အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးက မူလတန်းမှ အထက်တန်းအဆင့် အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသည်။
ကျောင်းအပ်နှံရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံး၀ ကောက်ခံသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်း မပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့အပြင် အခမဲ့ ထောက်ပံ့မှုများအနေဖြင့် အတန်းလိုက် လိုအပ်သည့် ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံတို့ကိုပါ ရရှိမည်ဖြစ်သည်။ မိဘများအနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်သည်။
အဆင်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများကို မေလ (၂၂) ရက်နေ့မှ စ၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျောင်းအပ်နှံနိုင်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများနှင့်အတူ ဇွန်လ (၂) ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။