကို ပေးပါသည်။ 

အစီအစဥ်တွင် အကြမ်းအားဖြင့် ဒေါ်လာ ၁၈၀ကျပ် (မြန်မာငွေ - နှစ်သိန်းခွဲ) ဝန်းကျင်ခန့်ရှိသည့် ပတ်ကေ့တစ်ခုတွင် အဓိကအကြောင်းအရာ လေးခုကို အထူးပြုသင်ကြားပေးမည် ဖြစ်ပါသည်။ ၎င်းအကြောင်းအရာများမှာ စီးပွားရေး၊  ခေတ်သစ်လူနေမှုဘဝ ပုံစံ၊ ကမ္ဘာလုံးဆိုင်ရာ အသုံးအနှုန်းများ နှင့် နည်းပညာ အကြောင်းအရာများဖြစ်ပါသည်။ 

စာသင်ခန်းတစ်ခုစီသည် လေးပတ်အတွင်း တစ်ပတ်လျှင် သုံးနာရီမှငါးနာရီခန့်ကြာမြင့်ရပြီး ခေါင်းစဉ်လေးခု၏ဝေါဟာရ၊ စကားပြောဆိုမှုနှင့်အရေးအသားစွမ်းရည်ကိုအဓိကထားရေးသားထားသည်။ ၎င်းသည်လက်တွေ့ကျသော ပြောဆိုမှုများအတွက် အသုံးဝင်သောအယူအဆများနှင့်ဝေါဟာရများကိုသင်ကြားရန် ရည်ရွယ်သည့်ပိုမိုလက်တွေ့ကျသောအတန်းများဖြစ်သည်။

ပိုမိုအခြေခံကျသော အင်္ဂလိပ်ဘာသာစကားသင်တန်းများသည် ရိုးရှင်းသောဝေါဟာရနှင့်သဒ္ဒါသဘောတရားများကိုအာရုံစိုက်နိုင်သော်လည်း၊ ဤအသိအမှတ်ပြုချက်သည်ပရော်ဖက်ရှင်နယ်နှင့် နေ့စဉ်အခြေအနေများအတွက် လိုအပ်သောဝေါဟာရအမျိုးအစားကိုအထူးရည်ရွယ်သည်။ ဝါကျများကိုသစ်သီးဝလံများနှင့်အဆုံးမဲ့ကြိယာများနှင့်အတူထပ်ခါတလဲလဲလုပ်မည့်အစားလက်တွေ့ကျသောအသုံးချခြင်းများ - အားကစားနှင့်ရုပ်ရှင်အကြောင်းပေါ့ပေါ့ပါးပါးစကားပြောဆိုခြင်း၊ ဘုံတွေ့ဆုံမေးမြန်းခြင်းမေးခွန်းများကိုဖြေဆိုခြင်း၊ စာရေးခြင်းစသည်ဖြင့်အဓိက သင်ကြားပေးထားသည်။

၎င်းတို့သည်အဆင့်မြင့်သင်ယူသူများအတွက်အလယ်အလတ်ကျွမ်းကျင်မှုများရှာဖွေရန်မျှော်လင့်ထားသည့်အတွက်  ဤသေးငယ်သောအတန်းငယ်များသည် အထွေထွေသင်တန်းများမှကျန်ရှိသောကွက်လပ်အချို့ကိုဖြည့်စွက်နိုင်သည်။

စာရင်းပေးသွင်းလိုပါက >>> Click Here <<< 

အွန်လိုင်းအင်္ဂလိပ်စာအတန်းများတွင် မည်သည့်အရာများသင်ကြားပေးသနည်း။

များသောအားဖြင့် အွန်လိုင်းအင်္ဂလိပ် အတန်းများတွင် အောက်ပါတို့ကို သင်ကြားပေးလေ့ရှိပါသည်။ 

  • Pronunciation- အသံထွက်မှန်ကန်စေရန်။ 
  • The English alphabet - အင်္ဂလိပ်အက္ခရာများ။ 
  • Proper grammar - မှန်ကန်သည့် သဒ္ဒါအကြောင်းအရာများ။ 
  • Reading and writing - စာဖတ်ခြင်း နှင့် စာရေးသားခြင်း ဆိုင်ရာ သင်ခန်းစာများ ။ 
  • Sentence structure - ဝါကျဖွဲ့စည်းတည်ဆောက်ပုံများ။

အွန်လိုင်းအင်္ဂလိပ်စာအတန်းများတက်ခြင်းဖြင့် မည်သူတွေက အကျိုးကျေးဇူးရမည်နည်း။ 

ယေဘုယျအားဖြင့် အင်္ဂလိပ်ကို ကမ္ဘာလုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ထားသည်။ သင်၏အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကိုမိခင်ဘာသာစကားအဖြစ်ပြောဆိုနိုင်သကဲ့သို့သင်စတင်လေ့လာသူတစ်ယောက်အနေဖြင့်ဘာသာစကားကိုအစမှပြန်လေ့လာနိုင်သည်။ အွန်လိုင်းအင်္ဂလိပ်စာသင်ခန်းစာသည်သင်၏ဆက်သွယ်ရေးစွမ်းရည်ကိုတိုးတက်အောင်ကူညီနိုင်သည်။ အင်္ဂလိပ်စကားပြောမိတ်ဆွေများ၊ ကျောင်းသားများ၊ မိသားစု ၀င်များသို့မဟုတ်စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကိုပိုမိုနားလည်စေရန်လည်း၎င်းကကူညီသည်။

အွန်လိုင်းအင်္ဂလိပ်စာအတန်းများသည် မည်မျှ ကုန်ကျနိုင်ပါသနည်း။

အင်္ဂလိပ်စာသင်ခန်းစာများ၏ကြာချိန်၊ သင်ခန်းစာအမျိုးအစားများ၊ သင်ရိုးညွှန်းတမ်း၊ အမြန်နှုန်းနှင့်စျေးနှုန်းများအရကွဲပြားမှုများရှိပါသည်။ သင်၏စမတ်ဖုန်းမှလေ့ကျင့်ရန်အတွက်အွန်လိုင်းအတန်းများနှင့်အက်ပ်များအပါအဝင်အခမဲ့အတန်းများကို ရှာနိုင်ပါသည်။ သို့သော်သင့်အနေဖြင့် ပိုမိုနက်ရှိုင်းသောအတန်းတစ်ခုကိုလိုချင်ပါကဒေါ်လာ ၂၅ မှ ၅၅၀ (မြန်မာငွေ သုံးသောင်း မှ ခုနှစ်သိန်း ဝန်းကျင်)  အတွင်းရှိပြီး မည်သည့်နေရာတွင်မဆိုငွေပေးချေနိုင်ရန် ပြင်ဆင်ထားဖို့လိုပေသည်။ 

အကောင်းဆုံး အွန်လိုင်းအင်္ဂလိပ်စာသင်တန်းများကို မည်သည့်နည်းဖြင့် ရွေးချယ်ကြမည်နည်း။ 

ရရှိနိုင်တဲ့အွန်လိုင်းအင်္ဂလိပ်စာသင်တန်းတွေအများကြီးရှိပါတယ်။ သို့သော် အကောင်းဆုံး အွန်လိုင်း အင်္ဂလိပ်စာသင်တန်း ရှစ်ခုကို မရွေးချယ်မီ သင်တန်းပေါင်း 20 ကျော်သုတေသနပြုုထားပြီး သင်ကြားပေးသောသင်ရိုးညွှန်းတမ်း၊ ဝက်ဘ်ဆိုက်၏အင်္ဂါရပ်များ၊ လှုပ်ရှားမှုများနှင့်ကုန်ကျစရိတ်များကို အခြေခံ၍ အကောင်းဆုံးအွန်လိုင်းအင်္ဂလိပ်စာသင်တန်းများကိုရွေးချယ်ထားခြင်းဖြစ်ပါသည်။ ဒါ့အပြင် ပေါ့ပ်ယဉ်ကျေးမှုနဲ့အလုပ်အင်တာဗျူးတွေစတဲ့သင်ခန်းစာတွေ၊ ပုံစံတွေနဲ့ခေါင်းစဉ်တွေကိုလည်း ထည့်သွင်းစဥ်းစားခဲ့ပါသည်။ 

Ref; the balance careers 
By Myanmar Education Guide (EDGE) 

Latest Post Read 2306 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176