Sales Hotline : 09448001653       Download App



အခြေခံပညာ‌ကျောင်း အရည်အသွေး အာမခံမူ စံသတ်မှတ်ချက် အညွှန်းဘောင် အား မိတ်ဆက်ပေးခြင်း

အခြေခံပညာ‌ကျောင်း အရည်အသွေး အာမခံမူ စံသတ်မှတ်ချက် အညွှန်းဘောင် (BE- SQASF)  အား မိတ်ဆက်ပေးခြင်း အခမ်းအနားကို ယနေ့ ၁၅.၁၀.၂၀၂၀ တွင် အွန်လိုင်း အခမ်းအနား ဖြင့် ပြုလုပ်ခဲ့ပါသည်။

အစီအစဉ်အရ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပါသည်။ အဖွင့်မှာစကားတွင် မူလတန်းပညာရေး သည် အရေးကြီးကြောင်း၊ တစ်သက်တာ သင်ယူနိုင်ရန်အတွက် အခြေခံပညာကျောင်း အရည်အသွေးအာမခံမူရှိရန် လိုအပ်ကြောင်း၊ ထိုသို့ လိုအပ်ခြင်းတွေ ပြည့်စုံနိုင်ရန် အားလုံး ပါဝင်ပူးပေါင်း‌ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ဩစတေးလျ အစိုးရကိုယ်စား ဩစတေးလျသံအမတ်ကြီး Andrea Faulkner မှ သူမအနေဖြင့် ယခုအခမ်းအနားကို တက်ရောက်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်းကို အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ အခြေခံပညာ‌ကျောင်း အရည်အသွေး အာမခံမူ စံသတ်မှတ်ချက် အညွှန်းဘောင် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး BE- SQASF  အထိမ်းအမှတ် ဆောင်းပါး၊ ဖြစ်ရပ်မှန် ဝတ္ထုတို၊ ကဗျာနှင့် ကာတွန်း ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမကြီး အယောက် ၈၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ပါသည်။

ဆုရရှိသူများမှာ -

 

 

ဆောင်းပါးပြိုင်ပွဲတွင် 

ပထမဆု - “SQASF လှေကားနှင့် တက်ကြစို့” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ခဲမဖြူ၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ် မှ အလယ်တန်းပြ ဆရာမ ဒေါ်ဧပရယ်စု။

ဒုတိယဆု - “တွဲလက်တူညီ ကြိုးစားမည်” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းကျောင်း၊ ပန်းတင်၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ မူလတန်းကျောင်းအုပ် ဒေါ်မြင့်မာစန်း။

တတိယစု - “ကျောင်းအရည်အသွေး စံချိန်မီဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အခြေခံပညာ အလယ်တန်းကျောင်း၊ သရက်ပင်စျေး၊ မြန်အောင် မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး မှ အလယ်တန်းကျောင်းအုပ် ဒေါ်သက်ဆွေအောင်။ 

ဖြစ်ရပ်မှန် ဝတ္ထုတိုပြိုင်ပွဲတွင်- 

ပထမဆု - “ SQASF ကျေးဇူး ကျောင်းမှာထူး” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းကျောင်း၊ ဒေါက်လောက်၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မှ မူလတန်းကျောင်းအုပ် ဒေါ်စုစုခိုင်။ 

ဒုတိယဆု -  “မှတ်ကျောက်ထက်က ရတနာ” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းကျောင်း၊ ဆည်ကြီး၊ ‌ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ မူလတန်းကျောင်းအုပ် ဦးဇော်ရဲနိုင်။

တတိယဆု - “နတ်ဆေး” ခေါင်းစဉ်ဖြင့် အမှတ် (၂)  အခြေခံပညာမူလတန်းကျောင်း၊ နောင်ဟီး၊ ဝိုင်းမော်မြို့နယ်, ကချင်ပြည်နယ် မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးမင်းသူ။

ကဗျာပြိုင်ပွဲတွင် -

ပထမဆု - “SQASF  စီစဉ်...‌ရှေ့သို့နှင်စို့” ခေါင်းစဉ်ဖြင့် အခြေခံမူလတန်းလွန်ကျောင်း၊ ရေငံကျေးရွာ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးမောင်သိန်း။

ဒုတိယဆု- “တို့ကျောင်းဂုဏ်ရောင် တိုးမြင့်အောင်ညွှန်းဘောင် (SQASF) တို့လုပ်ဆောင်” ခေါင်းစဉ်ဖြင့်  အခြေခံမူလတန်းလွန်ကျောင်း၊ ရေငံကျေးရွာ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးဌေးအောင်။

တတိယဆု - “ ကျောင်းအရည်အသွေး ဖွံ့ဖြိုးဖို့ အားလုံး ပူးပေါင်း ပါဝင်စို့” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းကျောင်း၊ နန်းဆံလစ်၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ် မှ တိုင်းရင်းသားဘာသာပြ ဒေါ်နန်းနံမန့်ခလိန်း ။

ကာတွန်းပြိုင်ပွဲတွင် - 

ပထမဆု - “မြိုင်ရာဇာတွတ်ပီ နှင့် ကြုံတိုင်းရွာ ပညာရေး” ခေါင်းစဉ်ဖြင့် အခြေခံမူလတန်းကျောင်း၊ နွယ်ငြိမ်း၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးမြင့်နိုင်ဦး။

ဒုတိယဆု - “BE- SQASF” ခေါင်းစဉ်ဖြင့် အခြေခံမူလတန်းကျောင်း၊ ကျီးပြ၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးဝင်းမြင့်သိန်း။

တတိယဆု - “BE- SQASF”  ခေါင်းစဉ်ဖြင့် အမှတ် (၄) အခြေခံမူလတန်းကျောင်း၊ ပမ္မတီး၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ် မှ အခြေခံပညာမူလတန်းကျောင်းအုပ် ဒေါခင်လတ်မြင့်။ 

တို့မှ အသီးအသီးဆုရရှိခဲ့ပါသည်။ 

ထို့နောက် အခြေခံပညာ‌ကျောင်း အရည်အသွေး အာမခံမူ စံသတ်မှတ်ချက် အညွှန်းဘောင်အကြောင်းကို လုပ်ငန်းအဖွဲ့ဝင် ဒေါ်ခင်မူဇော်အောင် လက်ထောက်ညွှန်ကြားရေးမှူး ၊ အခြေခံပညာ ဦးစီးဌာနမှ ဆွေးနွေးတင်ပြကာ အခြေခံပညာ‌ကျောင်း အရည်အသွေး အာမခံမူ စံသတ်မှတ်ချက် အညွှန်းဘောင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဗီဒီယို ကို ပြသခြင်း ဖြင့် အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ 

Ministry of Education, Myanmar

Latest Post Read 4860 times