Myanmar Motor Corporation မှ ဖွင့်လှစ်သော MMC Automotive Mechanic Training သင်တန်းအပတ်စဉ် (၆) အတွက် သင်တန်းသားများ စတင် ခေါ်ယူလျက်ရှိပြီး Scholarship လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းအကြောင်း
မော်တော်ကားစက်ပြင်သင်တန်း (Automotive Mechanic Training) အား တစ်နှစ်ကို သုံးကြိမ် ဖွင့်လှစ်ပေးလျက်ရှိသည်။ ယခု ဖွင့်လှစ်သည့် အပတ်စဉ် (၆) ကို မတ်လ (၉) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ သင်တန်းကာလမှာ (၄) လဖြစ်ပြီး သင်တန်းကြေးမှာ မြန်မာငွေ သိန်း (၂၀) ကျပ် ဖြစ်ပါသည်။
ပညာသင်ဆု ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program) ဖြင့် တက်ရောက်သင်ကြားလိုသူများလည်း လျှောက်ထားနိုင်ပြီး အပြည့် (သို့) တစ်ဝက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ဆု ထောက်ပံ့ပေးခြင်း
ပညာသင်ဆု ထောက်ပံ့ပေးခြင်းအစီအစဉ်ဖြင့် တက်ရောက်လိုသူများသည် ဖေဖော်ဝါရီ (၂၈) ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်း လျှောက်ထားနိုင်ပါသည်။
ပညာသင်ဆု လျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးပြီးပါက PTTEP International Limited (ဇောတိကနှင့် ရတနာစီမံကိန်း) မှ သင်တန်းကြေး ထောက်ပံ့ပေးမည်ဖြစ်သည်။
Scholarship လျှောက်ထားသူများသည် -
၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာရေးညီညွတ်သူဖြစ်ရပါမည်။ (ကူးစက်ရောဂါမရှိသူဖြစ်ရပါမည်)
၂။ ပညာအရည်အချင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ (၈) တန်း ပြီးမြောက်အောင်မြင်သူဖြစ်ရပါမည်၊
၃။ အမှန်တကယ် တက်ရောက်လိုစိတ် ရှိပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူများ ဖြစ်ရမည်။
၄။ ငွေကြေး မတတ်နိုင်သူများနှင့် ဂျပန်နိုင်ငံသို့ သွာရောက် အလုပ်လုပ်ကိုင်လိုသူများအား ဦးစားပေး ရွေးချယ်မည်။ (သင်တန်းကာလအတွင်း ဂျပန်စာ N4 အဆင့်ထိပါ ပူးတွဲ သင်ကြားပေးမည်)
Scholarship လျှောက်သူများ လိုက်နာရမည့် စည်းကမ်းချက်များ
လျှောက်ထားရမည့်ပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ လိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
Myanmar Motor Corporation
09 255 583 223, 09 889575 962, 09 889575 963
မြန်မာမော်တော်ကော်ပိုရေးရှင်း (MMC)၊ ချယ်ရီဥယျာဥ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၄/၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။